Kyaikhtiyo in Myanmar - Burma
Shwedagon in Yangon
Shwedagon Red Hall in Yangon ““မေတ္တသုတ်ပရိတ်မြန်မာလို ရွတ်ဖတ်ပူဇော်နည်း” ”














““တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ ဂုဏ်တော်ကွန်ချာ ရွတ်ပွားပုံ”
















““ဗုဒ္ဓပူဇနီယ” “ချန်းချန်း"”

















Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

Buddha FM Websites:

www.buddhafm.tv | www.buddhafm.net | www.buddhafm.info

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

The world two Nobel Icons

Welcome to Buddha FM


ဘုရား ပုံတော်

-မရဏဿတိကမ္မဋ္ဌာန်း-

မရဏဿတိကမ္မဋ္ဌာန်း


၈-အနုဿတိကမ္မဋ္ဌာနနိဒ္ဒေသ အနုဿတိကမ္မဋ္ဌာန်းကို အကျယ်ပြဆိုချက်

၈-အနုဿတိကမ္မဋ္ဌာနနိဒ္ဒေသ
အနုဿတိကမ္မဋ္ဌာန်းကို အကျယ်ပြဆိုချက်
၇-မရဏဿတိပွါးပုံ ပြဆိုချက်
[၂၂၂] ၁၆၇။ ယခုအခါ ဒေဝတာနုဿတိ၏ အခြားမဲ့ဖြစ်သော မရဏဿတိ ပွါးစေပုံကို အကျယ်ပြရန် အစဉ်ကျ ရောက်လာပေပြီ။ ထိုမရဏဿတိဟူသော ပုဒ်၌ မရဏ-သေခြင်းဟူသည်ကား တခုသော ဘဝ၌ အကျုံးဝင်သော အသက်ခေါ် ဇီဝိတိနြေ္ဒ၏ (လက်ရှိရုပ်နာမ် အစဉ်သန္တာန်၌ မဖြစ်ပေါ်လာတော့ပဲ) အကြွင်းမဲ့ ပြတ်စဲ၊ သွားခြင်းပေတည်း။ ဆက်၍ ရှင်းပြ ဦးအံ့-(၁) ရဟန္တာတို့၏ ရုပ်နာမ်အစဉ်ဟူသော ဝဋ်ဆင်းရဲ၏ လုံးဝမဖြစ်ပေါ်လာတော့ပဲ အကြွင်းမဲ့ ပြတ်စဲခြင်းဟုဆိုအပ်သော သမုစ္ဆေဒမရဏ (အကြွင်းမဲ့ပြတ်စဲခြင်း ဟူသော သေခြင်း)၊ (၂) ရုပ်နာမ်သင်္ခါရတို့၏ ခဏဘင် (ဘင်ခဏ)ဟု ဆိုအပ်သော ခဏိကမရဏ (ဘင်ခဏနှင့်ဆိုင်သော သေခြင်း)၊ (၃) သစ်ပင်သေသည်၊ သံသေသည် အစရှိသော စကားတို့၌ (ခေါ်ဆိုအပ် သိမှတ်အပ်သော) သမ္မုတိမရဏ (သမ္မုတိပညတ်အလို သေခြင်း)ဟူသော ထိုသုံးမျိုးသော သေခြင်းကို ဤမရဏဿတိအရာ၌ (မရဏ-သေခြင်း ဟု) အလိုမရှိအပ်ပေ (မဆိုလိုပေ)။
ဆက်ဦးအံ့-ဤအရာ၌ အလိုရှိအပ်သော ဇီဝိတိနြေ္ဒ၏ ပြတ်စဲခြင်းဟူသော သေခြင်းသည်လည်း (၁) ကာလမရဏ (သေချိန်ကျ၍ သေခြင်း)၊ (၂) အကာလမရဏ (သေချိန်မကျမီ သေခြင်း)ဟူ၍ ၂-ပါး အပြားရှိ၏။ ထိုတွင် ကာလမရဏ သည် ကောင်းမှုကံ၏ ကုန်ခြင်းကြောင့်၎င်း၊ အသက်တမ်း၏ ကုန်ခြင်းကြောင့်၎င်း၊ ထိုနှစ်ပါးလုံး၏ ကုန်ခြင်းကြောင့်၎င်း ဖြစ်၏ (ပြီးစီး၏)။ အကာလမရဏသည် မူလကံကို ဖြစ်တတ်သော ဥပစ္ဆေဒကကံ၏ အစွမ်းအားဖြင့် ဖြစ်၏။ ထိုမရဏတို့တွင် အသက်ရုပ်အစဉ်ကို ဖြစ်စေတတ်ကုန်သော အာဟာရစသော အထောက်အပံ့ အကြောင်းတို့၏ ပြည့်စုံခြင်း ရှိနေပါလျက် ပဋိသန္ဓေကို ဖြစ်စေတတ်သော မူလကံ၏အစွမ်းရှိသမျှ အကျိုးပေးပြီး ဖြစ်ခြင်းကြောင့် (ဝါ-အကျိုး ပေးနိုင်စွမ်းကုန်ခြင်းကြောင့်) (ဖြစ်သော ပြီးသော) သေခြင်းသည် ကောင်းမှုကံကုန်ခြင်းကြောင့် သေခြင်းမည်၏။ ဂတိသမ္ပတ္တိ -ဂတိ၏ ကောင်းမြတ်ပြည့်စုံခြင်း, ကာလသမ္ပတ္တိ-ကာလ၏ ကောင်းမြတ်ပြည့်စုံခြင်း, အာဟာရသမ္ပတ္တိ-အစာ၏ကောင်းမြတ် ပြည့်စုံခြင်း စသည်တို့၏ မရှိခြင်းကြောင့် ယခုကာလ လူတို့၏ အနှစ်တရာမျှ အတိုင်းအရှည် ရှိသကဲ့သို့သော အသက်တမ်း ၏ ကုန်ခြင်း၏ အစွမ်းအားဖြင့် (ဝါ-အသက်တမ်းကုန်သဖြင့်) (ဖြစ်သော) သေခြင်းသည် အသက်တမ်းကုန်ခြင်းကြောင့် သေခြင်းမည်၏။ ထိုမှတပါး ဒူသီမာရ်နတ် ကလာဗုမင်း စသည်တို့၏ (သေခြင်း)ကဲ့သို့ ထိုခဏ၌ပင်လျှင် တည်ရာမှရွေ့လျာ စေခြင်းငှါ စွမ်းနိုင်သော ကံက ဖြတ်အပ်သော ရုပ်နာမ်အစဉ်သန္တာန် ရှိသောသူတို့၏ (ဝါ-ကံကြောင့် ရုပ်နာမ်အစဉ် ပြတ်သွား သော သူတို့၏) အကြင်သေခြင်းသည်လည်း ရှိ၏၊ ရှေးဘဝက ပြုခဲ့သော ပါဏာတိပါတကံ၏ အစွမ်းအားဖြင့် ဓားကို ဆောင် ထည့်ခြင်း (ဝါ-ဓားဖြင့် ထိုးခြင်း ခုတ်ခြင်း) အစရှိသော လုပ်ကြံမှုတို့ကြောင့် ပြတ်ဆဲဖြစ်သော ရုပ်နာမ်အစဉ်သန္တာန် ရှိသော သူတို့၏ (ဝါ-ရုပ်နာမ်အစဉ် ပြတ်ဆဲဖြစ်သောသူတို့၏) အကြင်သေခြင်းသည်လည်း ရှိ၏၊ ဤ နှစ်ပါးသော သေခြင်းသည် အကာလမရဏ မည်၏။ ကာလမရဏ, အကာလမရဏ ဟူသော ထိုသေခြင်း အလုံးစုံကိုလည်း ဆိုခဲ့ပြီးသော အပြားရှိသော ဇီဝိတိနြေ္ဒပြတ်စဲခြင်း မရဏဖြင့် သိမ်းယူအပ်၏၊ သို့ဖြစ်၍ ဇီဝိတိနြေ္ဒ ပြတ်စဲခြင်းဟု ဆိုအပ်သော (မရဏ) သေခြင်းကို အောက်မေ့ခြင်းသည် မရဏဿတိ မည်၏။
၁၆၈။ ထိုမရဏဿတိကို ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပအာရုံ များမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍-
''(မရဏံ ဘဝိဿတိ)-သေခြင်းသည် ဖြစ်လတံ့၊ ဇီဝိတိန္ဒြိ-ယံ ဥပစ္ဆိဇ္ဇတိ) ဇီဝိတိနြေ္ဒသည် ပြတ်လတံ့''ဟူ၍ သော်၎င်း၊ ''(မရဏံ မရဏံ) သေခြင်း သေခြင်း''ဟူ၍ သော်၎င်း-
နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ နည်းလမ်း မှားယွင်းစွာ နှလုံးသွင်းသောသူမှာမူ လိုလားချစ်ခင်သူ၏ သေခြင်းကို အောက်မေ့ရာ၌ စိုးရိမ်ပူဆွေးမှု-သောက ဖြစ်တတ်၏ မွေးသည့်မိခင်မှာ သားချစ်ကလေး၏ သေခြင်းကို အောက်မေ့ရာ၌ ကဲ့သို့ပင်တည်း၊ မလိုလားသော မုန်းသူ၏ သေခြင်းကို အောက်မေ့ရာ၌ ဝမ်းမြောက်ခြင်းဖြစ်တတ်၏၊ ရန်သူ တို့မှာ ရန်သူ၏ သေခြင်းကို အောက်မေ့ရာ၌ကဲ့သို့ပင်တည်း၊ မချစ်မမုန်း အလယ်အလတ်ဖြစ်သူ၏ သေခြင်းကို အောက်မေ့ရာ ၌ ထိတ်လန့်မှု-သံဝေဂ မဖြစ်တတ်ပေ၊ သူသေကောင်ဖုတ်သော သုဘရာဇာမှာ သူသေကောင်ကို မြင်ရာ၌ ကဲ့သို့ပင်တည်း၊ မိမိ၏ သေခြင်းကို အောက်မေ့ရာ၌ ထိတ်လန့်ခြင်း ဖြစ်တတ်၏၊ သူသတ်သမားက ခုတ်သတ်ရန် ဓားမိုးထားသည်ကိုမြင်လျှင် [၂၂၃] ကြောက်တတ်သောသူမှာ (ထိတ်လန့်ခြင်း ဖြစ်သ)ကဲ့သို့ပင်တည်း။ (သောကဖြစ်ခြင်း အစရှိသော) ထိုအလုံးစုံသည် လည်း အမှတ်ရမှု-သတိ, ထိတ်လန့်မှု-သံဝေဂနှင့် ဆင်ခြင်ဉာဏ် ကင်းခြင်းကြောင့် ဖြစ်ပေသည်၁၊ ထို့ကြောင့် ထိုထို တော အရပ် သုဿန်စသည်တို့၌ အသတ်ခံရသူ အလိုလိုသေသူတို့ကို ကြည့်ရှုပြီးလျှင် စည်းစိမ်ချမ်းသာနှင့် အထင်အရှား ပြည့်စုံ ကုန်လျက် သေကြလေကုန်သော ပုဂ္ဂိုလ်တို့၏ သေခြင်းကိုလည်း ဆင်ခြင်ပြီးလျှင် အမှတ်ရမှု-သတိ, ထိတ်လန့်မှု-သံဝေဂ နှင့် ဆင်ခြင်မှု-သမ္ပဇဉ်ဉာဏ်ကို ဖြစ်စေ၍ ''သေခြင်းသည် ဖြစ်လတံ့'' အစရှိသောနည်းဖြင့် နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ဤဆိုခဲ့သည့်အတိုင်း (နှလုံးသွင်းခြင်းကို) ဖြစ်စေလျှင် သင့်သောအကြောင်းအားဖြင့် ဖြစ်စေသည် မည်ပေ၏၊ အကြောင်းမှန်နည်း လမ်းမှန် ဖြစ်စေသည်ဟု ဆိုလို၏။ မှန်ပေ၏-ဤဆိုခဲ့သည့်အတိုင်း (နှလုံးသွင်းခြင်းကို) ဖြစ်စေစဉ်ပင်လျှင် အချို့ ယောဂီအား နီဝရဏတို့သည် ကွာကုန်၏၊ သေခြင်းလျှင် အာရုံရှိသော အမှတ်ရမှု-သတိသည်ကောင်းစွာ တည်၏၊ ဥပစာရသို့ ရောက်သည်သာလျှင် ဖြစ်သောကမ္မဋ္ဌာန်းသည် ဖြစ်ပေ၏။
၁၆၉။ ဤဆိုခဲ့သည့်အတိုင်း နှလုံးသွင်းရုံမျှဖြင့် ဥပစာရသို့ မရောက်သေးလျှင် ထိုယောဂီသည် (၁) သူသတ်သမား ကဲ့သို့ ရှေးရှုကပ်လျက် တည်သောအားဖြင့်၎င်း၊ (၂) ပြည့်စုံခြင်း ပျက်စီးခြင်းအားဖြင့်၎င်း၊ (၃) (သေခြင်းကို) အနီးသို့ ဆောင် သောအားဖြင့်၎င်း၊ (၄) ရုပ်ကိုယ်၏ သတ္တဝါအများတို့နှင့် ဆက်ဆံသောအားဖြင့်၎င်း၊ (၅) အသက်၏အားနည်းသော အားဖြင့် ၎င်း၊ (၆) (သေခြင်း၏) အမှတ်နိမိတ် မရှိသောအားဖြင့်၎င်း၊ (၇) အသက်တမ်း၏အပိုင်းအခြားဖြင့်၎င်း၊ (၈) ရှင်ဆဲခဏ၏ တိုတောင်းသောအားဖြင့်၎င်း၊ ဤရှစ်ပါးသော အခြင်းအရာတို့ဖြင့် သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ဆင် ခြင်အပ် ၏။
(၁) သူသတ်သမားကဲ့သို့ ရှေးရှုကပ်လျက် တည်သောအားဖြင့်ရှုပုံ
ထို့တွင် (၁) သူသတ်သမားကဲ့သို့ ရှေးရှုကပ်လျက် တည်သောအားဖြင့်-ဟူရာ၌ အကျယ်ကား-သူသတ်သမား၏ ရှေးရှုအနီး၌ ရပ်နေခြင်းကဲ့သို့ သေခြင်း၏ ရှေးရှုကပ်လျက် တည်နေခြင်းအားဖြင့် (အောက်မေ့ဆင်ခြင်အပ်၏)။ ချဲ့၍ ပြဦးအံ့ -သူသတ်သမားသည် ''ဤသူ၏ ဦးခေါင်းကို ဖြတ်အံ့''ဟု သံလျက်ကို စွဲကိုင်ပြီးလျှင် (အသတ်ခံရမည့်သူ၏) လည်ပင်းဆီသို့ (သန်လျက်ကို) ခုတ်သတ်မည့်အသွင်ဖြင့် သွားစေလျက် ရှေးရှုအနီး၌ တည်ဘိသကဲ့သို့ ဤအတူပင် သေခြင်းသည်လည်း ရှေးရှုကပ်လျက် တည်နေသည်သာဟု အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်၏။ အဘယ့်ကြောင့်နည်း?ဟူမူ ဇာတိနှင့်အတူ တကွ လာခဲ့သောကြောင့်၎င်း၊ အသက်ကို ဆောင်သွားတတ်-သေစေတတ်သောကြောင့်၎င်း ဖြစ်ပေသည်။ ချဲ့၍ပြအံ့-မှိုငုံသည် (ပေါက်လာကတည်းက) ဦးထိပ်ဖြင့် မြေမှုန့်ကို ယူလျက်သာလျှင် ပေါက်လာသကဲ့သို့ ဤအတူပင် သတ္တဝါတို့သည် အိုခြင်း သေခြင်းကို ယူလျက်သာလျှင် ဘဝအသစ်ဖြစ်လာကုန်၏၊ ထိုစကားမှန်ပေ၏-ယင်း သတ္တဝါတို့၏ ပဋိသန္ဓေစိတ်သည် ဖြစ်ခိုက် (ဥပါဒ်ခဏ)၏ အခြားမဲ့၌ပင်လျှင် ဌီ-ဟု ဆိုအပ်သော အိုရင့်ခြင်းသို့ ရောက်ပြီးလျှင် တောင်ထွတ်မှ ပြုတ်ကြသော ကျောက်တုံးကဲ့သို့ ယှဉ်ဘက်ခန္ဓာတို့နှင့်တကွ ပျက်စီး၏၊ ဤဆိုခဲ့သည့်အတိုင်း ခဏိကမရဏ (စိတ်၏ခဏ ရုပ်၏ခဏနှင့် ဆိုင်သော သေခြင်း)သည် ဇာတိနှင့်အတူတကွ လာခဲ့ပေသည်။ သည်မျှသာမကသေး ဖြစ်ပြီးသော သတ္တဝါသည် မချွတ်ဧကန် သေရခြင်းကြောင့် ဤ မရဏဿတိအရာ၌ အလိုရှိအပ်သော ဇီဝိတိနြေ္ဒ၏ ပြတ်စဲခြင်းဟူသော သေခြင်းသည်လည်း ဇာတိနှင့် အတူတကွပင် လာခဲ့ပေသည်။ ထို့ကြောင့် ဤသတ္တဝါသည် (ပဋိသန္ဓေအားဖြင့်) ဖြစ်သော ကာလမှစ၍၁ ပုံပမာပြရလျှင် ထွက်ပြီးသော နေသည် ဝင်ခြင်းသို့ ရှေးရှုလျက် သွားသာလျှင် သွား၏၊ ရောက်ရာ ရောက်ရာ အရပ်မှ အနည်းငယ်မျှ သော်လည်း ပြန်၍ဆုတ်ခြင်း မရှိသကဲ့သို့၎င်း၊ လျင်သော အယဉ်ရှိသော (ကျလာသော မြက်သစ်ရွက်စသည်ကို) အလွန်လျင် စွာ ဆောင်တတ်သော တောင်ကျချောင်းသည် ရှေ့သို့သာလျှင် စီးသွားသကဲ့သို့ လိမ့်ဆင်း သကဲ့သို့ အနည်းငယ်မျှသော်လည်း နောက်သို့ မပြန်သကဲ့သို့၎င်း ဤအတူပင် အနည်းငယ်မျှသော်လည်း မပြန်မဆုတ် မူ၍ သေခြင်းသို့ ရှေးရှုလျက်သာလျှင်သွား နေ၏။ ထို့ကြောင့် အောက်ပါ ဂါထာကို မိန့်ဆိုထားပေသည်။
''သတ္တဝါသည် အကြင် တခုသော ညဥ့်၌ (ဝါ-တခုသော အချိန်၌) ရှေးဦးစွာ အမိဝမ်း၌ ပဋိ သန္ဓေတည်လျက် နေ၏၊ ထိုညဥ့် ထိုအချိန် မှစ၍ ထိုသတ္တဝါသည် (သေခြင်းဆီသို့) ချီတက်လျက် သာလျှင် သွားနေ၏၊ ဤသို့ တသွားတည်းသွားနေသော ထိုသတ္တဝါသည် (ခဏမျှသော်လည်း) မပြန် မဆုတ်ချေ။''
ဤသို့ တသွားတည်း သွားနေသော ထိုသတ္တဝါအား နွေရာသီအပူရှိန်ဖြင့် ပူလောင်သောကြောင့် မြစ်ငယ် ချောင်း မြောင်းတို့၏ ကုန်ခန်းခြင်းကဲ့သို့၎င်း၊ အညှာရင်းသို့ အစဉ်လျှောက်သော ရေ၏ ရသဓာတ်ဖြင့် စွတ်စိုကုန်သော သစ်သီးတို့၏ နံနက်ကာလ၌ ကြွေကျခြင်းကဲ့သို့၎င်း၊ ဆောက်ပုတ်-ဒုတ်ဖြင့် ရိုက်အပ်ကုန်သော [၂၂၄] မြေအိုးမြေခွက်တို့၏ ကွဲပျက်ခြင်း ကဲ့သို့၎င်း၊ နေရောင်ဖြင့် တွေ့ထိခံရကုန်သော နှင်းပေါက်တို့၏ ပျက်စီး ပျောက်ကွယ်ခြင်းကဲ့သို့၎င်း သေခြင်းသည်သာလျှင် (သာ၍ သာ၍) နီးကပ်လျက် ရှိ၏။ ထို့ကြောင့် အောက်ပါ ဂါထာတို့ကို မိန့်ဆိုထားပေသည်။ ''နေ့ ညဥ့်တို့သည် ကုန်လွန် သွားကုန်၏၊ အသက်သည် ချုပ်လျက် ရှိ၏၊ မြစ်ငယ် ချောင်း မြောင်းတို့၏ ရေသည် (နွေရာသီ၌ တနေ့တခြား) ကုန်သွားသကဲ့သို့ သတ္တဝါတို့၏ အသက်သည် (ဝါ-အသက်ရှင်နေရမည့် အချိန်ကာလသည်) ကုန်သွားလျက် ရှိ၏။
မှည့်ကုန်သော သစ်သီးတို့၏ နံနက်ခင်း၌ ကြွေကျမည်မှ ကြောက်ဖွယ်ဘေး ရှိသကဲ့သို့ ထို့ အတူပင် ပဋိသန္ဓေ အားဖြင့် ဖြစ်လာပြီးကုန်သော သတ္တဝါတို့အား သေခြင်းမှ (ဝါ-သေရမည်မှ) ကြောက်ဖွယ်ဘေးသည် အမြဲရှိနေချေ၏။
အိုးထိန်းသည်၏ ပြုလုပ်အပ်ပြီးသော အငယ် အကြီး မီးဖုတ်ပြီး မီးမဖုတ်ရသေးသော မြေအိုး မြေခွက် ဟူသမျှ အလုံးစုံသည် ကွဲပျက်ခြင်းလျှင် အဆုံးရှိသကဲ့သို့ ထို့အတူပင် သတ္တဝါတို့၏ အသက် သည် ပျက်စီးခြင်းလျှင် အဆုံးရှိ ချေ၏။
နေထွက်လာခြင်းကြောင့် မြက်ဖျား၌ နှင်းပေါက် (သည်သွေ့ခြောက် ကွယ်ပျောက်သွားသ) ကဲ့သို့ ဤအတူ လူတို့၏ အသက်သည် (သေလွယ် ပျက်လွယ်လှ၏)။ ထို့ကြောင့် ကျွန်ုပ်ကို ရဟန်းပြု ခြင်းမှ မတားမြစ်ပါနှင့် မိခင်။''
ထိုမှတပါး ဤဆိုခဲ့သည့်အတိုင်း သန်လျက် ချီမိုးနေသော သူသတ်သမား (သည် ရှေးရှုအနီး၌ တည်နေသ)ကဲ့သို့ ဇာတိနှင့် အတူတကွ ပါလာခဲ့သော ဤသေခြင်းသည် လည်ပင်းဆီသို့ သန်လျက်ကို သွားစေသော ထို သူသတ်သမားကဲ့သို့ ပင် အသက်ကို ဆောင်သွားတတ်-သေစေတတ်သည်သာလျှင်တည်း၊ မဆောင်ပဲ-မသေစေပဲ ဆုတ်နစ်သည် ဟူ၍ မရှိပေ။ ထို သို့ ဇာတိနှင့်အတူတကွ လာခဲ့သောကြောင့်၎င်း၊ အသက်ကို ဆောင်သွားတတ်-သေစေတတ်သောကြောင့်၎င်း ချီမိုး ထားသည့် သန်လျက်ရှိသော သူသတ်သမားကဲ့သို့ သေခြင်းသည်လည်း ရှေးရှုကပ်လျက် တည်ရှိနေသည်သာတည်း၊ သို့ဖြစ်၍ ဤဆိုခဲ့ သည့်အတိုင်း သူသတ်သမားကဲ့သို့ ရှေးရှုကပ်လျက် တည်သောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ် ပေသည်။ (၁)
(၂) ပြည့်စုံခြင်း ပျက်စီးခြင်းအားဖြင့် ရှုပုံ
၁၇ဝ။ (၂) ပြည့်စုံခြင်း ပျက်စီးခြင်းအားဖြင့်-ဟူရာ၌ အကျယ်ကား-ဤလောက၌ ပြည်စုံခြင်း (သမ္ပတ္တိ) မည်သည် မှာ ပျက်စီးခြင်း (ဝိပတ္တိ)က ၎င်းကို မလွှမ်းမိုးမီ အတွင်း၌သာလျှင် တင့်တယ် ကောင်းမြတ်ပေသည်၊ ပျက်စီးခြင်းကို ကျော် လွန်၍ တည်သော (ဝါ-မပျက်စီးနိုင်သော) ပြည့်စုံခြင်းမည်သည်လည်း မရှိချေ။ ထို့ကြောင့်ပင်လျှင်- (နတ်စည်းစိမ်နှင့်တူသော စည်းစိမ်များနှင့် အစိုးရခြင်းဖြင့်)အလွန်အကဲ ချမ်းသာနှင့်ပြည့်စုံ သော အသောကမင်းသည် ဇမ္ဗူဒိပ် (ခေါ် အိန္ဒိယ) တမြေထောင်လုံးကို အုပ်စိုးသုံးဆောင်လျက် ကုဋေ တရာသော ဥစ္စာကို ပေးလှူပြီးလျှင် နောက်ဆုံးကာလ၌ ဆီးဖြူသီးတခြမ်းမျှကို အစိုးရသော ပိုင်ရှင်အ ဖြစ်သို့ ရောက်လေ၏။
အသောက (မစိုးရိမ်) မည်သော ထိုဧကရာဇ်မင်းသော်မှလည်း ကောင်းမှုကုန်ခြင်းသို့ ရောက် လတ်သော် ထိုကိုယ်ခန္ဓာဖြင့်ပင်လျှင် သေခြင်းသို့ ရှေးရှုဖြစ်လျက် စိုးရိမ်ပူဆွေးခြင်းသို့ ရောက်ရရှာ လေပြီ။ ဤကား သံဝေဂဂါထာ ၂-ပုဒ်ပေတည်း။
[၂၂၅] တနည်းသော်ကား အလုံးစုံသော အနာကင်းခြင်း ကျန်းမာခြင်းသည် နာခြင်းလျှင် အဆုံးရှိ၏၊ အလုံးစုံသော ပျိုမျစ်နုနယ် အရွယ်ကောင်းခြင်းသည် အိုခြင်းလျှင်အဆုံးရှိ၏၊ အလုံးစုံသော အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိ၏၊ အလုံးစုံပင်ဖြစ်သော သတ္တဝါအပေါင်းကို ဘဝအသစ်ဖြစ်ခြင်းက အစဉ်လိုက်လာ၏၊ အိုခြင်းက ပူးဝင်ပျံ့နှံ့လျက်ရှိ၏၊ နာခြင်း က လွှမ်းမိုးနှိပ်စက်၏၊ သေခြင်းက ပြင်းစွာပုတ်ခတ် ရိုက်သတ်လျက်ရှိ၏။ ထို့ကြောင့် အောက်ပါ ဂါထာများကို ဟောကြား တော်မူပေသည်။
မိုးကောင်းကင်ကို ထိဆိုက်လျက် မြင့်မားကြီးကျယ်ကုန်သော ကျောက်တောင်ကြီးတို့သည် ပတ်ဝန်းကျင် အရပ်လေးမျက်နှာမှ (ရှိသမျှကို) ကြိတ်ချေကြကုန်လျက် အစဉ်အတိုင်း လိမ့်၍ လိမ့်၍ လာကုန်သကဲ့သို့ထို့အတူပင် အိုခြင်းနှင့် သေခြင်းတို့သည် မင်းတို့ကို၎င်း ပုဏ္ဏားတို့ကို၎င်း, သူကြွယ်တို့ကို ၎င်း, သူဆင်းရဲတို့ကို၎င်း, ဒွန်းစဏ္ဍား ပန်းမှိုက်သွန်တို့ကို၎င်း သတ္တဝါအားလုံးတို့ကို လွှမ်းမိုး နှိပ်စက် ကုန်၏။
တစုံတယောက်ကိုမျှ မရှောင်မချန် အားလုံးကိုပင် ဖိနှိပ်ကြိတ်ချေ၏။ ထိုအိုခြင်း သေခြင်းတို့က နှိပ်စက်ရာ၌ ဆင်တပ်တို့၏ အောင်မြေမရှိ၊ (မြင်းတပ်) ရထား တပ်တို့၏ အောင်မြေမရှိ၊ ခြေလျှင်တပ်၏ အောင်မြေမရှိ၊ တိုင်ပင်ဉာဏ်ကိုမှီ၍ စစ်ထိုးခြင်းဖြင့် သော်၎င်း ဥစ္စာတံစိုး လက်ဆောင်ထိုးခြင်းဖြင့်သော်၎င်း အောင်နိုင်ရန်လည်း မစွမ်းနိုင်ချေ။ ဤဆိုခဲ့သည့်အတိုင်း အသက်ရှင်ခြင်း ဟူသော ပြည့်စုံခြင်းမှာ သေခြင်းဟူသော ပျက်စီးခြင်းလျှင် အဆုံးရှိသည်၏ အဖြစ်ကို ပိုင်းခြား မှတ်သားသည်ဖြစ်၍ ပြည့်စုံခြင်း ပျက်စီးခြင်းအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ် ပေသည်။ (၂)
(၃) အနီးသို့ဆောင်သောအားဖြင့် ရှုပုံ
၁၇၁။ (၃) အနီးသို့ ဆောင်သောအားဖြင့်-ဟူသည်ကား သေလေကုန်သော သူတပါးတို့နှင့် အတူတကွ မိမိ၏ သေခြင်းကို အနီးသို့ ဆောင်သောအားဖြင့် (ဟု ဆိုလို၏)။ ထိုသို့ အနီးသို့ ဆောင်သော အားဖြင့် အောက်မေ့ရာ၌ (က) အခြံ အရံများခြင်းအားဖြင့်၎င်း၊ (ခ) ဘုန်းကံကြီးမားခြင်း အားဖြင့်၎င်း၊ (ဂ) ခွန်အားကြီးခြင်း အားဖြင့်၎င်း၊ (ဃ) တန်ခိုးကြီးခြင်း အားဖြင့်၎င်း၊ (င) ပညာကြီးခြင်းအားဖြင့်၎င်း၊ (စ) ပစ္စေကဗုဒ္ဓါအားဖြင့်၎င်း၊ (ဆ) သမ္မာသမ္ဗုဒ္ဓ ဘုရားအားဖြင့်၎င်း ဤခုနစ် ပါးသော အခြင်းအရာတို့ဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏။ အဘယ်သို့နည်း? ဟူမူ- (က) ဤသေခြင်းမည်သော တရားသည် များသောအကျော်အစော အခြံအရံရှိကုန်သော များစွာသော စည်းစိမ်ဥစ္စာ ယာဉ်ရထားရှိကုန်သော မဟာသမ္မတမင်း မန္ဓာတ်မင်း မဟာသုဒဿနမင်း ဒဠှနေမိမင်း နိမိမင်းစသော မင်းတို့၏သော်လည်း အထက်၌ရွံ့ရှားခြင်း မရှိပဲ ရဲရဲကြီးသာလျှင် ကျရောက်တုံသေး၏၊ ငါ့အပေါ်၌ အဘယ့်ကြောင့် မကျရောက်ပဲ ရှိချေအံ့နည်း။ မဟာသမ္မတမင်း အစရှိကုန်သော မင်းမြတ်တို့သည် များသော အခြံအရံရှိကြပေကုန်၏၊ ထို မင်းမြတ်တို့သော် မှလည်း သေမင်း၏အလိုသို့ ရောက်ကြရတုံသေး၏၊ ငါသို့သော သာမန်ပုဂ္ဂိုလ်တို့ ၌ အဘယ်မှာ ဆိုဖွယ်ရှိချေအံ့နည်း ဟူ၍ဤဆိုခဲ့သည့်အတိုင်း အခြံအရံများခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၃- က)
(ခ) ဘုန်းကံကြီးမားခြင်းအားဖြင့် အဘယ်သို့ အောက်မေ့ဆင်ခြင်အပ်သနည်း? ဟူမူဇောတိကသေဋ္ဌေး ကြီး ဇဋိလသေဋ္ဌေးကြီး ဥဂ္ဂါသူကြွယ်မေဏ္ဍက သေဋ္ဌေးကြီး ပုဏ္ဏသေဋ္ဌေး ဟူသော ဤပုဂ္ဂိုလ်ကြီး တို့သည်၎င်း၊ လောက၌ ဘုန်းကံကြီးမားသူ¼ဟု ထင်ရှားကျော်စောကုန်သော (အနာထပိဏ် ဓနဉ္စယ အစရှိကုန်သော).အခြား သေဋ္ဌေး သူကြွယ်တို့သည်၎င်း ထိုအလုံးစုံသော ပုဂ္ဂိုလ်ကြီးတို့သည် သေခြင်းသို့ ရောက်ကြရလေကုန်ပြီ ငါသို့သော သာမန်ပုဂ္ဂိုလ်တို့၌ အဘယ်မှာ ဆိုဖွယ် ရှိချေအံ့နည်းဟူ၍ဤဆိုခဲ့သည့်အတိုင်း ဘုန်းကံ ကြီးမားခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၃-ခ)
[၂၂၆] (၃-ဂ) ခွန်အားကြီးခြင်းအားဖြင့် အဘယ်သို့ အောက်မေ့ ဆင်ခြင်အပ်သနည်း?ဟူမူ- ဝါသုဒေဝမင်း (၎င်း၏ညီတော်) ဗလဒေဝမင်း ဘီမသေနမင်း ယုဓိဋ္ဌိလမင်း လက်ဝှေ့လက်ပမ်းသည်ကြီး ဖြစ်သော စာနုရ (ဟူသော ဤ ခွန်အားကြီးသူတို့သည်) သေမင်း၏ အလိုနိုင်ငံသို့ ရောက်ကြလေကုန်ပြီ။ ဤသို့စွမ်းရည်သတ္တိ ခွန်အားနှင့် ပြည့်စုံကြသည် ဟူ၍ လောက၌ ကျော်စောကုန်သော (ဝါသု ဒေဝ အစရှိသော) ဤ သူတို့သော်မှလည်း သေခြင်းသို့ ရောက်ကြ ရတုံသေး၏၊ ငါသို့သော သာမန် ပုဂ္ဂိုလ်တို့၌ အဘယ်မှာ ဆိုဖွယ်ရှိချေ အံ့နည်းဟူ၍ဤဆိုခဲ့သည့်အတိုင်း ခွန်အားကြီးခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ် ပေသည်။ (၃-ဂ)
(၃-ဃ) တန်ခိုးကြီးခြင်းအားဖြင့် အဘယ်သို့ အောက်မေ့ ဆင်ခြင်အပ်သနည်း ဟူမူတန်ခိုး ရှင်တို့တွင် အမြတ်ဆုံးဖြစ်၍ ဒုတိယအဂ္ဂသာဝက ဖြစ်တော်မူသော အရှင်မဟာ မောဂ္ဂလ္လာန် မထေရ်သည် သိကြားမင်း၏ စံရာ ဝေဇယန္တာပြာသာဒ်ကို ခြေမတော်မျှဖြင့် တုန်လှုပ်စေခဲ့ ၏။ ထိုမျှလောက် တန်ခိုးကြီးသော အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သော်မှလည်း ခြင်္သေ့၏ ခံတွင်းသို့ ဝင်ရသော သမင်ကဲ့သို့ ကြမ်းကြုတ်စွာသော သေမင်း၏ခံတွင်းသို့ တန်ခိုးတော်များနှင့်တကွ ဝင်ရတုံ သေး၏၊ ငါကဲ့သို့သော သာမန်ပုဂ္ဂိုလ်တို့၌ အဘယ်မှာဆိုဖွယ် ရှိချေအံနည်း¼ဟူ၍ဤဆိုခဲ့သည့်အတိုင်း တန်ခိုးကြီးခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ် ပေသည်။ (၃- ဃ)
(၃-င) ပညာကြီးခြင်းအားဖြင့် အဘယ်သို့ အောက်မေ့ဆင်ခြင်အပ်သနည်း?ဟူမူမြတ်စွာဘုရားမှတပါး ရှိရှိသမျှ အားလုံးသော သတ္တဝါတို့၏ (အသိဉာဏ်ပညာတို့သည်) အရှင်သာရိပုတ္တရာ ဉာဏ်ပညာတော်၏ တဆယ့်ခြောက်စိတ် တစိတ်ကိုမျှ (ဝါ-၂၅၆-စိတ် တစိတ် ကိုမျှ) မမှီနိုင်ကုန်။
ဤသို့ ဉာဏ်ပညာကြီးတော်မူ၍ ပဌမ အဂ္ဂသာဝက ဖြစ်တော်မူသော အရှင်သာရိပုတ္တရာသည် (သော်မှလည်း) သေမင်း၏အလိုနိုင်ငံသို့ ရောက်ရတုံသေး၏၊ ငါကဲ့သို့သော သာမန်ပုဂ္ဂိုလ်တို့၌ အဘယ်မှာ ဆိုဖွယ်ရှိချေအံ့နည်း¼ ဟူ၍ဤဆိုခဲ့သည့်အတိုင်း ပညာကြီးခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ် ပေသည်။ (၃-င)
အစမွ်း အာ(း၃ -စ) ပစေက္စ ဗဒ္ဓုါ အားဖြင့် အဘယ်သ့ို အောက်မေဆ့ င်ြခငအ် ပ်သ နည်း ?ဟမူ -ူ မမိ ၏ိ ဉာဏန် ငှ့် ဝရီ ယိ ၏ ဖြင့် အလုံးစုံသော ကိလေသာ ရန်သူတို့ကို ချေမှုန်း ပယ်ဖျက်တော်မူကြလျက် ပစ္စေကဗောဓိဉာဏ် သို့ ရောက်တော်မူကြကုန် သော တပါးတည်းသာ နေလေ့ရှိကြသဖြင့် တချောင်းတည်းသာ ပေါက်သည့် ကြံ့ချိုနှင့် တူတော်မူကြကုန်သော ကိုယ်ပိုင် ဉာဏ်ဖြင့်သာ သစ္စာကို သိတော်မူကြသဖြင့် သယမ္ဘူမည်တော်မူကြကုန်သော အကြင် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် ရှိကြ ကုန်၏၊ ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သော်မှလည်း သေခြင်းမှ မလွတ်ကြပေကုန်၊ ငါသည်ကား (သေခြင်းမှ) အဘယ်မှာ လွတ်ချေအံ့နည်း¼ဟူ၍၎င်း-
(လက်ကောက် နှစ်ခုတို့၏အချင်းချင် ထိခိုက်ခြင်း အစရှိသော) ထိုထိုအကြောင်းနိမိတ်ကို စွဲမှီကုန်၍ စူးစမ်းဆင်ခြင်ကုန်လျက် အကြင်ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် မိမိအလိုလိုဖြစ်သော သယမ္ဘူဉာဏ်အစွမ်းဖြင့် အာသဝေါကုန်ခြင်းသို့ ရောက်တော်မူကြပေကုန်၏။ တပါးတည်းသာ ကျင့်လေ့ နေလေ့ ရှိခြင်းကြောင့် တချောင်းတည်းသာ ပေါက်သည့် ကြံ့ချို နှင့်တူတော်မူကြကုန်သော ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သော်မှလည်း သေခြင်းကို မကျော်လွန်နိုင် ကြလေကုန်၊ ငါသို့သော သာမန်ပုဂ္ဂိုလ်တို့ ၌ အဘယ်မှာ ဆိုဖွယ်ရှိချေအံ့နည်း¼ဟူ၍၎င်း- [၂၂၇] ဤဆိုခဲ့သည့်အတိုင်း ပစ္စေကဗုဒ္ဓါ (အရှင်မြတ်တို့၏ ဖြစ်ပုံ)အားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ ဆင်ခြင် အပ်ပေသည်။ (၃-စ)
(၃-ဆ) သမ္မာသမ္ဗုဒ္ဓဘုရားအားဖြင့် အဘယ်သို့ အောက်မေ့ဆင်ခြင်အပ်သနည်း?ဟူမူ ဘုန်းတော်ကြီးသော အကြင် မြတ်စွာဘုရားသည် ရှစ်ဆယ်သော လက္ခဏာငယ်တို့ဖြင့် တန်ဆာဆင်အပ်ကုန်သော သုံးဆယ့်နှစ်ပါးသော မဟာပုရိသ လက္ခဏာတော်ကြီးတို့ဖြင့် ဆန်းကြယ်သော ရုပ်ကိုယ်တော်နှင့်လည်း ပြည့်စုံတော်မူပေ ၏၊ ခပ်သိမ်းသော အခြင်းအရာအား ဖြင့် ထက်ဝန်းကျင် စင်ကြယ်ကုန်သော သီလအစု အစရှိကုန်သော ဂုဏ်ရတနာတို့ဖြင့် ပြီးသော. (ဓမ္မကာယ) တရားကိုယ် တော်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ အခြံအရံများသူ၏အဖြစ် ဘုန်းကံကြီးသူ ၏အဖြစ် ခွန်အားကြီးသူ၏အဖြစ် တန်ခိုးကြီးသူ ၏အဖြစ် ပညာကြီးသူ၏အဖြစ်တို့၏ (ဝါ-အခြံအရံများခြင်း...ပညာ ကြီးခြင်းတို့၏) ခေါင်ထိပ်တဖက်ကမ်းသို့ ရောက်တော် မူ၏၊ တူသူမရှိသော ရှေးဘုရား နောင်ပွင့်မည့် ဘုရားတို့နှင့်သာ တူတော်မူ၏၊ ပြိုင်ဘက် တူသူမရှိပေ၊ ကိလေသာတို့မှ ဝေး ကွာစင်ကြယ်တော်မူပေ၏၊ မှန်စွာ ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပေ၏၊ ထိုသို့သော မြတ်စွာဘုရားသော်မှလည်း ရေအယဉ်မိုး (သည်းထန်စွာ) ကျခြင်းကြောင့် ငြိမ်းလေသော မီးပုံကြီးကဲ့သို့ သေခြင်းဟူသော မိုး၏ကျခြင်းကြောင့် တခဏချင်းပင် ငြိမ်း တော်မူလေ၏။
ဤ ဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော် ရှိသော မြတ်စွာဘုရား၏ အလိုနိုင်ငံသို့ အကြင် သေခြင်းသည် ကြောက်သဖြင့်လည်း မလိုက်၊ ရှက်သဖြင့်လည်း မလိုက်၊ (သူ့အလိုသို့သာ လိုက်စေ၏)။
ရှက်ခြင်းလည်းမရှိ ကြောက်ရွံ့ခြင်းလည်းကင်းသော သတ္တဝါအားလုံးကို ချေမှုန်းသတ်ဖြတ် တတ်သော ထိုသို့သော ဤ သေခြင်းသည် ငါသို့သော သတ္တဝါကို အဘယ့်ကြောင့် မလွှမ်းမိုး မနှိပ် စက်ပဲ ရှိတုံအံ့နည်းဟူ၍ဤ ဆိုခဲ့သည့်အတိုင်း သမ္မာသမ္ဗုဒ္ဓဘုရား (၏ဖြစ်ပုံ) အားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင် အပ်ပေသည်။ (၃-ဆ)
ဤဆိုခဲ့သည့်အတိုင်း အခြံအရံများခြင်း စသည်တို့နှင့် ပြည့်စုံကုန်သော အခြားပုဂ္ဂိုလ်တို့နှင့်တကွ သေခြင်း ဟူသော တူညီခြင်းရှိသည်၏ အဖြစ်ဖြင့် မိမိကိုယ်ကို (သေခြင်းသို့) ကပ်ဆောင်၍ ထိုပုဂ္ဂိုလ်ထူးတို့၏ သေခြင်းကဲ့သို့ ငါ၏လည်း သေရခြင်းသည် ဖြစ်လတံ့ဟု အဖန်တလဲလဲ အောက်မေ့ဆင်ခြင်သော ထို ယောဂီအား ဥပစာရသို့ရောက်သော ကမ္မဋ္ဌာန်းသည် ဖြစ်၏၊ သို့ဖြစ်၍ ဤဆိုခဲ့သည့်အတိုင်း အနီးသို့ ဆောင်သောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေ သည်။ (၃)
(၄) ရုပ်ကိုယ်၏ သတ္တဝါအများတို့နှင့် ဆက်ဆံသောအားဖြင့်ရှုပုံ
၁၇၂။ (၄) ရုပ်ကိုယ်၏ သတ္တဝါအများတို့နှင့် ဆက်ဆံသောအားဖြင့် ဟူရာ၌ အကျယ်ကား-ဤ ကိုယ်သည် များစွာ သော သတ္တဝါတို့နှင့် ဆက်ဆံ၏၊ ရှေးဦးစွာပြရလျှင် ရှစ်ဆယ်သော ပိုးမျိုးတို့နှင့် ဆက်ဆံ၏၊ ထိုပိုးတို့တွင်အရေပါးကို မှီ၍ နေကုန်သော ပိုးတို့သည် အရေပါးကို ခဲစားကုန်၏၊ အရေထူကို မှီ၍ နေကုန်သော ပိုးတို့သည် အရေထူကို ခဲစားကုန်၏၊ အသားကို မှီ၍ နေကုန်သော ပိုးတို့သည် အသားကို ခဲစားကုန်၏၊ အကြောကို မှီ၍ နေကုန်သော ပိုးတို့သည် အကြောကို ခဲစားကြကုန်၏၊ အရိုးကိုမှီ၍နေကုန်သော ပိုးတို့သည် အရိုးကို ခဲစားကြကုန်၏၊ ခြင်ဆီကိုမှီ၍နေကုန်သော ပိုးတို့သည် ခြင်ဆီကို ခဲစားကုန်၏၊ ထို မိမိတို့၏နေရာ အရေပါးစသည်တို့၌သာလျှင် ပေါက်ဖွားကုန်၏ အိုကုန်၏ သေကုန်၏ ကျင်ကြီး ကျင်ငယ် စွန့်ကုန်၏၊ ဤ ကိုယ်သည်ပင်လျှင် ထိုပိုးတို့၏ သားဖွား ခန်းလည်း ဖြစ်၏၊ (သူအိုရုံ) သူနာရုံလည်း ဖြစ်၏၊ သုသာန်လည်း ဖြစ်၏၊ ကျင်ကြီး အိမ်လည်းဖြစ်၏၊ ကျင်ငယ်ခွက်လည်းဖြစ်၏။ ထိုသို့သော ဤကိုယ်သည် ထိုပိုးမျိုးတို့၏ ပျက်စီးခြင်းကြောင့်လည်း သေခြင်းသို့ ရောက်တတ်သည်သာတည်း။ ထို့ပြင် ရှစ်ဆယ်သော ပိုးမျိုးတို့နှင့် ဆက်ဆံသကဲ့သို့ ထို့အတူပင် ကိုယ်တွင်း၌ ဖြစ်ကုန်သော အရာမက များစွာသော သေစေနိုင်သော ရောဂါတို့နှင့်လည်း ဆက်ဆံ၏၊ သေခြင်း၏ အကြောင်းဖြစ်ကုန်သော အပြင်ပ မြွေ, ကင်း စသည်တို့နှင့်လည်း ဆက်ဆံ၏။
ဥပမာဖြင့် ပြရလျှင် လမ်းလေးခွဆုံ၌ ထားသော ပစ်ကွင်းမှတ်တိုင်၌ အလုံးစုံသော အရပ်မျက်နှာတို့မှ လာကုန်သော မြား လှံ ခက်ရင်း ကျောက်စသည်တို့သည် ကျရောက် ထိမှန်ကုန်သကဲ့သို့ ထို့အတူပင် ရုပ်ကိုယ်၌လည်း အလုံးစုံသော ဥပဒ္ဒ ဝေါ-ဘေးရန်တို့သည် [၂၂၈]ကျရောက်ကုန်၏။ ယင်း ဥပဒ္ဒဝေါတို့၏ ကျရောက်ခြင်းကြောင့်လည်း ထိုကျရာဖြစ်သော ဤ ရုပ်ကိုယ်သည် သေခြင်းသို့ ရောက်တတ်သည်သာတည်း။ ထို့ကြောင့် မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောတော်မူလေ သည်။
''ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နေ့ကုန်၍ ညဥ့်အချိန် ရောက်လာလတ်သော် ဤသို့ ဆင်ခြင်၏-ငါ့မှာ သေခြင်း၏ အကြောင်းတို့သည် များလှကုန်၏။ မြွေသည်မူလည်း ငါ့ကို ကိုက်ရာ၏၊ ကင်းမြီးကောက်သည်မူလည်း ငါ့ကို ထိုးရာ၏၊ ကင်းခြေများသည်မူလည်း ငါ့ကို ကိုက် ရာ၏၊ ထို့ကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုသေခြင်းသည် ငါ့အား (တရားနှလုံးသွင်းမှု၏) အန္တရာယ်ဖြစ်ရာ၏။ ငါသည် ချော်၍မူလည်းလဲကျရာ၏၊ ငါစားထားသည့် အစာသည်မူလည်း ဖောက် ပြန်ရာ၏၊ ငါ၏သည်းခြေသည်မူလည်းပျက်ရာ၏၊ ငါ၏သလိပ်သည်မူလည်း ပျက်ရာ၏၊ ငါ၏ ဓား နှင့်တူသော လေတို့သည် မူလည်း ပျက်ကုန် ရာ၏၊ ထိုခြေချော်ခြင်းစသော အကြောင်းကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုသေခြင်းသည် ငါ့အား အန္တရာယ်ဖြစ်ရာ၏-ဟူ၍ (ဆင် ခြင်၏)''။
ဤ ဆိုခဲ့သည့်အတိုင်း ရုပ်ကိုယ်၏ သတ္တဝါအများတို့နှင့် ဆက်ဆံသောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက် မေ့ ဆင်ခြင်အပ်ပေသည်။ (၄)
(၅) အသက်၏ အားနည်းသောအားဖြင့် ရှုပုံ
၁၇၃။ (၅) အသက်၏ အားနည်းသောအားဖြင့် ဟူရာ၌ အကျယ်ကား- ဤ အသက်မည်သည်မှာ အားမရှိ အားနည်း ၏။ ထိုစကားမှန်ပေ၏-သတ္တဝါတို့၏ အသက်သည် ထွက်သက် ဝင်သက်နှင့်လည်း စပ်၏၊ ဣရိယာပုတ်တို့နှင့်လည်း စပ်၏၊ အအေး အပူနှင့်လည်း စပ်၏၊ မဟာဘုတ်တို့နှင့်လည်း စပ်၏၊ အာဟာရနှင့်လည်း စပ်၏။ ထို ထွက်သက်ဝင်သက် စသည်တို့နှင့် စပ်သော ဤ အသက်သည် ထွက်သက် ဝင်သက်တို့၏ အညီအမျှ ဖြစ်ခြင်းကို ရသော်သာလျှင် မပြတ်ဆက်၍ ဖြစ်နိုင်၏။ အပြင်သို့ ထွက်သော နှာခေါင်းလေသည် အတွင်းသို့ မဝင်လတ်သော်၎င်း၊ ဝင်ပြီးသောလေသည် မထွက်လတ် သော်၎င်း (သတ္တဝါသည်) သူသေ မည်သည် ဖြစ်လေတော့၏။ လေးပါးသော ဣရိယာပုတ်တို့၏ အညီအမျှ ဖြစ်ခြင်းကို ရသော်သာလျှင် မပြတ်ဆက်၍ ဖြစ်နိုင်၏၊ တပါးပါးသော ဣရိယာပုတ်၏ (အထိုင်များလွန်းခြင်း စသည်ဖြင့်) လွန်ကဲခြင်း ကြောင့် အာယုသင်္ခါရ ခေါ် အသက်ဆိုင်ရာ ရုပ် နာမ်တို့သည် ပြတ်စဲ သွားကုန်၏။ အအေးနှင့် အပူတို့၏လည်း အညီအမျှ ဖြစ်ခြင်းကို ရသော်သာလျှင် မပြတ်ဆက်၍ ဖြစ်နိုင်၏၊ အလွန်အေးခြင်းက ဖြစ်စေ၊ အလွန်ပူခြင်းက ဖြစ်စေ လွှမ်းမိုး နှိပ်စက် ခံရသောသူအား (အသက်သည်) ဖောက်ပြန် ပျက်စီးတတ်၏။ မဟာဘုတ်တို့၏လည်း အညီအမျှ ဖြစ်ခြင်းကိုရသော် သာလျှင် မပြတ်ဆက်၍ ဖြစ်နိုင်၏၊ ပထဝီဓာတ်၏သော်၎င်း၊ အာပေါဓာတ် စသည်တို့တွင် တပါးပါး၏သော်၎င်း ပျက်ခြင်းကြောင့် ခွန်အားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်သော်လည်း ခက်မာသောကိုယ်ရှိသည်ဖြစ်၍သော်၎င်း၊ ဝမ်းသွန်သော အနာစသည်၏ အစွမ်းအားဖြင့် စိုစွတ်လျက် ပုပ်သောကိုယ် ရှိသည်ဖြစ်၍သော်၎င်း၊ ပြင်းစွာ ပူလောင်ခြင်းက နှိပ်စက်အပ်သည် ဖြစ်၍သော် ၎င်း၊ အစပ်အဖွဲ့များပြတ်သည် ဖြစ်၍သော်၎င်း အသက်ကုန်ခြင်းသို့ ရောက်တတ်၏။ အလုပ် အလွေ့ပြုအပ်သော အာဟာရ ကိုလည်း သင့်လျော်သော ကာလ၌ ရသောသူအားသာလျှင် အသက်သည် မပြတ်ဆက်ဖြစ်၏၊ အာဟာရကို မရလျှင် အသက် ကုန်ခြင်းသို့ ရောက်တတ်၏။ သို့ဖြစ်၍ ဤဆိုခဲ့သည့်အတိုင်း အသက်၏ အားနည်းသောအားဖြင့် သေခြင်းကို အဖန် တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။ (၅)
(၆) အမှတ်နိမိတ် မရှိသောအားဖြင့် ရှုပုံ
၁၇၄။ (၆) အမှတ်နိမိတ် မရှိသောအားဖြင့် ဟူသည်ကား (အသက်ရှင်ရာ ကာလ စသည်) အပိုင်းအခြား အမှတ် နိမိတ် မရှိသောအားဖြင့်¼ဟု ဆိုလို၏။ မှန်ပေ၏-သတ္တဝါတို့အား-
အသက်, အနာရောဂါ, ကာလ, ကိုယ်ကောင်ကို ပစ်ချရာအရပ်, လားရမည့် ဂတိဟူသော ဤ ငါးပါးတို့ကို သတ္တလောက၌ အမှတ်နိမိတ် အပိုင်းအခြား မရှိကြသည်ဖြစ်၍ မသိအပ်-မသိနိုင်ကုန်။ [၂၂၉] ထိုငါးပါးတို့တွင် အသက်သည် ''ဤမျှသာလျှင် ရှင်နိုင်သည်၊ ဤမှနောက်၌ မရှင်နိုင်''ဟု အပိုင်းအခြား မရှိ ခြင်းကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏-သတ္တဝါတို့သည် ကလလရေကြည် ကာလ၌လည်း သေကုန် ၏၊ အမြှုပ်ကာလ သားတစ်ကာလ တခဲနက်ကာလ တလအတွင်းကာလ နှစ်လ သုံးလ လေးလ ငါးလ ဆယ်လကာလ၌ လည်း (သေကုန်၏)၊ မွေးဖွားပြီးသော ကာလ၌လည်း (သေကုန်၏)၊ ထိုမှနောက်၌ အနှစ်တရာ၏ အတွင်း၌လည်း (သေ ကုန်၏)၊ အပဖြစ်သော ရာကျော်ကာလ၌လည်း သေကုန်သည်သာတည်း။ အနာရောဂါသည်လည်း ''ဤအနာဖြင့်သာလျှင် သတ္တဝါတို့သည် သေကုန်၏၊ အခြားအနာဖြင့် မသေကုန်''ဟု အပိုင်းအခြား မရှိခြင်းကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏-သတ္တဝါတို့သည် မျက်စိရောဂါဖြင့်လည်း သေကုန်၏၊ နားရောဂါ စသည်တို့တွင် တမျိုးမျိုးဖြင့်လည်း သေ ကုန်၏။ သေရမည့် ကာလသည်လည်း ''နံနက်ပိုင်း စသော ဤကာလ၌သာလျှင် သေနိုင်သည်၊ အခြား ကာလ၌ မသေနိုင်'' ဟု ဤသို့ အပိုင်းအခြား မရှိခြင်းကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏-သတ္တဝါတို့သည် နံနက်ပိုင်း၌ လည်း သေကုန်၏၊ နေ့လယ်ပိုင်း စသည်တို့တွင် တပါးပါး၌လည်း (သေကုန်၏)။ ကိုယ်ကောင်ကိုပစ်ချရာ အရပ်သည်လည်း ''သေသူတို့၏ ကိုယ်ကောင်သည် ဤအရပ်၌သာလျှင်ကျရာ၏၊ အခြားအရပ်၌ မကျရာ''ဟု ဤသို့အပိုင်းအခြား မရှိခြင်း ကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏-ရွာ၏အတွင်း၌ မွေးသောသူတို့၏ ကိုယ်သည် ရွာ၏အပ၌လည်း ကျတတ်၏၊ ရွာ၏အပ၌ မွေးသောသူတို့၏ (ကိုယ်သည်) လည်း ရွာ၏အတွင်း၌ (ကျတတ်၏)။ ထို့အတူ ကုန်း၌ မွေးသူ တို့၏ (ကိုယ်သည်) ရေ၌ (ကျတတ်၏) ရေ၌ မွေးသူတို့၏ (ကိုယ်သည်) ကုန်း၌ (ကျတတ်၏)-ဟု များသော အပြားအား ဖြင့် ချဲ့အပ်၏။ လားရာ ဂတိသည်လည်း ''ဤ လူ့ပြည်မှ စုတေသောသူသည် လူ့ပြည်၌ ဖြစ်ရာ၏'' စသည်ဖြင့် ဤသို့ အပိုင်းအခြား မရှိခြင်းကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏-နတ်ပြည်မှ စုတေကုန်သော သူတို့သည် လူတို့၌လည်း ဖြစ်ကုန်၏၊ လူ့ပြည်မှ စုတေကုန်သော သူတို့သည် နတ်ပြည် စသည်တို့တွင် တပါးပါးသော အရပ်၌လည်း ဖစ်ကုန်၏.၊ ဤသို့ အစရှိသောနည်းဖြင့် ဆုံလည်စက်၌ က-ထားသော နွားကဲ့သို့ ဂတိငါးပါး အပေါင်း၌ သတ္တဝါအပေါင်း ဟူသော လောကသည် အပြန်ပြန် လည်လျက် ရှိ၏။ ဤကား အကျယ်ပြချက်တည်း။ ဤဆိုခဲ့သည့်အတိုင်း အမှတ်နိမိတ် မရှိသောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။ (၆)
(၇) အသက်တမ်း၏ အပိုင်းအခြားအားဖြင့် ရှုပုံ
၁၇၅။ (၇) အသက်တမ်း၏ အပိုင်းအခြားအားဖြင့် ဟူရာ၌ အကျယ်ကား-ယခုအခါ၌ လူတို့၏ အသက်ရှင်ရာ အဓွန့်ကာလမည်သည် နည်းလှ တိုတောင်းလှ၏၊ အကြင်သူသည် ရှည်စွာအသက်ရှင်၏၊ ထိုသူသည် အနှစ်တရာ (အသက် ရှင်၏) အနှစ်တရာထက် ပိုလွန်၍ အနည်းငယ်သော်လည်း (အသက်ရှင်၏)။ ထို့ကြောင့် မြတ်စွာဘုရားသည် ''ရဟန်းတို့ လူတို့၏ ဤအသက်သည် နည်းစွာတိုတောင်းစွ၊ နောင်တမလွန်လောကသို့ (မကြာမီပင်) သွားရချေမည်၊ ကုသိုလ်ကို ပြုသင့် ၏၊ မြတ်သော အကျင့်ကို ကျင့်သင့်၏၊ ဘဝအသစ် ဖြစ်ပြီးသောသူ ၏ မသေခြင်းမည်သည် မရှိချေ၊ ရဟန်းတို့ အကြင်သူ သည် ရှည်စွာ အသက်ရှင်နေ၏၊ ထိုသူသည် အနှစ်တရာ (အသက်ရှင်၏) အနှစ်တရာထက် ပိုလွန်၍ အနည်းငယ်သော်လည်း (အသက်ရှင်၏)''ဟူ၍၎င်း-
''(ယခုအခါ) လူတို့၏ အသက်သည် နည်းလှ-တိုတောင်းလှ၏၊ ထိုအသက်ကို ကောင်းသော အမြော်အမြင် ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ရှုတ်ချရာ၏၊ ဦးခေါင်းကို မီးလောင်နေသော သူကဲ့ သို့ (လျင်စွာ) ကျင့်ရာ၏၊ သေခြင်း၏ မလာခြင်းမည်သည် မရှိချေ''ဟူ၍၎င်း ဟောတော်မူ ပေသည်။ ထို့ပြင်လည်း ဟောတော်မူသည်မှာ- ''ရဟန်းတို့ ရှေး၌ ဖြစ်ဘူးသည်မှာ အရက-မည်သော ဂိုဏ်းဆရာကြီးသည် ရှိခဲ့လေပြီ'' ဤသို့ အစရှိသော ဥပမာ ခုနစ်မျိုးတို့ဖြင့် တန်ဆာဆင်အပ်သော အလုံးစုံသောသုတ်ကို ချဲ့၍ သိအပ်ပေသည်။ ထို့ပြင်လည်း ဟောတော်မူပြန်သည်မှာ -ရဟန်းတို့ အကြင်ရဟန်းသည်လည်း ''ငါသည် တညဥ့် တနေ့မျှ အသက်ရှင် နေရမူ ကောင်းလေစွ၊ (ထိုကာလအတွင်း၌) ဘုရားအဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရား အဆုံးအမကို) များစွာ ပြုကျင့်ရသည် စင်စစ်ဖြစ်လေရာ၏''ဟု ဤသို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ အကြင် ရဟန်းသည်လည်း [၂၃ဝ] ''ငါသည် တနေ့မျှ အသက်ရှင်နေရမူ ကောင်းလေစွ၊ (ထို တနေ့အတွင်း၌) ဘုရား အဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာ ပြုကျင့်ရသည် စင်စစ်ဖြစ်လေရာ၏''ဟု ဤ သို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ အကြင် ရဟန်းသည်လည်း ''ငါသည် ဆွမ်းတနပ်စားချိန် အတွင်း၌ အသက် ရှင်နေရမူ ကောင်းလေစွ (ထိုကာလအတွင်း၌) ဘုရား အဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာကျင့်ရသည် စင်စစ်ဖြစ်လေရာ၏''ဟု ဤသို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ အကြင်ရဟန်းသည်လည်း ''ငါသည် ဆွမ်းလေးငါးလုပ်ကို ဝါးမျိုခိုက် အတွင်း၌ အသက်ရှင် နေရပါမူ ကောင်းလေစွ၊ (ထိုကာလအတွင်း၌) ဘုရား အဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမ ကို) များစွာ ကျင့်ရသည် စင်စစ်ဖြစ်လေရာ၏''ဟု ဤသို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ ၄-ပါးကုန်သော ဤ ရဟန်းတို့ကို ''မေ့လျော့ကြလျက် နေကြသည်၊ အာသဝေါတို့၏ ကုန်ခြင်းငှါ မရဏဿတိကို နုံ့နှေးစွာ ပွါးစေကြသည်''ဟူ၍ ဆိုအပ်ကုန်၏။ ရဟန်းတို့ အကြင်ရဟန်းသည်ကား ငါသည် ဆွမ်းတလုပ်ကို ဝါးမျိုခိုက်အတွင်း၌ အသက်ရှင်နေရမူ ကောင်း လေစွ၊ (ထိုအခိုက်၌) ဘုရားအဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာ ကျင့်ရသည် စင်စစ်ဖြစ် လေရာ၏''ဟု ဤသို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ အကြင်ရဟန်းသည်လည်း 'ငါသည် ရှူသွင်းပြီး၍ ရှိုက်ထုတ်နေ စဉ်သော်၎င်း, ရှိုက်ထုတ်ပြီး၍ ရှူသွင်းနေစဉ်သော်၎င်း ထိုအခိုက်အတွင်း၌ အသက်ရှင်နေရမူ ကောင်းလေစွ၊ (ထိုအခိုက်၌) ဘုရားအဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာကျင့်ရသည် စင်စစ်ဖြစ်လေရာ၏''ဟု ဤသို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ ၂-ပါးကုန်သော ဤရဟန်းတို့ကို ''မမေ့မလျော့ပဲနေကြသည်၊ အာသဝေါတို့၏ ကုန်ခြင်းငှါ မရဏဿတိကို ထက်မြက်စွာ ပွါးစေကြသည်''ဟူ၍ ဆိုအပ်ကုန်၏။ ဤကား ဘုရားဟော စကားပေတည်း။ ဤသို့လျှင် အသက်၏ရှင်ရာ အဓွန့်ကာလသည် လေး ငါးလုပ် စားဝါးခိုက်၌ပင် စိတ်မချအောင် တိုတောင်းလှချေ၏။ သို့ဖြစ်၍ ဤဆိုခဲ့သည့်အတိုင်း အသက်တမ်း၏ အပိုင်းအခြားအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင် အပ်ပေ သည်။ (၇)
(၈) ရှင်ဆဲခဏ၏ တိုတောင်းသောအားဖြင့် ရှုပုံ
၁၇၆။ (၈) ရှင်ဆဲခဏ၏ တိုတောင်းသောအားဖြင့် ဟူရာ၌ အကျယ်ကား-သတ္တဝါတို့၏ အသက်ရှင်ဆဲ ခဏသည် ပရမတ္ထအားဖြင့် အလွန်ပင် တိုတောင်း၏၊ စိတ်တချက်၏ ဖြစ်ခိုက်မျှသာလျှင် ရှိချေ၏၊ ဥပမာပြရလျှင် ရထားဘီးသည် လိမ့် နေစဉ်သွားနေစဉ်လည်း အကွပ်-တကူ၏ တစိတ်ဖြင့်သာလျှင် လိမ့်၏-သွား၏၊ ရပ်နေစဉ်လည်း (အကွပ်-တကူ၏) တစိတ် ဖြင့်သာလျှင် ရပ်တည်၏၊ ဤအတူပင် သတ္တဝါတို့၏ အသက်သည် တခုသော စိတ်၏ခဏနှင့် ယှဉ်၏၊ ထိုစိတ် ချုပ်ကာမျှ ပင် သတ္တဝါသည် ချုပ်သည် သေသည်ဟု ခေါ်ဆိုအပ်၏။ ဤအဆိုနှင့်အညီ မြတ်စွာဘုရား ဟောတော်မူသည်မှာ ''လွန်ပြီး သော အတိတ်စိတ်၏ခဏ၌ ရှင်ခဲ့ပြီ၊ ရှင်ဆဲမဟုတ်၊ ရှင်လတံ့မဟုတ်။ မလာသေးသော အနာဂတ်စိတ်၏ခဏ၌ ရှင်ပြီးမဟုတ်၊ ရှင်ဆဲမဟုတ်၊ ရှင်လတံ့ပေတည်း။ အကြောင်းကိုစွဲ၍ ဖြစ်ဆဲ ပစ္စုပ္ပန်စိတ်၏ ခဏ၌ ရှင်ပြီးမဟုတ်၊ ရှင်ဆဲပေတည်း၊ ရှင်လတံ့ မဟုတ်။
အသက်သည်၎င်း၊ အတ္တဘော-ကိုယ်ဟုခေါ်သော နာမ်ရုပ်အပေါင်းသည်၎င်း၊ ချမ်းသာနှင့် ဆင်းရဲတို့သည်၎င်း (အတ္တနှင့်၎င်း မြဲသည်၏အဖြစ်နှင့်၎င်း မရောယှက်) သက်သက်သီးခြား သဘော တရားပေတည်း၊ တခုတခုသောစိတ်နှင့် ယှဉ်လျက် ပြိုင်လျက်ဖြစ်ကုန်၏၊ (ထိုအသက် စသည်တို့၏) ခဏသည် တိုတောင်း လျင်မြန်စွာ ဖြစ်၏။
သေဆဲပုဂ္ဂိုလ်၏ ချုပ်လေကုန်သော အကြင်ခန္ဓာတို့သည်၎င်း၊ ဤလောက၌ ရှင်လျက်တည် ဆဲ ပုဂ္ဂိုလ်၏ ချုပ်လေကုန်သော အကြင် ခန္ဓာတို့သည်၎င်း (ရှိကြ၏)။ အလုံးစုံလည်း ဖြစ်ကုန်သော ထိုချုပ်လေကုန်သော .။ခန္ဓာ ၂-မျိုးတို့သည် (ချုပ်ခြင်းပျက်ခြင်းအားဖြင့်) တူကုန်၏။ ချုပ်ပျက်သွားပြီး တို့သည် ပြန်၍ စပ်ခြင်း ပေါ်လာခြင်း မရှိကြပေ (ဝါ-ပြန်၍ စပ်ခြင်း-ပေါ်လာခြင်း မရှိပဲ လုံးဝပျောက် ကွယ်သွားလေကုန်၏)။
[၂၃၁] မဖြစ်သေးသောစိတ်ဖြင့် ဖြစ်သည် ရှင်သည်မဟုတ်၊ ဖြစ်ဆဲစိတ်ဖြင့်သာ ရှင်၏၊ (ထို ဖြစ်ဆဲ) စိတ်၏ ပျက်ခြင်းကြောင့် သတ္တဝါဟူသော လောကသည် သေသည် မည်၏၊ (သို့သော် လည်း) (တိဿရှင်နေသည် ဤသို့အစရှိသော) သန္တာနပညတ်သည် (ရှင်ဆဲစိတ်ကိုရည်သောကြောင့်) အမှန်ပရမတ္ထသဘော ဖြစ်ပေ၏။ ဤကား ဟောတော်မူသော စကားပေတည်း။ ဤဆိုခဲ့သည့်အတိုင်း ရှင်ဆဲခဏ၏ တိုတောင်းသောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ် ပေသည်။(၈)
၁၇၇။ ယခုပြဆိုခဲ့သည့်အတိုင်း ဤရှစ်ပါးသော အခြင်းအရာတို့တွင် တပါးပါးသော အခြင်းအရာအားဖြင့် အဖန် တလဲလဲ အောက်မေ့ ဆင်ခြင်သော ယောဂီအားလည်း အဖန်ဖန် နှလုံးသွင်းခြင်း၏ အစွမ်းအားဖြင့် စိတ်သည် အထုံကိုရ၏၊ သေခြင်းလျှင် အာရုံရှိသော အမှတ်ရမှု-သတိသည် ကောင်းစွာတည်၏၊ နီဝရဏတို့သည် ကွာကုန်၏၊ ဈာန်အင်္ဂါတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏၊ သို့သော်လည်း သေခြင်းဟူသော အာရုံ၏သဘောတရားဖြစ် ခြင်းကြောင့်၎င်း၊ ထိတ်လန့်ဖွယ် ဖြစ်ခြင်းကြောင့်၎င်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရ ဈာန်သို့သာလျှင် ရောက်သောဈာန်သည်ဖြစ်၏၊ အပ္ပနာသို့ မရောက်ကြောင်းကို ဆက်၍ရှင်းပြဦးအံ့-လောကုတ္တရာ ဈာန်သည်၎င်း၊ ဒုတိယ စတုတ္ထအရူပဈာန်တို့သည်၎င်း သဘောတရား အာရုံ၌သော်လည်း ဘာဝနာအထူး(၏ အစွမ်းအား)ဖြင့် အပ္ပနာသို့ ရောက်ကုန်၏။ ချဲ့၍ပြဦးအံ့-လောကုတ္တရာဈာန်သည် (ပဋိပဒါဉာဏဒဿန) ဝိသုဒ္ဓိဘာဝနာအစဉ်၏ အစွမ်းအားဖြင့် အပ္ပနာသို့ ရောက်ပေသည်.၊ အရူပဈာန်သည် အာရုံကို ကျော်လွန်သော ဘာဝနာ၏အစွမ်းအားဖြင့် (အပ္ပနာသို့ ရောက်ပေသည်)။ မှန်ပေ၏ ထိုအရူပဈာန်မှ အပ္ပနာသို့ ရောက်ပြီးသာ လျှင် ဖြစ်သော ဈာန်၏အာရုံကို ကျော်လွန်ခြင်းမျှကိုသာလျှင် (ပြုဖွယ်) ရှိပေသည်။ ဤမရဏဿတိဘာဝနာ၌ကား (ဝိသုဒ္ဓိ ဘာဝနာအစဉ်နှင့် အာရုံကို ကျော်လွန်ခြင်း တည်းဟူသော) ထိုနှစ်ပါးလုံးပင် မရှိပေ၊ ထို့ကြောင့် (ဤ၌) ဥပစာရသို့ သာလျှင် ရောက်သော ဈာန်သည် ဖြစ်ပေသည်။ ထိုသို့ ဥပစာရသို့ ရောက်သော ဤ ဈာန်သည် မရဏဿတိ၏ အားအစွမ်းဖြင့် ဖြစ်သောကြောင့် မရဏဿတိ ဟူ၍သာလျှင် ရေတွက် ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေသည်။
အကျိုးကား-ဤမရဏဿတိကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် အမြဲတမ်း မမေ့မလျော့ ဖြစ်လျက်ရှိ၏၊ အလုံးစုံသော ဘဝတို့၌ မပျော်မမွေ့ ငြီးငွေ့သော အမှတ်သညာကိုရ၏၊ အသက်၌ နှစ်သက်တွယ်တာခြင်းကို စွန့်၏၊ မကောင်းမှုကို ကဲ့ရဲ့လေ့ရှိပေ၏၊ သိုမှီးသိမ်းဆည်းခြင်း မများမူ၍ ပရိက္ခရာတို့၌ တပ်မက်မှု အညစ်အကြေးနှင့် ဝန်တိုမှုကင်း ပေ၏၊ ထိုရဟန်းအား အနိစ္စသညာသည်လည်း လေ့လာအပ်ခြင်းသို့ ရောက်ပေ၏၊ ထို အနိစ္စသညာသို့ အစဉ်လိုက်သော အားဖြင့်သာလျှင် ဒုက္ခသညာနှင့် အနတ္တသညာသည်လည်း ထင်ပေ၏၊ မရဏဿတိကို မပွါးစေဘူးသော သူတို့သည် သေခါ နီး ကာလ၌ သားရဲ ဘီလူး မြွေ ဒမြ သူသတ်သမားတို့၏ ရုတ်တရက် အနှိပ်စက်ခံရသောသူတို့ကဲ့သို့ ကြောက်ခြင်း ထိတ်လန့်ခြင်း တွေဝေခြင်းသို့ ရောက်ကုန်သကဲ့သို့ ထို့အတူ (ဤရဟန်းသည် ကြောက်ခြင်းစသည်သို့) မရောက်မူ၍ ကြောက်ခြင်းကင်းလျက် မတွေဝေပဲ စုတေရ၏၊ မျက်မှောက်ဘဝ၌ အမြိုက်နိဗ္ဗာန်ကို အကယ်၍ မပြီးစေနိုင်လျှင် ခန္ဓာကိုယ် ပျက်စီး၍ သေသည် မှ နောက်၌ သုဂတိလျှင် လားရာရှိပေ၏။
ထို (သို့ မမေ့မလျော့ခြင်းမှ စ၍ သုဂတိလျှင် လားရာရှိခြင်းတိုင်အောင် များစွာသော အကျိုး ရှိခြင်း) ကြောင့် ကောင်းသော အမြော်အမြင်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော်နှင့် ပြည့်စုံသော မရဏဿတိ၌ အခါခပ်သိမ်း မမေ့မလျော့ အားထုတ်ခြင်းကို စင်စစ် မုချ ပြုသင့်လှပါပေသတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ယခုဆိုခဲ့သော စကားသည် မရဏဿတိကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။ (မရဏဿတိကမ္မဋ္ဌာန်းပြီး၏)။
Today, there have been 35 visitors (48 hits) on this page!
   
 
Welcome This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free