Kyaikhtiyo in Myanmar - Burma
Shwedagon in Yangon
Shwedagon Red Hall in Yangon ““မေတ္တသုတ်ပရိတ်မြန်မာလို ရွတ်ဖတ်ပူဇော်နည်း” ”














““တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ ဂုဏ်တော်ကွန်ချာ ရွတ်ပွားပုံ”
















““ဗုဒ္ဓပူဇနီယ” “ချန်းချန်း"”

















Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

Buddha FM Websites:

www.buddhafm.tv | www.buddhafm.net | www.buddhafm.info

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

The world two Nobel Icons

Welcome to Buddha FM


ဘုရား ပုံတော်

ကန္နီနည်း

ကန္နီနည်း သမထ ၀ိပဿနာ ရှုနည်းအကျဉ်းချုပ်

 
၁။ တရားမထိုင်မှီ ဘုရားကို ပန်းဆီမီး ကပ်လှူပါ၊

၂။ သီလဆောက်တည်ပါ၊

၃။ ဘုရားအစရှိသော သူတော်ကောင်းတို့အားလည်းကောင်း၊ ဆရာသမားတို့အားလည်းကောင်း အပြစ်ရှိသမျှ

တောင်းပန်ပါ။

တောင်းပန်ပုံ အစီအစဉ်

အရှင်ဘုရား ဘုရားတပည့်တော်တို့်သည် ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာ အရိယာအပေါင်း သူတော်ကောင်းတို့၏ အပေါ်၌လည်းကောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို သွန်သင်ပြသတတ်သော ဆရာသမားတို့၏ အပေါ်၌လည်းကောင်း၊ အစမထင် သံသရာတခွင်မှစ၍ ယနေ့အချိန်ကျအောင် ကာယကံ ၀စီကံ မနောကံ တို့ဖြင့် ပြစ်မှားမိသော အပြစ်များရှိပါက သည်းခံတော်မူကြပါဘုရား၊

အရှင်ဘုရား ဘုရားတပည့်တော်တို့သည် ဂင်္ဂါ ၀ါဠုသဲစု မက ပွင့်တော်မူကြကုန်ပြီးသော ဘုရားအဆူဆူ

တို့အားလည်းကောင်း၊ ဆရာသမားတို့အားလည်းကောင်း၊ တပည့်တော်၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို တရားထိုင်နေစဉ် တရားအားထုတ်တော်မူစဉ် ရက်လအတွင်း၌ အပ်နှံလှူဒါန်းပါ၏ဘုရား။

ငါ၏ကိုယ်စောင့်နတ်သည်လည်းကောင်း၊ငါ့အိမ်တွင်းရှိ သတ္တ၀ါအပေါင်းသည်လည်းကောင်း၊ (စင်္ကာပူမြို့ရှိ သတ္တ၀ါ အပေါင်းတို့အားလည်းကောင်း) မိဆိုင်ဖဆိုင် ဘိုးဘွားဆိုင် နယ်ဆိုင် နတ်အပေါင်း တို့သည် လည်းကောင်း၊ အရပ်လေးမျက်နှာစောင့်သော နတ်မင်းကြီးလေးပါးတို့သည်လည်းကောင်း၊ သာသနာတော် စောင့်နတ်၊ လာကစောင့်နတ်တို့သည်လည်းကောင်း၊ ငရဲသနင်း ယမမင်းသည်လည်းကောင်း၊ နတ်တို့သနငိးကြားမင်းသည်လည်းကောင်း၊ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော သတ္တ၀ါအပေါင်းတို့သည် လည်းကောင်ျးန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ (တရားမထိုင်မီနှင့် တရားထိုင်ပြီးချိန်တိုင်း မေတ္တာပို့ပါ အမျှဝေပါ)
အရဟံပွားပုံအစီစဉ်

ကိုယ်အာရုံပြုနေကျဘုရားသည် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့်

လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော တကယ့်သက်တော်ထင်ရှား မြတ်စွားဘုရားဟု အာရုံပြုကာ အရဟံ အရဟံ ဟု အကြိမ်ကြိမ်ပွားပါ၊

မေတ္တာပွားပုံ

ကိုယ့်ရှေ့ တည့်တည့်၌ စကောဝိုင်း(ဆန်ကောဝိုင်း)ကဲ့သို့ စိတ်ထဲကပြုလုပ်ပြီး သုံးဆယ့်တစ်ဘုံ သတ္တ၀ါတွေကို အဲဒီထဲထည့်ပါ၊ ကိုယ့်ကိုယ်ကို အရင်ဦးဆုံး မေတ္တာပို့ပြီး စကောဝိုင်း(ဆန်ကောဝိုင်း)ထဲက သတ္တ၀ါတွေကို မေတ္တာပို့ပါ၊

!! ငါသည် ဘေးရန်ကင်းရပါလို၏ ။

ချမ်းသာရပါလို၏ ။

ငါသည်ဘေးရန်ကင်းကွာ ချမ်းသာသကဲ့သို့ အသက်နှင့် ခန္ဓာကိုယ်ထင်ရှားရှိသမျှ သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ၊

ချမ်းသာကြပါစေ။

သေခြင်းတရားပွားပုံ( မရဏာနုဿတိ)

ခပ်သိမ်းသောသတ္တ၀ါတို့သည် တဖွဲဖွဲသေနေကြသလို ငါလဲပဲ သေရအုံးမှာပါတကား၊

သေရချည်သေး သေရချည်သေး …………..။

အာနာပါန

သတိမြဲရာ ပထမာ

လေထိရာ နှာသီးဖျားမှာ မိမိ၏စိတ်ကိုထား၍ မဂ္ဂင်ရှစ်ပါးကို ရည်ရွယ်ပြီး ၀င်သည်(၀င်လေ) တစ်မှ ရှစ်အထိ ရေတွက်ပါ၊

ဝင်သည် တစ်

ဝင်သည် နှစ်

ဝင်သည် သုံး

ဝင်သည် လေး

ဝင်သည် ငါး

ဝင်သည် ခြောက်

ဝင်သည် ခုနစ်

ဝင်သည် ရှစ်
စိတ်ဘယ်မှ မထွက်မှ လက်တစ်ချောင်းချိုးပါ၊ မှတ်နေရင်းနှင့် စိတ်အပြင်ထွက်သွားလျှင် လည်းကောင်း ။ ၀င်သည်

တစ်မှ ရှစ်အထိကျော်လွန်သွားလျှင် လည်းကောင်း၊ လောလောဆယ် ရေတွက်နေတာကို ပယ်ရမည်၊

လက်ဆယ်ချောင်းပြည့်က ညာဖက်လက်ကောက်ဝတ်သို့ စိတ်နှင့်မှန်းပို့ပါ။

နောက်တစ်ခါဆယ်ခုပြည့်လျှင် တံတောင်ဆစ်၊

နောက်တစ်ခါဆယ်ခုပြည့်လျှင် ပခုံး

နောက်တစ်ခါဆယ်ခုပြည့်လျှင် နားရွက်

နောက်တစ်ခါဆယ်ခုပြည့်လျှင် ချိုစောင်း သို့ပို့ပါ။ . . . . . . . . ဘယ်ဖက်လည်း နည်းတူပို့ရမည်။

ဒုတိယနည်း

တရားထိုင်နိမိတ်ရလျှင် ရှည်ရှည်ရှုမည်ဆိုပြီး မိမိရဲ့စိတ်ကို ဘုရားဆီပို့ပါ၊ နိမိတ်ကို မကြည့်ပါနှင့်၊ ဘုရားကိုကြည့်ပါ၊

မိမိစိတ်ကြည်လျှင် မြင်ကွင်းဘုရားက ကြည်တာပါပဲ၊ ဘုရားမဖူးမှီ ဘုရားစောင့်နတ်တွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ လို့

မေတ္တာပို့ပါ၊ ဘာမှအနှောင့်အယှက် မပေးပါဘူး၊ ဘုရားဖူးသက်သက်ပါ မေတ္တာပို့ ခွင့်တောင်းပါ၊ ဘုရားဖူးပြီးလျှင်

အမျှဝေပါ၊

တတိယနည်း

နိမိတ်ကို ရှည်ရှည်ရှုမည်ဆိုပြီး ခေါင်းပေါ်တင်ပါ၊ လက်နှစ်လုံးချင်း ပိုက်စိပ်တိုက်ဖြတ်ပါ။ တစ်ကိုယ်လုံးကို ဖြူသွားအောင် နိမိတ်နှင့်ဖြတ်ပါ၊ နိမိတ်နှင့် ရောဂါရှိတဲ့ နေရာကို အကြိမ်ကြိမ် မွှေပါ၊ ရောဂါပျောက်မည်။

စတုတ္ထနည်း

ငြိမ်းစေမည် ငြိမ်းစေမည်ဟု ပို့လိုက် ယူလိုက်လုပ်ပါ၊

ဝိပဿနာ

မိမိရဲ့စိတ်ကို ရင်ဝ၌ထားပြီး ရုပ်..ရုပ်..ဟု မှတ်ပါ၊ ခန္ဓာကိုယ် အောက်ပိုင်းက ပြတ်ကြသွားလျှင် အလယ်ပိုင်းကိုလည်း ဆက်ကြည့်၊ အထက်ပိုင်းကိုလည်းကြည့်ပါ၊ တကိုယ်လုံးဖြန့်ကြည့်ပါ၊ ဘာမှမတွေ့မှ ရင်ချိုင့်ကိုပြန်လာပြီး ရုပ် ရုပ်ဟု မှတ်ပါ၊

ခန္ဓာဖြစ်ပျက် မထင်ရှားလျှင် အာနာပါနကို နိမိတ်ရအောင် မှတ်ပြီးမှ ၀ိပဿနာကို သိသည် သိသည် ဟု မှတ်ပါ၊ မှတ်နေရင်းနဲ့ ခန္ဓာကိုယ်ထဲက အဆုပ်၊ အသည်း၊ နှလုံး၊ အစာအိမ် စသည်ဖြင့် တကိုယ်လုံးကို ဖြန့်ကြည့်ပါ၊ ခန္ဓာဖြစ်ပျက်ကို မြင်အောင်ကြည့်ပါ၊

အ၀ိဇ္ဇာ တဏှာ ကံ ဥပါဒါန် ကံ အာဟာရ အတိတ်အကြောင်း တရားငါးပါး ပြုပြင်သည် ပြုပြင်သည်ဟု ပွားများပါ၊
အတိတ်ဘ၀ နွားတွေ့ခဲ့လျှင်…နွားမဖြစ်ခင်က ဘယ်ဘ၀တွေဖြစ်ခဲ့လဲဆိုတာကို စိတ်ညွတ်ကြည့်ပါ၊ မြင်ရသိရပါလိမ့်မည်။ တစ်ခုပြီးတစ်ခု စိတ်ညွတ်ကြည့်ပါ၊ အတိတ်အကြောင်းတရားငါးပါးပြုပြင်၍ တရိပ်ရိပ် တဖွဲဖွဲ တသဲသဲဖြင့် သူ့အလိုလိုဖြစ်ပျက်၍နေသော ရုပ်နာမ်တို့သည် အမြဲမရှိ အနိစ္စ အနိစ္စ ဟု ရှုမှတ်ပွားများပါ၊

ဒီလိပွုားများရင်းနဲ့ ခန္ဓာကိုယ်ကြီး အရိုးစုဖြစ်သွားတော့ မမြဲတဲ့ အနိစ္စသဘော၊ ဖြစ်လိုက် ပျက်လိုက်ဖြစ်နေတဲ့ ဒုက္ခသဘော၊ ငါ့အလိုသို့မလိုက် အရိုးစုဖြစ်ပြီး ပျက်သွားတဲ့ အနတ္တသဘော..ဆိုတာကို မိမိဥာဏ်နှင့် ကိုယ်တွေ့သိမြင်ရပါလိမ့်မည်။

ဒီလိုရှုမှတ်ပွားများရင်းနဲ့ နိဗ္ဗာန်တံခါးကို အနိစ္စ ဒုက္ခ အနတ္တ သော့သုံးချောင်းဖြင့်ဖွင့်ပါက ဖြစ်ပျက်မုန်း ဖြစ်ပျက်သုံးတဲ့ နိဗ္ဗာန်ကို ရရှိပါလိမ့်မယ်။
ကန္နီနည်း သမထ ၀ိပဿနာကျင့်စဉ်ကျမ်း -အရှင်ကေလာသ

Zoom          Download         Upload         Register


        

Today, there have been 7 visitors (11 hits) on this page!
   
 
Welcome This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free