Kyaikhtiyo in Myanmar - Burma
Shwedagon in Yangon
Shwedagon Red Hall in Yangon ““မေတ္တသုတ်ပရိတ်မြန်မာလို ရွတ်ဖတ်ပူဇော်နည်း” ”














““တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ ဂုဏ်တော်ကွန်ချာ ရွတ်ပွားပုံ”
















““ဗုဒ္ဓပူဇနီယ” “ချန်းချန်း"”

















Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

Buddha FM Websites:

www.buddhafm.tv | www.buddhafm.net | www.buddhafm.info

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

The world two Nobel Icons

Welcome to Buddha FM


ဘုရား ပုံတော်

ဂါထာ



The biggest collection of MySpace 2.0 Layouts online
MySpaceLayouts

ဘုရားငါးဆူ အန္တရာယ်ကင်းဂါထာတော်

Posted by admin on July 16, 2010 0 Comment
 

(၁) ဗုဒ္ဓေါစ မင်္ဂလောလောကေ၊
သမ္ဗုဒ္ဓေါစာပိ လောကဂ္ဂေါ၊
ဗုဒ္ဓံ သရဏ မာဂမ္မာ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။     ။

(၂) ဓမ္မောစ မင်္ဂလောလောကေ၊
ဂမ္ဘီရော ဟောတိဒုဒ္ဒသော၊
ဓမ္မံ သရဏ မာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။    ။

(၃) သံဃောစ မင်္ဂလောလောကေ၊
ဒက္ခိဏေယျော သဒါဟောတိ၊
သံဃံ သရဏ မာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။    ။

(အမှာ) ရှေးရှေးသော ကျမ်းဘတ်ပုဂိုလ်ကြီးများ အမြဲဆောင်ရွက်တော်မူကြသော အန္တရာယ်ကင်း ၃ ဂါထာ၊ အရကျက်၍  အိပ်ရာဝင်တိုင်း အမြဲသက်စေ့ရွတ်၍ အိပ်၊ ရောဂါဆိုး၊ အနာဆိုး၊ ကပ်ဥပဒ်မျိုးတို့မှလွတ်ကင်းစေတတ်၏။ နေ့ အဖို့မှာလည်း တစ်ဂါထာလျှင် ပုတီးတစ်ပတ်စီအမြဲဝတ်ထား၍ စိပ်ရာ၏။

အနက်ကား……

(၁) လောကေ၊ လောကသုံးပါး။ ဗုဒ္ဓေါစ၊ မြတ်စွာဘုရားသည်လည်း။မင်္ဂလော၊ အတုမရှိသော မင်္ဂလာကြီး တစ်ဆူဖြစ်တော်မူပေ၏။ သမ္ဗုဒေါစာပိ၊ မကြွင်းမကျန်၊ မမြင်သန်သောသယမ္ဘူညဏ်၊ သဗ္ဗညုတညဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။ လောကဂ္ဂေါ၊ လောကသုံးပါးထက် ကြီးမြတ်တော်မူသော၊ ဗုဒ္ဓ အရဏ၊ မြတ်စွာဘုရား တည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ၊ အစွဲပြု၍။ သတ္ထာ၊ သတ္ထဝါ အပေါင်းတို့သည်။ သဗ္ဗဒုက္ခာ-သဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဆင်းရဲဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ- ပမုစ္စ န္ထိ၊ ကင်းလွတ်ကြကုန်၏။

(၂) လောကေ၊ လောကသုံးပါး။ ဓမ္မောစ၊ တရားတော်သည်လည်း၊ မင်္ဂလော၊ အတုမရှတေသာ မင်္ဂလာကြီး တစ်ဆူ ဖြစ်တော်မူပေ၏။ ဂမ္ဘီရော၊ အလွန်နက်နဲ့လှ၏။ ဒုဒ္ဒသော အလွန်သိနိုင် မြင်နိုင်ခဲသည်။ ဟောတိဖြစ်၏။  ဓမ္မံ-သရဏ၊ တရားတော်တည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ၊ အစွဲပြု၍။ သတ္တာ၊ သတ္တဝါအပေါင်းတို့သည်၊ သဗ္ဗဒုက္ခာ၊ သဗ္ဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဝဋ်ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ- ပမုစ္စန္တိ ၊ ကင်းလွတ်ကြကုန်၏။

(၃) လောက၊ လောကသုံးပါး၌။ သံဃောစ၊ သံဃာတော်သည်လည်း။ မင်္ဂလော၊ အတုမရှိသော မင်္ဂလာကြီး တစ်ဆူဖြစ်တော်မူပေ၏။ သဒါ၊ အခါခပ်သိမ်း။ ဒက္ခိဏေယျော၊ မြတ်သော အလှူကို ခံတော်မူထိုက်သည်။ ဟောတိဖြစ်၏။ သံဃံ-သရဏ၊ သံဃာတော်မြတ်တည်းဟူသော ကိုးကွယ်ရာကို။  အာဂမ္မ၊ အစွဲပြု၍ သတ္တာ၊ သတ္ထဝါ အပေါင်းတို့သည်။  သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဝဋ်ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ- မမုစ္စန္တိ၊ ကင်းလွတ်ကြကုန်၏။

ဤအနက်စုကိုကား တစ်နေ့လျှင် တစ်ခေါက်ကျ၊ ဘုရားရှိခိုးရာ၏။

တရားတော်(စာအုပ်) ဒေါင်းရန်

ဇာတ်ကြီးဆယ်ဘွဲ့

ဇာတ်ကြီးဆယ်ဘွဲ့

Jun. 21 // 0 COMMENT

ဒိဝါတပတိ သဗ္ဗမင်္ဂလာဂါထာတော်

Posted by admin on July 14, 2010 0 Comment
 

၁။ ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြာဟ္မဏော။

၂။ အထ သဗ္ဗမဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။

အနက် –

၁။ အာဒိစ္စော၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ၀င်းပြောင်ထိန်လင်း ရှင်နေမင်းသည်။ ဒိဝါ၊ အာရုံဏ်ကျင်း၍ အလင်းရောက်လာ နေ့အခါ၌သာလျှင်။ တပတိ မိုက်မှောင်ကို ဖျောက် တန်ခိုးမောက်၍ ရဲစိတ်ရောက်စေ ထွန်းတောက် တင့်တယ်နိုင်ပေ၏။ စိန္ဒိမာ၊ ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ညစ်မျိုးကင်းမဲ့ စိမ်းလဲ့လျှံခြယ် ရောင်ခြည်ကယ်၍ ရှုဖွယ်မခန်း သော်တာစန်းသည်။ ရတ္တိံ၊ နေမင်းစကြာ ဂေါယာသို့ကြွ အမှောင်ကျလာ ညဉ့်အခါ၌သာလျှင်။ အာဘာတိ၊ တလဲ့လဲ့ဝင်း တလင်းလင်းဖြာ အေးကြည်သာလျက် ကမ္ဘာ့ကျက်သရေ တင့်တင်တောက်ပနိုင်ပေ၏။ ခတ္တိယော၊ တိုင်းနှင့် ခရိုင် နိုင်ငံစိုးနင်း ပြည့်ရှင်မင်းသည်။ သန္နဒ္ဓေါ၊ မင်းတို့ဖွယ်ရာ မြတ်တန်ဆာကို ကောင်းစွာဆင်ယင် လေးအင်သေနာ ခြံရံသည်ရှိသော်။ ၀ါ၊ ခြံရံမှ သာလျှင်။ တပတိ၊ မျိုးဇာတ်မဟာ ဗြာဟ္မဏာနှင့် ဥစ္စာပေါများ လုပ်စားကုန်သည် လူတို့အလယ်၌ ရာဇိဒ္ဓိခေါ် အာနုဘော်ဖြင့် ထွန်းပေါ်တင့်တယ်နိုင်ပေး၏။ ဗြာဟ္မဏော၊ ပါပသမုတ် ဓမ္မယုတ်ကို သမုစ္ဆေဒ ပဟာနဖြင့် ပယ်ချရိတ်လှီး ဂုဏ်ဟည်းကြေညာ ရဟန္တာပုဂ္ဂိုလ်သည်။ ဈာယီ၊ ဂိုဏ်းကိုပယ်ခွာ ဖော်မပါဘဲ တော်ရာချဉ်းကပ် မြတ်ဓမ္မဖြင့် နေ့ညမကွာ ၀င်စားကာ နေသည်ရှိသော်။ ၀ါ၊ ဈာန်ဝင် စကားကာနေမှသာလျှင်။ တပတိ၊ ရဟန်းတို့အသရေ တင့်တယ်တောက်ပနိုင်ပေ၏။

၂။ အထ၊ ဆိုခဲ့ပြီးတုံ အလုံးစုံမှ တစ်ပါး။ ၀ါ နေ လ ရာဇာ ဗြာဟ္မဏာထက် ပိုကဲသာလွန် ထူးချွန်ဟန်ကား။ ဗုဒ္ဓေါ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင် ဘုရားရှင်သည်။ သဗ္ဗမဟောရတ္တိံ၊ ခပ်သိမ်းဥဿုံ အလုံးစုံသော နေ့ညဥ့်ပတ်လုံးသာလျှင်။ တေဇသာ၊ လေးအသင်္ချေနှင့် ကမ္ဘာတသိန်း တွက်ကိန်းများပြား ပွားများအလီလီ ပါရမီသမုဋ္ဌာန် အကြောင်းခံသည့် သီလဂုဏာ ပညာပုည မြတ်ဓမ္မဟု ငါးဝသော တန်ခိုးတော်ဖြင့်။ တပတိ၊ တစ်လောကလုံး ဖက်မဲ့ကျုံး၍ မဆုံး အသရေ ရောင်ခြည်ထွေဖြင့် တင့်တယ်တောက်ပတော် မူပေသတည်။ တာဒိသံ၊ ၀ိပဿီစသား ရှေးဘုရားတမူ အလာတူတော်မူသော၊ တေဇသမ္ပန္နံ၊ နေ့ညဥ့်မညိုး တောက်ပဖြိုးသည့် တန်ခိုးငါးပုံ အနန္တဂုဏ်နှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓံ၊ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားသိမြင် ဘုရားရှင်ကို။ အဟံ၊ သံသရာစက် ဤမှာဘက်မှ လွတ်ထွက်ဖို့ရန် စိတ်ရည်သန်လျက် မပျက်ပုည ကုသလကို နေ့ညမကွာ လွန်စွာအားထုတ် အကျွန်ုပ်သည်။ သဗ္ဗဒါ၊ နေ့ရောညဥ့်ပါ ဘယ်ခါမလပ် အထပ်ထပ် အခါခါ။ ၀န္ဒာမိ၊ ဘယာ လာဘ စသည် ပယ်ချိုး ဂုဏ်မြတ်နိုးကာ သဒ္ဓါရိုးကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

ဤဂါထာ ဖြစ်ပေါ်လာသော အကြောင်းရင်းကား

တရံရောအခါ ဘတိက မင်းကြီးသည် မင်းရင်ပြင်၌ ပူဇော်ပွဲ တခုကို ဆင်ယင်ကျင်းပသော အခါ မင်းဆရာဖြစ်သော ပညာရှိအမတ်ကြီးကို ခေါ်ပြီးလျှင် အို-ဆရာ ရတနာသုံးပါးနှင့် ပတ်သက်သော အလုံးစုံကို အောင်စေနိုင်သော သဗ္ဗသိဒ္ဓိ မင်္ဂလာဂါထာကို ရွတ်ဆိုစမ်းပါ ဟု စေခိုင်းတော်မူလေသည်။ ထိုအခါ မင်းဆရာ ပညာရှိ အမတ်ကြီးသည် ပိဋိကတ်သုံးပုံ၌ မိမိဥာဏ်စွမ်းရှိသလောက် မွှေနှောက် ရှာဖွေလိုက်သည်ရှိသော ဖော်ပြပါ ဒိဝါတပတိ အာဒိစ္စော စသော ဂါထာပုဒ်ကို တွေ့ရှိသဖြင့် မင်းကြီးအား ရွတ်ဆိုပြလိုက်လေသည်။

ရွတ်ဆိုပုံ အစီအစဉ်ကား

အမတ်ပညာရှိသည် အနောက်ဂေါယာသို့ ၀င်လုနီးဖြစ်သော နေမင်းကြီးအား ရှိခိုးလျက် ဒိဝါ တပတိ အာဒိစ္စော ဟူသော ပထမပါဒကို ရွတ်ဆိုပြလိုက်လေသည်။ ထို့နောက် အရှေ့ဦးဒည်စွန်းမှ ထွက်ပြူလာသော လမင်းကြီးအား ရှိခိုးလျက် ရတ္တိမာဘာတိ စန္ဒိမာ ဟူသော ဒုတိယပါဒကို ဒုတိယအကြိမ် ရွတ်ဆိုပြလိုက်ပြန်သည်။
ထို့နောက် ဘာတိက မင်းကြီးအား ရှိခိုးလျက် သန္နဒ္ဓေါ ခတ္တိယော တပတိ ဟူသော တတိယပါဒကို သုံးကြိမ်မြောက် ရွတ်ဆိုပြလိုက်ပြန်သည်။ ထို့နောက် အနီးမှာ ဈာန်ဝင်စားနေသော ရဟန်းတော်များအား လက်အုပ်ချီမိုး ရှိခိုးလျက် ဈာယီ တပတိ ဗြာဟ္မဏော ဟူသော စတုတ္ထပါဒကို လေးကြိမ်မြောက် ရွတ်ဆိုပြလိုက်ပြန်သည်။
ထိုအခါ ဘာတိက မင်းကြီးသည် ပညာရှိအမတ်အား အို ဆရာပညာရှိ အမတ်ကြီး လက်အုပ်ချီမိုး ရှိခိုးမြှောက်ချီထားသော လက်ကို အောက်သို့ ပြန်ပြီး မချပါနှင့်ဦး ဟု ပြောဆိုပြီး ဥာဏ်ပူဇော်သော အနေဖြင့် ထိုပညာရှိ အမတ်ကြီးလက်၌ အသပြာတစ်ထောင်ထုပ်ကို တင်ထားလိုက်လေသည်။
(နိဒါန ၀ဂ္ဂသံယုတ် အဠကတာ၊ ဘိက္ခသံယုတ်၊ မဟာကပ္ပိနသုတ်။)

Today, there have been 6 visitors (10 hits) on this page!
   
 
Welcome This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free