Kyaikhtiyo in Myanmar - Burma
Shwedagon in Yangon
Shwedagon Red Hall in Yangon ““မေတ္တသုတ်ပရိတ်မြန်မာလို ရွတ်ဖတ်ပူဇော်နည်း” ”














““တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ ဂုဏ်တော်ကွန်ချာ ရွတ်ပွားပုံ”
















““ဗုဒ္ဓပူဇနီယ” “ချန်းချန်း"”

















Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

Buddha FM Websites:

www.buddhafm.tv | www.buddhafm.net | www.buddhafm.info

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

The world two Nobel Icons

Welcome to Buddha FM


ဘုရား ပုံတော်

ကသိုဏ်း(၁၀)ပါး

ကသိုဏ်း(၁၀)ပါး

`ကသိုဏ်း´ဟူသော ဝေါဟာရသည်လည်း ပါဠိသက်ဝေါဟာရဖြစ်၏၊ `ကသိဏ´ဟူသော ပါဠိမှ ဆင်းသက်လာ၏။ `အလုံးစုံ´ဟု အဓိပ္ပာယ်ရှိသည်။ ကသိုဏ်းအာရုံတစ်မျိုးမျိုးကို ရူမှတ်သော ယောဂီပုဂ္ဂိုလ်သည် ကသိုဏ်းအာရုံ တစ်စိတ်တစ်ပိုင်းကိုသာ ရူမှတ်ရသည်မဟုတ်၊ ကသိုဏ်းအာရုံမြင်ကွင်း အလုံးစုံကို ရူမှတ်ရသည်။ ကသိုဏ်းဆယ်ပါးကား အောက်ပါအတိုင်းဖြစ်သည် -
 
၁။ ပထ၀ီ ကသိုဏ်း - တစ်ထွာလက်လေးသစ်ခန့် (သို့မဟုတ်) ကောက်နယ်တလင်းခန့်ရှိ မြေ၀န်းကသိုဏ်း၊

၂။ အာပေါ ကသိုဏ်း = အနည်းဆုံး တစ်ထွာနှင့် လက်လေးသစ်ခန့် မျက်နှာဝကျယ်သော အိုး စသည်၌ ထည့်ထားသည့် ရေကသိုဏ်း၊

၃။ တေဇော ကသိုဏ်း = အနှစ်အသား မာသော ထင်းဖြင့် မီးဖိုထား၍ တစ်ထွာလက်လေးသစ်ခန့် ဖောက်ထားသော ဖျာ သားရေ အ၀က်ပေါက်မှ ရူပွားရသော မီးကသိုဏ်း၊

၎။ ၀ါယော ကသိုဏ်း - လေတဖြတ်ဖြတ် တိုက်ခတ် လူပ်ရှားနေသော ၀ါးပင်ဖျား ကြံပင်ဖျား၊ သစ်ပင်ဖျားတို့ကို ရူပွားရသော လေကသိုဏ်း၊

၅။ နီလ ကသိုဏ်း - ကြာညိုစသော အညိုရောင်ပန်းတို့ကို ခြင်း တောင်း စသည်တို့၌ အပြည့်ထည့်၍ ဖြစ်စေ၊ နံရံ၊ ပျဉ်ချပ်၊ ပိတ် စသည်တို့၌ တစ်ထွာ လက်လေးသစ်ခန့်ရှိ အညိုရောင်ဆေးကွက်ခြယ်၍ ဖြစ်စေ၊ ထိုအားရုံကို ရူပွားရသော အညိုရောင် ကသိုဏ်း၊

၆။ ပီတ ကသိုဏ်း - အ၀ါရောင်ပန်း၊ မွေ့ရာ၊ အခင်း စသည်တို့ကို ခြင်း၊ တောင်း စသည်တို့၌ အပြည့်ထည့်၍ ဖြစ်စေ၊ နံရံ၊ ပျဉ်ချပ်၊ ပိတ် စသည်တို့၌ တစ်ထွာလက်လေးသစ်ခန့်ရှိ အ၀ါရောင် ဆေးကွက်ခြယ်၍ ဖြစ်စေ၊ ထိုအာရုံကို ရူပွားရသော အ၀ါရောင် ကသိုဏ်း၊

၇။ လောဟိတ ကသိုဏ်း - အနီရောင်ပန်း စသည်တို့ကို ခြင်း၊ တောင်း စသည်တို့၌ အပြည့်ထည့်၍ ဖြစ်စေ၊ နံရံ၊ ပျဉ်ချပ်၊ ပိတ် စသည်တို့၌ တစ်ထွာလက်လေးသစ်ခန့်ရှိ အနီရောင် ဆေးကွက်ခြယ်၍ ဖြစ်စေ၊ ထိုအာရုံကို ရူပွားရသော အနီရောင် ကသိုဏ်း၊

၈။ သြဒါတ ကသိုဏ်း - အဖြူရောင်ပန်း စသည်တို့ကို ခြင်း၊ တောင်း စသည်တို့၌ အပြည့်ထည့်၍ ဖြစ်စေ၊ နံရံ၊ ပျဉ်ချပ်၊ ပိတ် စသည်တို့၌ တစ်ထွာလက်လေးသစ်ခန့်ရှိ အဖြူရောင် ဆေးကွက်ခြယ်၍ ဖြစ်စေ၊ ထိုအာရုံကို ရူပွားရသော အဖြူရောင် ကသိုဏ်း၊

၉။ အာလောက ကသိုဏ်း - နံရံပေါက်၊ အမိုးပေါက်၊ သစ်ခက်ကြားတို့မှ ၀င်၍ မြေကြီး နံရံ စသည်တို့၌ ထင်လာသော နေရောင် လရောင် တို့ကိုဖြစ်စေ၊ အိုးတွင်း၌ မီးထွန်း၍ အိုးပေါက်မှထွက်ပြီး နံရံတွင်ထင်သော အလင်းရောင်ကိုဖြစ်စေ၊ ရူပွားရသော အလင်းရောင် ကသိုဏ်း၊

၁၀။ အာကာသ ကသိုဏ်း - တစ်ထွာလက်လေးသစ်ခန့်ရှိ နံရံပေါက်၊ အမိုးပေါက်၊ ပြူတင်းပေါက် စသည်တို့ကိုဖြစ်စေ၊ ဖျာ၊ သင်ဖြူး၊ သားရေ စသည်တို့၏ တစ်ထွာ လက်လေးသစ်ခန့်ရှိ အပေါက်ကိုဖြစ်စေ၊ ရူပွားရသော အာကာသ ကသိုဏ်း - တို့ ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
Today, there have been 30 visitors (40 hits) on this page!
   
 
Welcome This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free