ဘုရားငါးဆူ
The biggest collection of
MySpace 2.0 Layouts online
ဘုရားငါးဆူ အန္တရာယ်ကင်းဂါထာတော်
Posted by admin on July 16, 2010

(၁) ဗုဒ္ဓေါစ မင်္ဂလောလောကေ၊
သမ္ဗုဒ္ဓေါစာပိ လောကဂ္ဂေါ၊
ဗုဒ္ဓံ သရဏ မာဂမ္မာ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။ ။
(၂) ဓမ္မောစ မင်္ဂလောလောကေ၊
ဂမ္ဘီရော ဟောတိဒုဒ္ဒသော၊
ဓမ္မံ သရဏ မာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။ ။
(၃) သံဃောစ မင်္ဂလောလောကေ၊
ဒက္ခိဏေယျော သဒါဟောတိ၊
သံဃံ သရဏ မာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စရေ။ ။
(အမှာ) ရှေးရှေးသော ကျမ်းဘတ်ပုဂိုလ်ကြီးများ အမြဲဆောင်ရွက်တော်မူကြသော အန္တရာယ်ကင်း ၃ ဂါထာ၊ အရကျက်၍ အိပ်ရာဝင်တိုင်း အမြဲသက်စေ့ရွတ်၍ အိပ်၊ ရောဂါဆိုး၊ အနာဆိုး၊ ကပ်ဥပဒ်မျိုးတို့မှလွတ်ကင်းစေတတ်၏။ နေ့ အဖို့မှာလည်း တစ်ဂါထာလျှင် ပုတီးတစ်ပတ်စီအမြဲဝတ်ထား၍ စိပ်ရာ၏။
အနက်ကား……
(၁) လောကေ၊ လောကသုံးပါး။ ဗုဒ္ဓေါစ၊ မြတ်စွာဘုရားသည်လည်း။မင်္ဂလော၊ အတုမရှိသော မင်္ဂလာကြီး တစ်ဆူဖြစ်တော်မူပေ၏။ သမ္ဗုဒေါစာပိ၊ မကြွင်းမကျန်၊ မမြင်သန်သောသယမ္ဘူညဏ်၊ သဗ္ဗညုတညဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။ လောကဂ္ဂေါ၊ လောကသုံးပါးထက် ကြီးမြတ်တော်မူသော၊ ဗုဒ္ဓ အရဏ၊ မြတ်စွာဘုရား တည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ၊ အစွဲပြု၍။ သတ္ထာ၊ သတ္ထဝါ အပေါင်းတို့သည်။ သဗ္ဗဒုက္ခာ-သဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဆင်းရဲဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ- ပမုစ္စ န္ထိ၊ ကင်းလွတ်ကြကုန်၏။
(၂) လောကေ၊ လောကသုံးပါး။ ဓမ္မောစ၊ တရားတော်သည်လည်း၊ မင်္ဂလော၊ အတုမရှတေသာ မင်္ဂလာကြီး တစ်ဆူ ဖြစ်တော်မူပေ၏။ ဂမ္ဘီရော၊ အလွန်နက်နဲ့လှ၏။ ဒုဒ္ဒသော အလွန်သိနိုင် မြင်နိုင်ခဲသည်။ ဟောတိဖြစ်၏။ ဓမ္မံ-သရဏ၊ တရားတော်တည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ၊ အစွဲပြု၍။ သတ္တာ၊ သတ္တဝါအပေါင်းတို့သည်၊ သဗ္ဗဒုက္ခာ၊ သဗ္ဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဝဋ်ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ- ပမုစ္စန္တိ ၊ ကင်းလွတ်ကြကုန်၏။
(၃) လောက၊ လောကသုံးပါး၌။ သံဃောစ၊ သံဃာတော်သည်လည်း။ မင်္ဂလော၊ အတုမရှိသော မင်္ဂလာကြီး တစ်ဆူဖြစ်တော်မူပေ၏။ သဒါ၊ အခါခပ်သိမ်း။ ဒက္ခိဏေယျော၊ မြတ်သော အလှူကို ခံတော်မူထိုက်သည်။ ဟောတိဖြစ်၏။ သံဃံ-သရဏ၊ သံဃာတော်မြတ်တည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ၊ အစွဲပြု၍ သတ္တာ၊ သတ္ထဝါ အပေါင်းတို့သည်။ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ၊ ခပ်သိမ်းသော ဝဋ်ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ- မမုစ္စန္တိ၊ ကင်းလွတ်ကြကုန်၏။
ဤအနက်စုကိုကား တစ်နေ့လျှင် တစ်ခေါက်ကျ၊ ဘုရားရှိခိုးရာ၏။