သမထ ၀ိပဿနာ

တရားမှတ်တာအပေါ် နှာသီးဝမှတ်လျင် သမထဟုပြောကြတဲ့ သူများအတွက် ဝေဘူဆရာတော်ဘုရားကြီးမိန့်သောစကားကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကအောက်ကအတိုင်း စာရေးဆရာဦးသွေးချွန်တို့အဖွဲ့ကိုဟောကြားခဲ့ပါတယ်ရှင်။
ပြန်လည်မျှဝေသူ-
နှာသီးဝမှတ်။ ဝေဘူဆရာတော်ကြီးကို တရားထောက်သူက ဦးလှ (မိုးလေ၀သညွှန်ချုပ်)။ ဦးလှကထောက်တာ နှာသီးဝကို သမထကြီးပြောနေတာဗျ။
စာသမားတွေက သမထကြီးပြောနေတာဘုရာ့။တပည့်တော်တို့ သမထချည်းပြောနေ တာဘုရား။ နှာသီးဝ ဘယ်လိုမှတ်ရမှာလဲဘုရား။ ဝေဘူဆရာကြီးက ပြန်ပြောတယ်။ ဆွမ်းနဲ့ထမင်းငြင်းမနေကြစမ်းပါနဲ့ဗျ။ ဆွမ်းကတော့ဆွမ်းပါဘဲ။ လူစားတော့ ထမင်း။ ဘုန်းကြီးစားတော့ ဆွမ်း လူစားတော့ ထမင်းဖြစ်သွားတယ်လေ။ သမထ ၊ ၀ိပဿနာလိုက်ဖို့လည်း မလိုအပ်ပါဘူး။ ကိုယ့်စိတ်ကိုယ်ပိုင်အောင်ကြိုးစားဘိအဓိကပါ။ ဘာလုပ်လုပ် ကိုယ့်စိတ်နဲ့ကိုယ်လုပ်ဖို့ အရေးကြီးတယ်။ ကိုယ့်စိတ်ကိုယ်ပိုင်ရင် ကိုယ့်စိတ်နဲ့ကိုယ်လုပ်ရင် ကိုယ့်အလုပ်တွေချည်းဖြစ်သွားတာပေါ့။ သူများစိတ်နဲ့လုပ်တော့ သူများအလုပ်တွေလုပ်ရတာ သူများဘို့ချည်းဖြစ်သွားတာပေါ့။ ကိုယ့်စိတ်ကိုယ်ပိုင်ဘို့ ဒီသတိနဲ့မရှုမှတ်ဘဲရမလား။
လွယ်လွယ်ပြောရင် ဥာဉ်ကအမြဲပါတယ်။ ဘ၀အဆက်ဆက်က ဓါတ်ခိုင်းတာလုပ်ခဲ့လို့ ဒို့ကဓါတ်ဥာဉ်တွေနဲ့ သွားနေတာ။ ဓါတ်ဥာဉ်က သူ့ဓါတ်နဲ့သူဓါတ်နဲ့ကိုက်ကြိုက်တာပေါ့။ သူ့ဓါတ်နဲ့မကိုက်ရင် မကြိုက်ဖူးပေါ့။ လူမဟုတ်သေးဘူး။ ဓါတ်ကောင်က ဓါတ်စကားပြောနေတာ။ ခန္တာဖွဲ့စည်းရင် ရုပ်ခန္တာကြီးရလာတာနဲ့ လူရုပ်ရရင် သူ့လူရုပ်ကိုရှာဖွေကျွေးဘို့ နာမ်ခန္တာလေးပါးသူ့အစားထည့်ထားပေးတာ။ နာမ်ခန္တာလေးပါး က သူ့ရုပ်ကြီးနဲ့တည့်မတည့် ဝေဒနာခံစားပေးရတယ်။ ဝေဒနာက ဟိုဟာဘယ်လို ဒီဟာကဘယ်နှယ်နဲ့။ စေတနာက သူ့သဘောကျရင် ကြိုက်တယ်။ သဘောမကျရင် မကြိုက်ဖူး။ သင်္ခါရကိုမှတ်ပေးရတယ်။ ၀ိဥာဉ်ကကောင်းသဟေ့ ဆိုးသဟေ့ ဆုံးဖြတ်ပေးရတယ်။ ခန္တာ(၅)ပါးက ဓါတ်ညာဉ်နဲ့ ခန္တာအလုပ်ကိုလုပ်တာ လူ့အလုပ်ကိုလုပ်မပေးဘူး။ ခန္တာငါးပါးသူရလာတဲ့ ရုပ်ကောင်ကြီးကို အဆင်ပြေအောင်လိုက် စောင့်ရှောက်ပေးရတာလေ။ ရုပ်ကောင်ကြီးက ပူလည်းပူတာသိတာမှတ်လို့ အေးလည်းအေးတာမသိဘူးနော်။ ပရမတ်ကောင်ကြီးအေးရင် နွေးအောင်လုပ်ပေးရတာ။ နာမ်ခန္တာ(၄)ကောင်ကိုလိုက်လုပ်ပေးနေရတာနော်။ ဂြိုလ်ကောင်(၄)ကောင်လေ။ ဒို့အလုပ်ကိုလုပ်မပေးဘူးနော်။ သူတို့များစောင့်နေသေးလား။ ဒို့က ဒို့အလုပ်လုပ်ရမှာ။
ဒို့ပြောနေကြရှိပါတယ် ထပ်လည်းပြောပါမည်။ ဝေဒနာ၊ သညာ ဦးဆောင်တဲ့ အင်္ညသမန်းအုပ်စု(၁၃)ခုပေါ့။ အဲဒါက ကောင်းတာခိုင်းရင် ဆိုးတာထွက်ပြေးပြီး အတင်းကောင်းတာလုပ်တာ။ ဆိုးတာခိုင်းရင် ကောင်းတာကထွက်ပြေးပြီး ဆိုးတဲ့ဘက်အတင်းလိုက်လုပ်တာ။ကျဘန်းအလုပ်သမား ပေါ့။ အဲဒါက ခန္တာရှိသူတိုင်းမှာပါလာတာ။ စိတ်ကသိသိသိတာဘဲရှိတာ၊ စိတ်ကိုကြိုးကိုင် ချယ်လှယ်တဲ့အကောင် စေတသိတ်လို့ စာလိုသုံးတယ်။ အဲဒီကနေ ခန္တာမှာ ဒို့က ဓါတ်လေးပါးနဲ့တည်ဆက်ထားတာပြောရမှာ ။ မီးဓါတ်ဦးဆောင်တဲ့သူက အဆီအအိမ့် အချိုတို့ ။ရေဓါတ်ဦးဆောင်တဲ့သူကအချိုပေါ့လေးတွေကြိုက်တယ်။ လေဓါတ်ဦးဆောင်တဲ့သူက အဖန်အခါးကြိုက်တယ်။ မြေဓါတ်ဦးဆောင်တဲ့သူကအချဉ်အပူတို့ကြိုက်တယ်။ ဒီဇယ်ကားက ဒီဇယ်ထည့်ပေးမှသွားတာ ဓါတ်ဆီကားက ဓါတ်ဆီထည့်ပေးမှသွားတာ ရေနဲ့ထည့်ပေးလို့ မသွားဘူး။ ဓါတ်ရုပ်တွေက ဓါတ်စာတောင်းမှ ထည့်ပေးမှရတာ။ အကုသိုလ်က (၁၄)လုံးက ဓါတ်ဥာဉ်ပါ လူမဟုတ်ဖူး လူမဖြစ်သေးဘူး။ အင်္ညသမန်း(၁၃)နဲ့ အကုသိုလ်(၁၄) အားလုံး၂၇ လုံးနဲ့အလုပ်လုပ်နေတာ။ သတ္တ၀ါတိုင်း ဘာသာတိုင်းပါတယ်။ အခြားဘာသာတွေလည်း (၂၇)လုံးနဲ့အလုပ်လုပ်နေတာ။ မြေဦးဆောင်တဲ့သူက အချိုအဆိမ့်အမာတွေတောင်းမှာ။ သူ့ဓါတ်ကလက်ခံရင် ဒါတွေကြိုက်တာဘဲ။ အဲဒီမှာ တဏှာမာန ဒိဌိဝင်တာ။ သူ့ဓါတ်မတည့်ရင် မကြိုက်ဖူးဖြစ်သွားတာ။ ဒေါသ၊မောဟတွေပါမှာပေါ့။ အကြိုက်လွန်တဲ့သူက အကြိုက်လွန်တော့ ရှက်ရကောင်းမှန်းမသိဘူး အဟိရိကဖြစ်လာရော။ အမုန်းလွန်တော့လည်း ကြောက်ရကောင်းမှန်းမသိတော့ဘူး။ဒေါသကြီးတော့သူ ကြောက်ရကောင်းမှန်း မသိတော့ အနောတပ္ပဆိုဘဲ။ ဓါတ်တွေတနေကုန်ခုတ်မောင်းပြီး ပျံတာပေါ့ ဥဒ္ဒစ္စ မောဟဖြစ်တာဘဲ။ လက်ထဲရှိတဲ့ပစ္စည်းကို ဆုပ်ရမလို ဖြေရမလိုဖြစ်နေတာ ၀ိစ္စကိစ္စဖြစ်တာဘဲ။ ကြိုက်ရမလား မုန်းရမလား။ အဲဒါကလည်း ဒေါသမောဟကြားကလာတာ။မောဟရယ် သီးခြားမရှိတော့ဘူး။ အဲဒါ ဓါတ်ညာဉ်တွေ။ အဲဒီအချိန် ကြိုက်တာ လုပ်ရမလား မကြိုက်တာလုပ်ရမလား။ တနေကုန်ဓါတ်ခုတ်လို့မောင်းတော့ ညတော့ တွေဝေမိန်းမောလို့ အိပ်ကျတာ။ ဒါနဲ့တစ်ဘ၀ကုန်ကျတာ။ ဘုရားပွင့်တဲ့အချိန်လူလာဖြစ် သာသနထွန်းကားတဲ့အချိန်လူလာဖြစ် မိမိကိုယ်တိုင်ကလည်း နှလုံးသွင်းလေးကမှန်ကန်။ သဒ္ဓါ ။ရတနာအပေါ်ယုံတဲ့သဒ္ဓါကိုပြောတာ ကိုယ့်မယားကိုယ်ယုံတာကို ပြောတာမဟုတ်ဖူး။ ဘယ်သူ့ကိုယုံတယ် ဘယ်ဝါ့ယုံတယ်ဆိုတာကို ရှင်ဇနကဘိဝံသက အတုလို့ပြောတာ။ ရတနာသုံးပါးယုံတာမှသဒ`္ဓါ။ အဲဒါက ကြည်တာ။ သားယုံ မယားယုံတာက ဆန်ဆေးရေ ဆန်ဆေးရေ။ သဒ`္ဓါရှိသလောက် သူတော်ကောင်းတွေ ပညာအမှတ်နဲ့သွားတာ ဒို့ ဗုဒ္ဓဘာသာက သတိနဲ့သွားတာ။ ပညာအမှတ်က ပြောဖြစ်ယုံ ယူဖြစ်ယုံ။ သတိကမဟုတ်ဖူးအတွင်းအထိလိုက်မှတ်တာ။ ပညာကဂါတ်စာရေးမှတ်တာလောက်ရှိတာ။ သတိက ထောက်လှမ်းရေး။ ကောင်းတယ်ဆို ဘာကောင်းတာလဲ။ ဆိုးတယ်ဆိုရင် ဘာဆိုးတာလေ။ ကြိုက်ကောင်းရှိသလို မကြိုက်ကောင်းလဲရှိတာဘဲ။ မကြိုက်လို့ဆိုးတာလား။ တကဲ့အဆိုးလား လိုက်တာ။ အဲဒါကစာလို ၀ိဇ္ဇာခေါ်တယ်။ ပညာထိအောင် သဒ္ဓါသတိစတဲ့ (၂၅)လုံးရှိပါတယ်။ သာသနာထွန်းကားတဲ့ နေရာလူဖြစ်ဖို့ သာသနာထွန်းကားတဲ့နေရာမှာ ပညာရှိသူမှ ။ စေတသိတ် (၅၂)လုံးတိုင်း လူတိုင်းမလိုက်ဖူး။ သောဘဏစေတသိတ်လို့ခေါ်ပါတယ်။ သဒ္ဓါသတိတို့ တင့်တယ်အောင်ပေးတဲ့အတွက် သောဘဏ။ အဲဒါလေးနဲ့ဒို့က လူလာဖြစ်တော့၊ လူဖြစ်အောင်လုပ်ရဦးမှာ။
ဒို့က လာသမျှတွေကိုပရိတ်သတ်ကို ဆွဲချချည်းလုပ်တာ အောက်ချည်းညွှန်းတာ။နဂိုချွန်ပိုဆိုးသေး။ ကတုန်းမတွေ ယောဂီလာဝတ်တဲ့နင်တို့တရိစ္ဆာန်မတွေ ကောင်မတွေ ပြိတ္တာမတွေ။ ကြိုက်စွဲက ပြိတ္တာပြန်ရမှာ။မကြိုက်တော့ ငရဲလေ။ ဒို့က ဓါတ်ကောင် ဓါတ်ဆောင် ဓါတ်အလုပ်လုပ်နေတာ။ လူရိပ်နဲ့လူစိတ်မရှိသေးဘူးဗျ။ မ.ဆ.လခေတ်တို့က မှီလိုက်တော့ ပြောရမှာ။ တင်းပြည့်ထဲ မပါဘူးဗျ။ အရန်တောင်မပါဖူး။ (ပါတီ့မိတ်ဆွေဘုရား)။ နဂိုချွန်ကော(တပည့်တော်တော့ တင်းပြည့်လျှောက်ထား ပါတယ်ဘုရား)။ ကျနော့်အခြေအနေလေးနဲ့ မသေသေးပါဘုရားလို့လျှောက်မှာလား။ (တပည့်တော်က တင်းပြည့်ဖြစ်မှာကြောက်လို့ လျှောက်လွှာကိုဖျောက်ထားတာဘုရား။ လျှောက်လွှာပျောက်ဆုံးလုပ်ထားတယ်)