အရိုးစုကမ္မဋ္ဌာန်းရူနည်း
မြတ်စွာဘုရားသာသနာတော်တွင် ခေတ်အဆက်ဆက်ပင် အစောင့်အရှောက်တရား (စတုရာရက္ခတရား) လေးပါးကို ပဋိပတ်ဝန်ဆောင်မထေရ်ကြီးတို့သည် အစဉ်အဆက် ကျင့်ကြံ အားထုတ်ခဲ့ကြပေသည်။ ထိုအစောင့်အရှောက်တရားလေးပါးကို ယခုခေတ် ကမ္မဋ္ဌာန်း အားထုတ်သူများလည်း အများအားဖြင့် ကျင့်ကြံအားထုတ်လျက်ရှိကြသည်။
ထိုအစောင့်အရှောက်တရားလေးပါးကား -
၁။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၊
၂။ မေတ္တာ ကမ္မဋ္ဌာန်း၊
၃။ အသုဘ ကမ္မဋ္ဌာန်း၊
၎။ မရဏဿတိ ကမ္မဋ္ဌာန်း - တို့ဖြစ်သည်။
ထိုတရားလေးပါးတို့ကား ကျင့်ကြံသူတို့အား ပစ္စုပ္ပန်၌ တွေ့ကြုံရမည့် သောက၊ ပရိဒေ၀ စသော တွင်း၊ ပနှစ်တန် ဘေးရန်များ၊ တမလွန်၌ ကြုံတွေ့ရမည့် အပါယ်လေးပါးစသော ဆင်းရဲဒုက္ခများမှ လွတ်ကင်းအောင် စောင့်ရှောက်တက်သည်။ ထို့ကြောင့် အစောင့်အရှောက်တရား (စတုရာရက္ခ)လေးပါးဟု ခေါ်ဆိုခြင်းဖြစ်သည်။
ထိုတွင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို ဘုရားဂုဏ်တော်ကိုးပါးတွင် ပြဆိုခဲ့ပြီးဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
ဆက်လက်၍ အောက်ပါအတိုင်း စီးဖြန်းရပါမည် -
ဤအရိုးတို့သည် အလွန်ဖြူသော အဆင်းရှိကုန်၏။ ပုံသဏ္ဌာန်အမျိုးမျိုးရှိကုန်၏။ ခြေချောင်းများ၏ အဖျားပိုင်း(အဆစ်)ရိုးတို့သည် အရင်းနှင့်အဖျားကြီး၍ အလယ်သိမ်၏။ ခြေချောင်းများ၏ ဒုတိယအဆစ်ရိုးတို့သည် ပိန္နဲစေ့ ပုံသဏ္ဌာန်ရှိ၍ တတိယအဆစ်ရိုးတို့သည် ထက်စည် ပုံသဏ္ဌာန်ရှိကုန်၏။ စတုတ္ထအဆစ်ရိုးတို့သည် အဖျား၌ ဖြတ်ထားသော ပဒိုင်း ခတ္တာငုံ သဏ္ဌာန်ရှိကုန်၏။ ပဉ္စမအဆစ်ရိုးတို့သည် အရင်းနှင့်အဖျား၌ ဖြတ်ထားသော ပဒိုင်း ခတ္တာငုံ သဏ္ဌာန်ရှိကုန်၏။ ဆဋ္ဌနှင့် သတ္တမအဆစ်ရိုးတို့သည် အညှာရင်း၌ ဖြတ်ထားသော ပဒိုင်း ခတ္တာငုံ သဏ္ဌာန်ရှိကုန်၏။
ဖနောင့်ရိုးသည် အနည်းငယ်ကောက်သော ထန်းသီးမူတ် ပုံသဏ္ဌာန်ရှိကုန်၏။ ဖမျက်ရိုးတို့ကား ကလေးသူငယ်တို့ကစားသော ဂေါ်လီနှစ်လုံးကို ပူးထားသည့် ပုံသဏ္ဌာန်ရှိကုန်၏၊ မြင်းခေါင်း(ဒူးခေါင်း)တို့တည်ရာ အရပ်သည် အလယ်ခွက်၍ အဖျားရှည်သော သင်ပေါင်းညှောက်ကို အခွံခွာထားသည့် ပုံသဏ္ဌာန်ရှိ၏။ ငယ်သော မြင်းခေါင်းတို့သည် လေးကိုင်း ပုံသဏ္ဌာန်ရှိ၍ ကြီးသော မြင်းခေါင်းတို့သည် ပိန်သော မြွေ၏ ကျောကုန်း ပုံသဏ္ဌာန်ရှိကုန်၏။ ပုဆစ်ရိုးတို့သည် အပေါ်မောက် အောက်ခွက်၍ အပေါ်ပေါက်ဖြစ်နေသော ရေမြှုပ် ပုံသဏ္ဌာန်ရှိကုန်၏။
ပေါင်ရိုးတို့သည် ခပ်စောင်းစောင်းလိမ်၍ထားသော ပုဆိန်ရိုး ပုံသဏ္ဌာန်ရှိကုန်၏။ ထိုပေါင်ရိုးတို့၏ ခါးရိုး၌ တည်ရာသည် ကလေးသူငယ်တို့ ကစားသည့် ခုံညင်းကဲ့သို့ လုံးလုံးဝန်းဝန်း ပုံသဏ္ဌာန်ရှိ၏။ ထိုခါးရိုးတို့၏ ပေါင်ရိုးတို့၏ တည်ရာအရပ်သည် မျက်နှာဝဖြတ်ထားသော ပုန်းညက်သီး ပုံသဏ္ဌာန်ရှိ၏။ တစ်ခုချင်း ဖြစ်မူ ပန်းဘဲသမားတို့၏ တူကို ဖွဲ့ချည်ထားသော သားရေကြိုး ပုံသဏ္ဌာန်ရှိ၏။ ဤသို့ စသည်ဖြင့် အထက်ဖော်ပြပါ အရိုးများ၏ ပုံသဏ္ဌာန်ကိုလည်း ဆက်လက် ရူပွားရမည်။
အရိုးများ စုပေါင်းထားသော ဤအရိုးကောင်သည် ကြိမ်နွယ်တို့ဖြင့် ရစ်သိုင်းကာ နွားချေးစိုတို့ဖြင့် သုတ်လိမ်းထားသော ကောက်ရိုးရုပ် သစ်သားရုပ် ပုံသဏ္ဌာန် ရှိ၏၊ (သဏ္ဌာန)
အရိုးတို့သည် ကိုယ်ခန္ဓာ၏ အထက်ပိုင်းနှင့် အောက်ပိုင်း အရပ်အားလုံး ဖြစ်ကုန်၏(ဒိသ)၊ သာမန်အားဖြင့် တစ်ကိုယ်လုံး၌ တည်ကုန်၏၊ အထူးသဖြင့် ဦးခေါင်းရိုးတို့သည် လည်ပင်းရိုးတို့၌ တည်၍ လည်ပင်းရိုးတို့သည် ကျောက်ကုန်းရိုးတို့၌ တည်ကုန်၏။ ကျောက်ကုန်းရိုးတို့သည် မြင်းခေါင်း(ဒူးခေါင်း)ရိုးတို့၌ တည်၍ မြင်းခေါင်း(ဒူးခေါင်း) ရိုးတို့သည် ဖမျက်ရိုးတို့၌ တည်ကုန်၏။ ဖမျက်ရိုးတို့သည် ခြေဖမိုးရိုးတို့၌ တည်ကုန်၏။ ကြွင်းကျန်သော အရိုးတို့သည် အချင်းချင်း သဘောတူရာ အရိုးအသားတို့ကို မှီ၍ တည်ကုန်၏။ (သြဘာသ)။
ဦးနှောက်၊ အသား၊ အသွေး၊ ခြင်ဆီ၊ အစေးတို့ဖြင့် ဆက်စပ် ဖွဲ့စည်းထားသော ဦးခေါင်းရိုးတို့သည် ဦးနှောက်အစရှိသော ကောဠာသ(အစိတ်အပိုင်း)တို့နှင့် ရောနှောခြင်းမရှိ၊ ဦးခေါင်းရိုးအချင်းချင်းလည်း ရောနှောခြင်းမရှိ၊ တစ်ခုစီတစ်ခုစီ သီးခြားတည်ကြကုန်၏။
ဤသို့စသည်ဖြင့် အရိုးတို့သည် ဆံပင်၊ အမွေ အစရှိသော အခြားကောဋ္ဌာသတို့၏ အတွင်း၌ တည်လျက် ထိုဆံပင်အစရှိသော ကောဋ္ဌာသတို့နှင့် မရောမနှော၊ သီးခြားကောဋ္ဌာသ တစ်ခုအဖြစ် တည်ကြကုန်၏။ (ပရိစ္ဆေဒ)ဟု အဖန်ဖန်နှလုံးသွင်း စီးဖြန်းရမည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
အရိုးစုကို နှလုံးသွင်းစီးဖြန်းခြင်း
အရိုးစုကမ္မဋ္ဌာန်း စီးဖြန်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -
- ငါ၏ ခန္ဓာကိုယ်၌ နှစ်သက်မြတ်နိုးဖွယ် အရာဝတ္ထုဟူ၍ အနည်းငယ်မျှပင်မရှိ၊
- စက်ဆုပ်ဖွယ် အရိုးစုတို့သာ ရှိချေ၏။ ဤကား အကျဉ်းစီးဖြန်းပုံတည်း။
အကျယ်စီဖြန်းပုံမှာ ဤသို့ဖြစ်သည်။
ငါ၏ ခန္ဓာကိုယ်တွင် နှစ်သက်မြတ်နိုး တန်ဖိုးထားစရာဟူ၍ အနည်းငယ်မျှပင်မရှိ၊ အမှန်စင်စစ် ခြေဖမိုး၏ အတွင်းဖက်၌ တည်ရှိနေသော ခြေမရိုး၊ ခြေညိုးရိုး၊ ခြေသူကြွယ်ရိုး၊ ခြေသန်းရိုး အားဖြင့် လက်ဝဲခြေရိုး၊ လက်ယာခြေရိုး၊ ဤအတူ ၀ဲ ယာ လက်ရိုး၊ ခန္ဓာကိုယ် အတွင်းသား၌ရှိသော အရိုးနုများ၊ ၀ံ ယာ နံရိုး၊ ကျောက်ဆစ်ရိုး၊ ၀ဲ ယာ ရင်ရိုး၊ ဦးခေါင်းခွံရိုး၊ လည်ပင်းရိုး၊ ၀ဲ ယာ ဖမျက်ရိုး၊ ၀ဲ ယာ ဒူးခေါင်းရိုး၊ ၀ဲယာ ပုဆစ်ရိုး၊ ၀ဲယာ ပေါင်ရင်းရိုး၊ ၀ဲယာ မောင်းဖျားရိုး၊ နဖူးရိုး၊ ထိပ်ရိုး စသော အရိုးစတို့သာ ရှိကြကုန်၏ဟု အဖန်ဖန် စီးဖြန်းပွားများရမည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
အမြတ်ဆုံး ချမ်းသာကို ရယူနိုင်ကြပါစေ။ 

အရိုးစုကမ္မဋ္ဌာန်းဟူသည် သုံးဆယ့်နှစ်ကောဋ္ဌာသအစုအဝေးတွင် ပါဝင်သော အရိုး(အဋ္ဌိ)ကို စက်ဆုပ်ဖွယ်ထင်မြင်လာအောင် နှလုံးသွင်းဆင်ခြင်၍ စီးဖြန်းရသော ကမ္မဋ္ဌာန်းဖြစ်သည်။ ထိုကမ္မဋ္ဌာန်းကို အသုဘဆယ်ပါးတွင် မတင့်မတယ် စက်ဆုပ်ရွံရှာဖွယ်အရိုးစု၊ အလောင်းကောင်(အဋ္ဌိကအသုဘ)ဟု ခေါ်ဆိုထားပေသည်။ ဤ၌ အရိုးစုဟူသော စကားရပ်တွင် သုံးဆယ့်နှစ်ချောင်းသော သွားတို့မှအပ အရိုးတစ်ချောင်းကိုဖြစ်စေ၊ အရိုးစုကိုဖြစ်စေ ပွားများစီးဖြန်းနိုင်သည်။
ဤအရိုးစုကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လိုသူသည် ရှေးဦးစွာ သုံးဆယ့်နှစ်ကောဋ္ဌာသကို အာဂုံနူတ်တက် အရကျက်ခြင်း၊ စိတ်ဖြင့် အကြိမ်များစွာ ရွတ်ဆို နှလုံးသွင်းခြင်းတို့ကို ပြုလုပ်ပြီးမှသာ ဤအရိုးစုကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်သင့်ပါသည်။ အကြောင်းမူ ဤအရိုးစုကမ္မဋ္ဌာန်းသည် သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးတွင် ပါဝင်သည့် ကမ္မဋ္ဌာန်းဖြစ်သောကြောင့်ဖြစ်သည်။
ကမ္မဋ္ဌာန်း စီးဖြန်းရန် အစီအစဉ်
ဤကမ္မဋ္ဌာန်းကို စီးဖြန်းမည့်သူသည် -
(ပထမ) အရိုးစုများကို ကျေညက်စွာ နှလုံးသွင်းဆင်ခြင်ခြင်း၊
(ဒုတိယ) အဆင်း စသည်ဖြင့် မှတ်သား၍ နှလုံးသွင်းဆင်ခြင်ခြင်း၊
(တတိယ) အဆင်း စသည်ကို စက်ဆုပ်ဖွယ် ထင်မြင်လာအောင် နှလုံးသွင်း ဆင်ခြင်ခြင်း -
ဟူသော အစီအစဉ်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အားထုတ်သင့်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
အသက်ရှင်ဆဲ ခန္ဓာကိုယ်၌ အသုဘရူပွားပုံ
ဖော်ပြခဲ့ပါ အသုဘကမ္မဋ္ဌာန်းကို သူသေကောင်၌သာ ရူမှတ်စီးဖြန်းနိုင်သည်မဟုတ်၊ အသက်ရှင်နေဆဲတွင် ဖောယောင်နေသူ၊ အနာမှ ပြည်တစိုစိုယိုထွက်နေသူ၊ နီတွေးတွေးသွေးများ ယိုထွက်နေသူ ဖြူဖွေးသော သွားများ ပေါ်ထွက်နေသူ အစရှိသူတို့၌လည်း ရူမှတ် စီးဖြန်းနိုင်သည်။ ရူမှတ်ပုံမှာ -
သူသေကောင်သည် မတင့်တယ် စက်ဆုပ်ရွံရှာဖွယ် ဖြစ်သကဲ့သို့ အသက်ရှင်ဆဲ ဤခန္ဓာကိုယ်သည်လည်း မတင့်တယ် စက်ဆုပ်ရွံရှာဖွယ်ရှိ၏။ အဆင်တန်ဆာ အမျိုးမျိုးဖြင့် လှပတင့်တယ် နှစ်သက်ဖွယ်ကောင်းအောင် ဖုံးလွှမ်း ဆင်ယင်ထားသောကြောင့်သာ နှစ်သက်ဖွယ်ဟု ထင်မှတ်မှားနေကြခြင်း ဖြစ်သည်။ ဤခန္ဓာကိုယ်ကား စိုစွတ်သော အရေထူ အရေပါးတို့ဖြင့် ဖုံးလွှမ်းထားသော အသားစိုင်၊ အကြောစု၊ အရိုးစုတို့သာ ဖြစ်ချေ၏၊ ပိုးအမျိုးမျိုးတို့၏ ကိန်းအောင်းရာ၊ ရောဂါအမျိုးမျိုးတို့၏ တည်ရာ၊ ဆင်းရဲဒုက္ခအမျိုးမျိုးတို့၏ မှီတွယ်ရာ ဖြစ်၏။ ဒွါရကိုးပေါက်နှင့် မွေးညှင်းပေါက်များစွာတို့မှ ယိုစီးထွက်ကျသော ကျင်ကြီး ကျင်ငယ်၊ နှပ်၊ တံတွေး၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး အစရှိသည်တို့သည် စက်ဆုပ်ရွံရှာဖွယ်များဖြစ်သကဲ့သို့ ယိုစီးထွက်ကျခြင်းမရှိသေးသော ခန္ဓာကိုယ်တွင်းရှိ ကျင်ကြီးကျင်ငယ်၊ နှပ်၊ တံတွေး၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး အစရှိသည်တို့သည်လည်း စက်ဆုပ်ရွံရှာဖွယ်များသာ ဖြစ်ချေ၏။ ဤခန္ဓာကိုယ်ကြီးကို သုတ်သင် ပြုပြင် ဆင်ယင် ခြယ်သခြင်း မရှိပါက မင်းစိုးရာဇာ၊ သူတောင်းစား၊ သူဌေး၊ ဆင်းရဲသားမဟူ မည်သူမဆို အားလုံး စက်ဆုပ် ရွံရှာဖွယ်ချည်းပါတကား။ ဤခန္ဓာကိုယ်ကြီး၏ အတွင်းသားများကို နွားသေကို အရေဆုတ်ခွာသကဲ့သို့ အပြင်ကို ထုတ်ပြထားပါက ခွေး ကျီး စသည်တို့ မလာအောင် တုတ်ကိုင် စောင့်ရမည်သာ ဖြစ်၏ - ဤသို့ စသည်ဖြင့် ရူမှတ်စီးဖြန်းရမည်။
မည်သူမဆို ခန္ဓာကိုယ်မှာ အညစ်အကြေးများ သုတ်သင်ရသောအခါ ဆေးကြောပေးရသောအခါ၊ ကျင်ကြီးကျင်ငယ်စွန့်သောအခါ စသည်တို့၌ မိမိခန္ဓာကိုယ်ကြီး၏ ဒွါရကိုးပေါက်မှ ယိုစီးထွက်ကျပုံ၊ အသုဘ သဘောကို တရူတရိုက်မျှ နှလုံးသွင်း ဆင်ခြင်မိလျှင်ပင် များစွာအကျိုးရှိပေသည်။
အသုဘတစ်ခေါက် ကျောင်းဆယ်ခါက် ဟူသော ဆိုထုံးအရ အသုဘပို့တတ် မသာပို့တတ်အောင်လည်း ကြိုးစားကြရာ၏။
ရူမှတ် စီးဖြန်းရခြင်း၏ အကျိုး
ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း ဤအသုဘကမ္မဋ္ဌာန်းကို စနစ်တကျ ရူမှတ်ပွားများလျှင် -
၁။ လောကီဈာန်သမာပတ်များကို ရရှိခြင်း၊
၂။ မဂ် ဖိုလ်တရားထူးကို ရရှိခြင်း -ဟူသော အကျိုးအာနိသင်များကို မျက်မှောက်ဘ၀၌ပင် ရရှိ ခံစားရမည်ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
အသက်ရှင်ဆဲ ခန္ဓာကိုယ်၌ အသုဘရူပွားပုံ
ဖော်ပြခဲ့ပါ အသုဘကမ္မဋ္ဌာန်းကို သူသေကောင်၌သာ ရူမှတ်စီးဖြန်းနိုင်သည်မဟုတ်၊ အသက်ရှင်နေဆဲတွင် ဖောယောင်နေသူ၊ အနာမှ ပြည်တစိုစိုယိုထွက်နေသူ၊ နီတွေးတွေးသွေးများ ယိုထွက်နေသူ ဖြူဖွေးသော သွားများ ပေါ်ထွက်နေသူ အစရှိသူတို့၌လည်း ရူမှတ် စီးဖြန်းနိုင်သည်။ ရူမှတ်ပုံမှာ -
သူသေကောင်သည် မတင့်တယ် စက်ဆုပ်ရွံရှာဖွယ် ဖြစ်သကဲ့သို့ အသက်ရှင်ဆဲ ဤခန္ဓာကိုယ်သည်လည်း မတင့်တယ် စက်ဆုပ်ရွံရှာဖွယ်ရှိ
၏။ အဆင်တန်ဆာ အမျိုးမျိုးဖြင့် လှပတင့်တယ် နှစ်သက်ဖွယ်ကောင်းအောင် ဖုံးလွှမ်း ဆင်ယင်ထားသောကြောင့်သာ နှစ်သက်ဖွယ်ဟု ထင်မှတ်မှားနေကြခြင်း ဖြစ်သည်။ ဤခန္ဓာကိုယ်ကား စိုစွတ်သော အရေထူ အရေပါးတို့ဖြင့် ဖုံးလွှမ်းထားသော အသားစိုင်၊ အကြောစု၊ အရိုးစုတို့သာ ဖြစ်ချေ၏၊ ပိုးအမျိုးမျိုးတို့၏ ကိန်းအောင်းရာ၊ ရောဂါအမျိုးမျိုးတို့၏ တည်ရာ၊ ဆင်းရဲဒုက္ခအမျိုးမျိုးတို့၏ မှီတွယ်ရာ ဖြစ်၏။ ဒွါရကိုးပေါက်နှင့် မွေးညှင်းပေါက်များစွာတို့မှ ယိုစီးထွက်ကျသော ကျင်ကြီး ကျင်ငယ်၊ နှပ်၊ တံတွေး၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး အစရှိသည်တို့သည် စက်ဆုပ်ရွံရှာဖွယ်များဖြစ်သကဲ့သို့ ယိုစီးထွက်ကျခြင်းမရှိသေးသော ခန္ဓာကိုယ်တွင်းရှိ ကျင်ကြီးကျင်ငယ်၊ နှပ်၊ တံတွေး၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး အစရှိသည်တို့သည်လည်း စက်ဆုပ်ရွံရှာဖွယ်များသာ ဖြစ်ချေ၏။ ဤခန္ဓာကိုယ်ကြီးကို သုတ်သင် ပြုပြင် ဆင်ယင် ခြယ်သခြင်း မရှိပါက မင်းစိုးရာဇာ၊ သူတောင်းစား၊ သူဌေး၊ ဆင်းရဲသားမဟူ မည်သူမဆို အားလုံး စက်ဆုပ် ရွံရှာဖွယ်ချည်းပါတကား။ ဤခန္ဓာကိုယ်ကြီး၏ အတွင်းသားများကို နွားသေကို အရေဆုတ်ခွာသကဲ့သို့ အပြင်ကို ထုတ်ပြထားပါက ခွေး ကျီး စသည်တို့ မလာအောင် တုတ်ကိုင် စောင့်ရမည်သာ ဖြစ်၏ - ဤသို့ စသည်ဖြင့် ရူမှတ်စီးဖြန်းရမည်။
မည်သူမဆို ခန္ဓာကိုယ်မှာ အညစ်အကြေးများ သုတ်သင်ရသောအခါ ဆေးကြောပေးရသောအခါ၊ ကျင်ကြီးကျင်ငယ်စွန့်သောအခါ စသည်တို့၌ မိမိခန္ဓာကိုယ်ကြီး၏ ဒွါရကိုးပေါက်မှ ယိုစီးထွက်ကျပုံ၊ အသုဘ သဘောကို တရူတရိုက်မျှ နှလုံးသွင်း ဆင်ခြင်မိလျှင်ပင် များစွာအကျိုးရှိပေသည်။
အသုဘတစ်ခေါက် ကျောင်းဆယ်ခါက် ဟူသော ဆိုထုံးအရ အသုဘပို့တတ် မသာပို့တတ်အောင်လည်း ကြိုးစားကြရာ၏။
ရူမှတ် စီးဖြန်းရခြင်း၏ အကျိုး
ရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း ဤအသုဘကမ္မဋ္ဌာန်းကို စနစ်တကျ ရူမှတ်ပွားများလျှင် -
၁။ လောကီဈာန်သမာပတ်များကို ရရှိခြင်း၊
၂။ မဂ် ဖိုလ်တရားထူးကို ရရှိခြင်း -ဟူသော အကျိုးအာနိသင်များကို မျက်မှောက်ဘ၀၌ပင် ရရှိ ခံစားရမည်ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
အမြတ်ဆုံး ချမ်းသာကို ရယူနိုင်ကြပါစေ။ 

အသုးဘကမ္မဋ္ဌာန်းကား အလောင်းကောင်၏ အနေအထားပြောင်းလဲမူအရ (၁၀)ပါးရှိသည်။ ထို(၁၀)ပါး၏ အကျဉ်းချုပ် အဓိပ္ပါယ်ကို သမထကမ္မဋ္ဌာန်း (၄၀)တွင် ဖော်ပြခဲ့ပြီးဖြစ်သဖြင့် အသုဘကမ္မဋ္ဌာန်း ရူပွားပုံကိုသာ ဤ၌ပြဆိုမည်။
အသုဘကမ္မဋ္ဌာန်း စီးဖြန်းမည့်သူသည် အသုဘကောင်ရှိရာ အရပ်ကို ရှေးဦးစွာ စုံစမ်းလေ့လာရမည်။ မည်သည့်နေရာတွင် အသုဘကောင်ရှိသည်ဟု သတင်းစကား ကြားရသောအခါတွင်လည်း အလျင်စလို မသွားသင့်ချေ။ အကြောင်းမူ၊ ဘီလူး သားရဲ အစရှိသော ဘေးအန္တရာယ်များနှင့် တွေ့ကြုံရတတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် အသုဘကောင်ရှိရာသို့ မသွားမီ ကြိုတင် အသိပေးသင့်သည့် ပုဂ္ဂိုလ်များကိုလည်း ကြိုတင်အသိပေးသင့်သည်။ ထိုသို့ အသိပေးထားခြင်းဖြင့် ဘေးအန္တရာယ်တစ်ခုခု ကျရောက်သည့်အခါ၌ ကူညီစောင့်ရှောက်မူ ရရှိနိုင်မည်ဖြစ်သည်။
အသုဘကောင်ရှိရာသို့ သွားသောအခါ မိမိစီးဖြန်ေးနကျ ကမ္မဋ္ဌာန်းကိုပင် နှလုံးသွင်းဆင်ခြင်ကာ တုတ်၊ တောင်ဝှေး ကိုင်ဆောင်လျက် မိမိသွားသည် လမ်းကြောင်းတစ်လျှောက်၌ အမှတ်အသားပြု၍ သွားရမည်။ အထူးသဖြင့် အသုဘကောင်၏ လေညာ(လေတင်)ဘက်မှ သွားရမည်။ မလွှဲမရှောင်သာ၍ လေအောက်မှသွားရလျှင် အ၀တ်ဖြင့် နှာခေါင်းကို ပိတ်လျက် သွားရမည်။ အသုဘကောင်ရှိရာသို့ ရောက်သည့်အခါ အသုဘကောင်၏ လေညာဘက်မှ ဖြစ်စေ၊ လေကြေ(လေအောက်)ဘက်မှ ဖြစ်စေ၊ ခေါင်းရင်ဘက်မှ ဖြစ်စေ၊ ခြေရင်းဘက်မှ ဖြစ်စေ၊ မထိုင်မူ၍ အသုဘကောင်နှင့် မနီးမဝေး ခြေရင်းမကျ ခေါင်းမကျသော အသုဘကောင်၏ ဗဟိုချက်ကျသည့် နေရာ၌ ထိုင်ရမည်။
အသုဘကမ္မဋ္ဌာန်းရူမည့် ပုဂ္ဂိုလ်သည် အသုဘကမ္မဋ္ဌာန်းရူရန် သင့်လျော်ရာ နေရာ၌ ထိုင်ပြီးနောက် အသုဘကောင်၏ ပတ်ဝန်းကျင်ရှိ သစ်ပင် သသစ်ငုတ် ခြုံနွယ် ကျောက်ခဲ တောင်ပို့ အစရှိသော အရာဝတ္ထုများနှင့် အသုဘကောင်ကို `ဤကား အသုဘကောင်၊ ဤကား သစ်ပင်ဟု အရာဝတ္ထုများနှင့် အလောင်းကောင်ကို တွဲ၍ ကွဲပြားအောင် အပြန်အလှန် မှတ်သားရမည်။
ထိုသို့ မှတ်သားပြီးနောက် အသုဘကောင်၏ အဆင်း(၀ဏ္ဏ)၊ အရွယ်(လိင်္ဂ)၊ ပုံသဏ္ဌာန်(သဏ္ဌာန)၊ အရပ်မျက်နှာ(ဒိသာ)၊ တည်ရာ(သြကာသ)၊ ပိုင်းခြားချက်(ပရိစ္ဆေဒ) ဟူသော အချက်အလက် (၆)မျိုးတို့ဖြင့် အသုဘအာရုံထင်မြင်လာအောင် ရူမှတ်ရမည်။ ရူမှတ်ပုံမှာ -
ဤအသုဘကောင်သည် အသားဖြူသူ၊ မဲသူ၏ အသုဘကောင်တည်း(၀ဏ္ဏ)၊ ဤကား ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ရှိသူ၏ အသုဘကောင်တည်း(လိင်္ဂ)၊ ဤကား အသုဘကောင်၏ ဦးခေါင်း၊ လည်ပင်း၊ လက်၊ ရင်ဘတ်၊ ချက်၊ တင်ပါး၊ ပေါင်း၊ ခြေသလုံး၊ ခြေချောင်းတည်း(သဏ္ဌာန)၊ ဤကား အသုဘကောင်၏ အလယ်ပိုင်း၊ ဤကားအောက်ပိုင်းတည်း၊ တစ်နည်း ငါကားမြောက်ဘက် အရပ်၌ထိုင်၍၊ အသုဘကောင်ကား ငါ၏ တောင်ဘက် အရပ်၌ ရှိသည်(ဒိသာ)၊ အသုဘကောင်၏ လက်၊ ခြေ၊ ဦးခေါင်းစသည်တို့ကား ဤမည်သောနေရာ၌ တည်ရှိသည်(သြကာသ)၊ ဤအသုဘကောင်ကား အောက်ပိုင်း၌ ခြေဖ၀ါး၊ အလယ်ပိုင်း၌ ဆံပင်များ၊ ခန္ဓာကိုယ် ပတ်ဝန်းကျင်၌ အရေပြားတို့ဖြင့် ပိုင်းခြားထား၍ စက်ဆုပ်ဖွယ် အပုပ်နံ့တို့ဖြင့် ပြည့်နှက်နေသည်(ပရိစ္ဆေဒ) - ဟု ရူမှတ်စီးဖြန်းရ မည်။
ဖော်ပြပါ အချက်အလက်(၆)မျိုးဖြင့် ရူမှတ်စီးဖြန်း၍ အသုဘအာရုံ မထင်မြင်သေးလျှင် အသုဘအာရုံ(နိမိတ်) ထင်မြင်လာစေရန် အသုဘကောင်၏ အဆက်အစပ်(သန္ဓိ)၊ အပေါက်အကြား(၀ိဝရ)၊ အနိမ့်အချိုင့်(နိန္န)၊ အမြင့်အမောက်(ထလ)၊ ပတ်ဝန်းကျင်(သမန္တ)ဟူသော အချက်အလက်(၅)မျိုးတို့ဖြင့် ဆက်လက်ရူမှတ်ရမည်။ ရူမှတ်ပုံမှာ -
ဤကား အသုဘကောင်၏ လည်ပင်အစပ်၊ တံတောင်ဆစ်အစပ်၊ လက်ကောက်ဝတ်အစပ်၊ ခါးအစပ်၊ ကျောရိုးအစပ်၊ ပေါင်ဆစ်အစပ်၊ ဒူးဆစ်အစပ်၊ ခြေကျင်းဝတ်အစပ်တည်း(သန္ဓိ)၊ ဤကား အသုဘကောင်၏ ချိုင်းကြား၊ ခြေထောက်နှစ်ခုအကြား၊ ချက်နှင့်ဝမ်းဗိုက်အကြား၊ နားပေါက်အကြား၊ ဤကားအသုဘကောင်၏ မျက်စိမှိတ်နေခြင်း၊ ပွင့်နေခြင်း၊ ခံတွင်းပိတ်နေခြင်း၊ ပွင့်နေခြင်းတည်း(၀ိဝရ)၊ ဤကား အသုဘကောင်၏ မျက်တွင်းချိုင့်၊ ပါးစပ်တွင်းချိုင့်၊ လည်ပင်းချိုင့် စသည်တည်း(နိန္န)၊ ဤကား အသုဘကောင်၏ မြင့်မောက်နေသော ဒူးဆစ်၊ ရင်ဘတ်၊ နဖူးတည်း(ထလ)၊ ဤကား မတင့်တယ် စက်ဆုပ်ဖွယ် ဖူးဖူးရောင် နေသော အသုဘကောင်တည်းဟု အသုဘကောင်၏ တစ်ကိုယ်လုံးကို ဖြစ်စေ၊ ဤကား ဖူးဖူးရောင်နေသော အသုဘကောင်၏ ကိုယ်အထက်ပိုင်းတည်းဟု အသုဘကောင်၏ ဖူးဖူးရောင်လွယ်သော ခန္ဓာကိုယ် အထက်ပိုင်းကိုဖြစ်စေ၊ ဤကား ရောင်နေသော အသုဘကောင်၏ ၀မ်းဗိုက်တည်းဟု ဖူးဖူးအရောင်ဆုံးနေရာ ၀မ်းဗိုက်ကို ဖြစ်စေ (သမန္တ)ရူမှတ် စီးဖြန်းရပါမည်။
ဤကား သေပြီးနောက် နှစ်ရက်၊ သုံးရက်အကြာတွင် ဖူးဖူးရောင်နေသော အသုဘကောင် (ဥဒ္ဓုမာတက)ကို ရူမှတ်ပုံဖြစ်သည်။
အသုဘကောင်သည် ဖူးဖူးရောင်ပြီးနောက် နီ ဖြူ ညို မဲစသော အကွက်များဖြစ်ပေါ်လျက် စက်စုပ်ဖွယ် အခြေအနေသို့ ရောက်ရှိလာလျှင် `၀ိနီလကံ - အသားများရာ၌ နီ၊ ပြည်စုရာ၌ ဖြူ၊ ယေဘုယျအားဖြင့် ညိုမည်းဟောင်းပုပ် စက်ဆုပ်ဖွယ်သော အသုဘကောင်´ဟု လည်းကောင်း၊
ထို့နောက် အသုဘကောင်သည် ဖြူ နီ ညိုကွက် ထရုံသာမက ပြည်များ ယိုစီးထွက်ကျလာလျှင် `၀ိပုဗ္ဗကံ - ပြည်များပေါက်ကွဲယိုကျနေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊
နှစ်ပိုင်းပြတ်နေသော အသုဘကောင်ဖြစ်လျှင် `၀ိစ္ဆိဒ္ဒကံ - နှစ်ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊
ခွေး၊ ဠင်းတ၊ ကျီးတို့ ကိုက်ခဲ စားသောက်ထားသော အသုဘကောင်ဖြစ်လျှင် `၀ိက္ခာယိတကံ - ခွေး၊ ဠင်းတ၊ ကျီး စသည်တို့ ကိုက်ခဲ စားသောက်ထားသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊
ခြေ၊ လက်စသော အင်္ဂါအစိတ်အပိုင်းများ တကွဲတပြားစီ ဖြစ်နေသော အသုဘကောင်ဖြစ်လျှင် `၀ိက္ခိတ္တကံ - လက် ခြေ ဦးခေါင်း ကိုယ်ခန္ဓာ အစိတ်အပိုင်းများ တကွဲတပြား ဖြစ်နေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊
ဓား စသည်ဖြင့် ခွဲ၍ သတ်ဖြတ်ခံထား၇သော အသုဘကောင်ဖြစ်လျှင် `ဟတ ၀ိက္ခိတ္တကံ - အင်္ဂါကြီးငယ်တို့ကို ဓား စသော လက်နက်ဖြင့် ခွဲ၍ သတ်ဖြတ် စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊
နီတွေးသော သွေးများ ပေကျံလျက်နေသော အလောင်းကောင်ဖြစ်လျှင် `လောဟိတကံ - တကိယ်လုံး၌ သွေးများ ယိုထွက် ပေကျံနေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊
ပိုးလောက်များ ထွက်ကျနေသော အသုဘကောင်ဖြစ်လျှင် `ပုဠုဝကံ - တစ်ကိုယ်လုံး၌ ပိုးလောက်တို့ ပြန့်ကျဲနေသော စက်ဆုပ်ဖွယ် အသုဘကောင်´ဟု လည်းကောင်း၊
အရိုးစုသာ ကျန်တော့သော အသုဘကောင်ဖြစ်လျှင် `အဋ္ဌိကံ - စက်ဆုပ်ဖွယ် အရိုးစု အသုဘကောင်´ဟု လည်းကောင်း၊ အသီးသီး ရူမှတ်စီးဖြန်းရမည်။
ဤသို့ အသုဘကမ္မဋ္ဌာန်း ရူမှတ်စီးဖြန်းစဉ် မိမိ ရူမှတ်စီးဖြန်းနေသော `အသုဘကောင်သည် ထ၍ ရပ်လာသည်၊ မိမိအပေါ် မိုးထားသည်၊ မိမိနောက်မှ တကောက်ကောက် လိုက်လာသည်´ဟု စိတ်တွင် ထင်မြင်၍ ကြောက်လန့်တုန်လူပ်ကာ အရူးသဖွယ် ဖြစ်သွားတတ်ကြသည်။ ထို့ကြောင့် မိမိစိတ်ကို သတိဖြင့် ထိန်းလျက် `ကျောက်ခဲ တောင်ပို့ သစ်ပင် အစရှိသော သက်မဲ့အရာဝတ္တုတို့သည် မသွား မလာ တည်မြဲနေရာ၌သာ တည်ရှိနေကြသကဲ့သို့ အသုဘကောင်သည်လည်း ထ၍ လိုက်မလာနိုင်ချေ။ စင်စစ် အသုဘကမ္မဋ္ဌာန်းအာရုံ ထင်မြင်လာခြင်းသာ ဖြစ်ပေသည်´ဟု နှလုံးသွင်းဆင်ခြင်ရမည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
ဘာဝနာပွားများနည်း
ဘာဝနာအဓိပ္ပာယ်
ဘာဝနာဟူသည် ပါဠိဝေါဟာရဖြစ်၏။ ရူမှတ်အားထုတ်သူအတွက် လွန်စွာ ကျေးဇူးများလှသဖြင့် သမထကို ဖြစ်စေ၊ ၀ိပဿနာကို ဖြစ်စေ မိမိသန္တာန်၌ အကြိမ်ကြိမ် အထပ်ထပ် တိုးပွားဖြစ်လာအောင် အားထုတ်နေမူကို ဘာဝနာဟုခေါ်သည်၊ ထိုဘာဝနာကား သမထဘာဝနာ၊ ၀ိပဿနာဘာဝနာဟု နှစ်မျိုးရှိသည်။
သမထ၏အဓိပ္ပာယ်
လောဘ စသော အပူဓာတ်(ကိလေသာ)များကို ငြိမ်းအေးစေတတ်သောကြောင့် တည်ငြိမ်မူ(သမာဓိ)ကို သမထဟု ခေါ်ပါသည်။
ပုထုဇဉ်ပုဂ္ဂိုလ်သည် သမာဓိထူထောင်မူလုပ်ငန်း(သမထကျင့်စဉ်)ကို ကျင့်သောအခါ ရူမှတ်နေသော အာရုံအပေါ်၌ စူးစိုက်တည်ငြိမ်သော သမာဓိတရားများ ဖြစ်ပွားလေ့ရှိ၏။ ထိုအခါ လောဘ၊ ဒေါသ စသော အပူဓာတ်(ကိလေသာ)များ ဖြစ်ပွားခွင့်မရဘဲ မိမိ၏စိတ်သည် ငြိမ်းအေးနေတတ်၏။ ထိုသို့ငြိမ်းအေးနေမူ သမာဓိကိုပင် သမထဟုခေါ်သည်။ အပူဓာတ်(ကိလေသာ)တို့ကို ငြိမ်းအေးစေတတ်သောတရားဟု အဓိပ္ပာယ်ရှိသည်။
ကိလေသာကုန်ခမ်း၍ ရဟန္တာဖြစ်ပြီးမှ လောကီဈာန်များကို အားထုတ်ရာ၌ကား အပူဓာတ်(ကိလေသာ)များကို ငြိမ်းအေးစေဖွယ်မလို၊ ပင်ကိုကပင်ငြိမ်းအေးပြီးဖြစ်သည်။
ခြုံ၍ဆိုရလျှင် လောဘ စသော အပူဓာတ်(ကိလေသာ)များ၊ မငြိမ်သက်သော စိတ်များ၊ ရုန်းရင်းကြမ်းတမ်းသော ဈာန်အင်္ဂါများကို ငြိမ်းအေးစေတတ်သောကြောင့် သမထ မည်သည်။
ဝိပဿနာ၏အဓိပ္ပာယ်
လောကတွင် ပုဂ္ဂိုလ် သတ္တ၀ါ အရာဝတ္ထုဟူ၍မရှိ၊ ရုပ်နှင့်နာမ် သဘာဝသာ ရှိသည်။ ယင်း ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည်ဖြင့် ထူးထူးခြားခြား ရူမြင်တတ်သော ဉာဏ်ပညာကို ၀ိပဿနာဟုခေါ်၏။
ဝိပဿနာဉာဏ်အမြင်မရှိသော ပုဂ္ဂိုလ်တို့အား ရုပ်နှင့်နာမ် ပေါင်းစပ်နေသော သတ္တ၀ါများကို လူ နတ် ဗြဟ္မာ၊ ယောက်ျား၊ မိန်းမ စသည်ဖြင့်ဖြစ်စေ၊ ရုပ်ကလာပ် အပေါင်းအစုဖြစ်သော အရာဝတ္ထုတို့ကိုလည်း အိမ် ကျောင်း ဇရပ် သစ်ပင် တော တောင် စသည်ဖြင့် ဖြစ်စေ ထင်မြင်တတ်ကြသည်။ ထိုအရာတို့ကို မြဲ၏(နိစ္စ)၊ ချမ်းသာ၏(သုခ)၊ ကိုယ်ပိုင်ဖြစ်၏(အတ္တ)၊ ကောင်း၏ (သုဘ)ဟုလည်း ထင်မြင်တတ်ကြသည်။
ဤအမြင်များကား အန္ဓပုထုဇဉ်တို့ ထင်မြင်လေ့ရှိသော သာမန်အမြင်များဖြစ်၏၊ ၀ိပဿနာဉာဏ်ကား ထိုသာမန်အမြင်ထက် ထူးခြားထွင်းဖောက်ပြီး သတ္တ၀ါနှင့် အရာဝတ္ထုတို့သည် ရုပ်နာမ်သဘာဝသာဖြစ်၏၊ အမြဲမရှိ(အနိစ္စ)၊ ဆင်းရဲ၏(ဒုက္ခ)၊ အစိုးမရ(အနတ္တ)၊ မတင့်တယ်(အသုဘ)ဟု နက်နက်နဲနဲ သိမြင်လာသည်။ ထိုသို့ သိမြင်နိုင်သော ဉာဏ်ပညာကိုပင် ၀ိပဿနာဟု ခေါ်ဆိုခြင်းဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။