စွယ်တော်သမိုင်းများ
စွယ်တော်သမိုင်းများ.
တရုတ်နိုင်ငံမှ စွယ်တော်ပွား
ဘိုးတော်ဘုရားလက်ထက် အေဒီ ၁၇၈၂-၁၇၈၇နှင့် ၁၇၉၂ ခုနှစ်များအတွင်းက မြန်မာသံအဖွဲ့များကို စိနတရုတ်ပြည်သို့ စေလွှတ်ခဲ့သလို တရုတ်ပြည် ပဲ့ကျင်းမြို့မှ ဥဒည်ဘွားမင်းကလည်း ၁၇၈၇-၁၇၈၉-၁၇၉၀ ခုနှစ်များက သံအဖွဲ့များကို မြန်မာနိုင်ငံ အမရပူရရွှေမြို့တော် ဘိုးတော်ဘုရားထံ လေးကြိမ်စေလွှတ်ခဲ့ကြောင်း သိရသည်။ အေဒီ ၁၇၈၉-၁၇၉၀ ခုနှစ်ကရောက်လာသော တရုတ်သံ အဖွဲ့သည် သကျမုနိရုပ်ထုတော
်တစ်ဆူနှင့် စွယ်တော်ပွားတစ်ဆူကို ယူဆောင်လာကြသည်။ မင်းတရားကြီးက ရေကြောင်းမှကြိုဆိုခဲ့သည်ဟု ကုန်ေးဘာင်ဆက်မဟာရာဇ၀င်ကြီး ဒုတိယတွဲ စာမျက်နှာ- ၆၁တွင် ဖော်ပြထားသည်။
ဘကြီးတော်ဘုရားလက်ထက်တွင် ရွှေနန်းတော်ဦး စွယ်တော်စင်ကျောင်းက ရောင်ခြည်တော် ကွန့်မြူးသည်ကိုအကြောင်းပြု၍ ဂီတပညာရှင်ကြီး မြ၀တီဦးစက “ထူမခြားနား” အစချီသော မြတ်စွယ်တော်ရောင်ခြည်တော်ဖွဲ့ ဗုဒ္ဓပူဇော်သီချင်းခန့်ကြီးကို ရေးစပ်ခဲ့ကြောင်းသိရသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
မြန်မာနိုင်ငံရောက်တရုတ်ပြည်မှ ဗုဒ္ဓအံတော်ပွားများ
11:42 PM | By ♣☺တောသူမလေး☺♣
စာဖတ်သူတို့ ကြားသိပြီးဖြစ်သည့်အတိုင်း ယနေ့ကမ္ဘာတွင် ဗုဒ္ဓမြတ်စွယ်တော်အစစ်နှစ်ဆူ ကျန်ရစ်ပါသည်။ တစ်ဆူက သီရိလင်္ကာနိုင်ငံ နောက်တစ်ဆူက တရုတ်နိုင်ငံတွင် ရှိနေကြပါသည်။
မြန်မာနိုင်ငံတွင် သီရိလင်္ကာနိုင်ငံမှ စွယ်တော်ပွားတို့ဖြင့် တည်ထားသော စေတီအများအပြား ရှိနေပါပြီ။ ဥပမာ - အနော်ရထာမင်းစောလက်ထက်က ရလာသောစွယ်တော်ပွား တို့ကို ပုဂံမြို့ရွှေစည်းခုံ စေတီတော်၊ လောကနန္ဒာ စေတီတော်၊ တန့်ကြည့်တောင် စေတီတော်၊ တုရင်းတောင် စေတီတော် စသည်တို့၌ ဌာပနာခဲ့ပါသည်။ နောက်ပိုင်းကာလ၌ရရှိသော စွယ်တော်ပွါးတို့ကို သက်ဆိုင်ရာမင်းများက ပဲခူးမဟာစေတီ၊ စစ်ကိုင်းကောင်းမူတော်စေတီ စသည်တို့၌ ဌာပနာခဲ့ကြပါသည်။
ဗြိတိသျှလက်ထက်၌ သီရိလင်္ကာနိုင်ငံမှ ရရှိလာသော စွယ်တော်ပွား တို့ကို ပြည့်မြို့ရွှေဆံတော်စေတီ၊ ပေါင်းတည်မြို့၊ မင်းလှမြို့ စသည်တို့၌ အများပြည်သူတို့ မြတ်မြတ်နိုးနိုးကိုးကွယ်လျက်ရှိကြပါသည်။
တရုတ်နိုင်ငံမှ စွယ်တော်ပွားကိုတော့ရခဲ့၏။ အနော်ရထာမင်းလက်ထက် ဦးတည်ပွါးထံမှ စွယ်တော်ကိုတောင်းခံခဲ့ရာ ၁၉၉၄-ခုနှစ် တရုတ်စွယ်တော်စစ် မြန်မာပြည်သို့ ကြွလာစဉ် ဖူးတွေ့ရသော ကျောက်စိမ်းဆင်းတုတော်ကိုသာ မေတ္တာလက်ဆောင်အဖြစ်ရရှိခဲ့သည်။ စွယ်တော်ကိုတော့ မရခဲ့ချေ။ ဘိုးတော်မင်းတရားကြီးလက်ထက်ကျမှ တရုတ်နိုင်ငံမှ စွယ်တော်ပွား တစ်ဆူကို မြန်မာတို့ လက်ခံရရှိခဲ့သည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ဗုဒ္ဓသရီရဓာတ်တာ် မြတ်စွယ်တော်
11:30 PM | By ♣☺တောသူမလေး☺♣
ရှင်မဟာ ကဿပ အမှူးရှိသော ရဟန်းသံဃာ ငါးရာမျှတို့သည် ပါဝါပြည်မှ ကုသိနာရုံသို့ ကြွလာစဉ်ဝယ် မြတ်စွာဘုရား၏ သတင်းကို တိကျသေချာ သိသေးဟန် မတူပေ။ ခေတ္တခဏ အပန်းဖြေလျက် သစ်ပင်ခြေ၌ ထိုင်နေတော်မူခိုက် တက္ကတွန်း(အာဇီဝက)ကို အဝေးမှာ လာနေကြောင်း တွေ့မြင်ကြလေရာ “ငါတို့ဆရာ မြတ်စွာဘုရားကို သိပါ၏လော” ဟု မေးတော်မူ၏။ ထိုသို့ မေးလေမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံမြန်းသည်မှာ ခုနှစ်ရက်ရှိပြီ ဖြစ်ကြောင်း သိကြရတော့သည်။ ထိုအခါ အရှင်မဟာကဿပ၏ နောက်ပါးမှ ရဟန်းငါးရာတို့အနက် ရာဂမကင်းရသေးသော အချို့ရဟန်းတို့သည် “ဘုန်းတော် ကြီးလှစွာသော မြတ်စွာဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ပညာမျက်စိ ရှိတော်မူ တတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ” ဟု ငိုကြွေးမည်တမ်းကြကုန်၏။ အရုပ်ကြိုး ပြတ်မြေမှာ လူးခတ်ကြကုန်၏။ သင်္ခါရ တရားအတွင်း မြဲခြင်းသဘောမရှိ နိုင်ရကာ ရာဂကင်းပြီး ရန်းတို့မှာမူ အောက်မေ့ချင့်တုံ သည်းခံကုန်ကြလေသည်။ ထိုရဟန်း ငါးရာတွင်ပါဝင်သာ အသိခေါက်ခေါက် အ၀င်နက်လှသည့် တောထွက်ရဟန်း သုဘဒ္ဒမှာ အချုပ်အချယ်မှ လွတ်မြောက်ဘိအလား လိုရာကို ပြုကြပြီး မလိုရာကို မပြုဘဲနေကြ ရုံသာရှိပြီိဟု မပူဆွေးမငိုကြွေးရန် အကြောင်းကို ဆိုလေ၏။ ရှင်မဟာကဿပကမူ မြတ်နိုးချစ်ခင် ဆက်ဆံချင်သော်လည်း ရှင်လျက်နှင့်လည်း ခွဲခွာရတတ်၏။ အရာရာသည် မတည်မြဲကြ၊ ပျက်စီးခြင်း သဘောရှိကြောင်း ကျေးဇူးတော် အရှင်မြတ်စွာဘုရား ဟောကြားဆိုဆုံးမ ခဲ့ပြီးကြောင်း ဖျောင်းဖျလေ၏။
ထိုစဉ်ဝယ် ကုသိနာရုံပြည်သား မလ္လမင်းအကြီးအကဲလေးဦးတို့က မြတ်စွာဘုရား၏ (အလောင်းတော် တည်ရာ) နံ့သာထင်းပုံအား မိးရို့ကုန်သော်လည်း နတ်တို့က မလိုလား၍ လောင်ကျွမ်းခြင်းမရှိ။ နတ်တို့သည် ရှင်မဟာကဿပ ကိုယ်တော်ကြီးကိုယ်တိုင် မြတ်စွာဘုရား၏ ခြေတော်စုံကို ဦးခိုက် မရှိခိုးရသေးမီ နံ့သာထင်းပုံ မီးမလောင်ကျွမ်းစေလိုကြ။ ရှင်မဟာကဿပနှင့် ရဟန်းငါးရာတို့ ခြေစုံဦးခိုက် ရှိခိုးလိုက်ပြီးသည်နှင့် (လူတို့မမြင်ရဘဲ) နတ်တို့ အာနုဘော်ကြောင့် မီးတောက်လောင် သွားတော့၏။ မီးတောက်လောင်သော မြတ်စွာဘုရား၏ အလောင်းတော်မှ အရေပါး အရေထူ အသား အကြော အစေးတို့၏ ပြာသည်လည်းကောင်း၊ မိုင်းသည်လည်ကောင်း မထင်၊ သရီရ ဓာတ်တော်တို့သည်သာ ကြွင်းကျန်ကုန်၏။ ဆင်မြန်းထားရှိသော(သင်္ကန်း) ပုဆိုး အစုံငါးရာအနက် အတွင်းအကျဆုံး(သင်္ကန်း) ပုဆိုးနှင့် အပြင်အကျဆုံး(သင်္ကန်း) ပုဆိုးနှင့် အပြင်အကျဆုံး(သင်္ကန်း) ပုဆိုး တို့သာ မီးမလောင်ကုန်၊ ကောင်းကင်မှလည်းကောင်း၊ အင်ကြင်းပင်မှလည်းကောင်း၊ ရေများပန်းထွက်ကာ မီးကိုငြိမ်းစေ၏။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို မင်းကွန်း၌ ထားလျက် လှံချိုင်ဖြင့်ကာရံ၍ လေးသည်တော်တပ်ဖြင့် ခြံရံစေပြီး ခုနှစ်ရက်ပတ်လုံး ကဆို တီးမူတ်ကာ ပန်းနံ့သာတို့ဖြင့် ရိုသေလေးမြတ် ပူဇော်လတ်ကြကုန်၏။
အဆိုပါ ကြွင်းကျန်ရစ်သော(ဗုဒ္ဓအမွေ) သရီရဓာတ်တော်များကို စေတီပုထိုးတည်ထားပူဇော်ရန် ဗုဒ္ဓရှင်မြတ်နှင့် ဆွေမျိုးတော်စပ်ခြင်း၊ မင်းမျိုးဖြစ်ခြင်း၊ ပုဏ္ဏားမျိုးဖြစ်ခြင်း စသည်ဖြင့် အကြောင်းပြလျက် ရယူထိုက်ကြောင်း အောက်ပါ ပုဂ္ဂိုလ်တို့က တောင်းဆိုလာကြ၏ -
(က) ဝေဒေဟီ မိဖုရား၏သား မဂဓ တိုင်းရှင် အဇာတသတ်မင်း၊
(ခ) ဝေသာလီပြည်သား လိစ္ဆ၀ီ မင်းများ၊
(ဂ) ကပိလ၀တ်ပြည်၌ နေကြသော သာကီဝင်မင်းများ၊
(ဃ) အလ္လကပ္ပပြည်သား ဗုလီမင်းများ၊
(င) ရာမရွာသား ကောဠိယ မင်းများ၊
(စ) ဝေဌဒီပတိုင်းသားပုဏ္ဏား၊
(ဆ) ပါဝါပြည်သား မလ္လမင်းများ၊
(ဇ) ပရိနိဗ္ဗာန် စံမြန်းရာ ကုသိနာရုံ ပြည်သားမလ္လမင်းများ။
ဤသို့ သူလိုချင်၊ ကိုယ်လိုချင် ဖြစ်နေစဉ်ဝယ် ဒေါဏပုဏ္ဏားသည် ထိုမင်းပေါင်းစုံတို့အား “အရှင်တို့ ကျွန်ုပ်တို့၏ မြတ်စွာဘုရားမှာ သည်းခံသောဝါဒ ရှိပါသည်။ ထိုမြတ်စွဘုရား၏ သရီရဓာတ်တော်တို့ကို ခွဲဝေရေးကြောင့် စစ်ဖြစ်ရန် မသင့်ပါ။ အလုံးစုံသော ငါတို့သည် တစ်ပေါင်းတည်း အညီအညွတ် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၍ သရီရဓာတ်တော်တို့ကို ရှစ်စုရှစ်ပုံ ခွဲဝေကြပါစို့၊ မြတ်စွာဘုရားကို လူအများတို့ ကြည်ညိုလျက် ရှိကြပါသည်။ အရပ်ရှစ်မျက်နှာတို့၌ စေတီပုထိုးအနှံ့အပြား တည်ရှိကြပါစေ” ဟု ဆို၏။ မင်းသားအပေါင်းက သဘောတူကြလေ၏။ ဒေါဏပုဏ္ဏားအားလည်း ဓာတ်တော်ခြင်သော ပြည်တောင်းကို စေတီပုထိုးတည်ထား ကိုးကွယ်ရန်ပေးလေသည်။
ထိုသို့ မြတ်ဗုဒ္ဓ၏ ဓာတ်တော် အမွေခွဲဝေပြီးပါမှ ၀ိပ္ပလီဝနတိုင်းသား မောရိယမင်းတို့က ကုသိနာရုံပြည်သား မလ္လမင်းတို့ထံသို့ ဝေစုတောင်းဆိုကြရာ အားလုံးခွဲဝေပြီးကုန်သဖြင့် ပေးရန်မရှိတော့တော့ရကား တေဇောဓာတ် လောင်ကျွမ်းတော်မူရာ (မီးသင်္ဂြိုလ်ရာ) အရပ်မှ မီးသွေးများ ကိုသာ ယူဆောင်ကြရတော့၏။
ဓာတ်တော် အမွေခွဲဝေ ရရှိခဲ့ကြသော ဝေဒေဟီ မိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ရာဇဂြိုဟ်ပြည်၌လည်းကောင်း၊ ဝေသာလီ ပြည်သား လိစ္ဆ၀ီမင်းတို့သည် ဝေသာလီပြည်၌ လည်းကောင်း၊ ကပိလ၀တ် ပြည်နေသာကီဝင် မင်းတို့သည် ကပိလ၀တ်ပြည်၌လည်းကောင်း၊ အလ္လကပ္ပပြည်သား ဗုလီမင်းတို့က အလ္လကပ္ပပြည်၌ လည်းကောင်း၊ ရာမရွာသား ကောလိယမင်းတို့သည် ရာမရွာ၌ လည်းကောင်း၊ ဝေဌဒီပတိုင်းသား ပုဏ္ဏားကလည်း ဝေဌဒီပတိုင်း၌ လည်းကောင်း၊ ပါဝါပြည်သား မလ္လမင်းတို့ကလည်း ပါဝါပြည်၌ လည်းကောင်း၊ ကုသိနာရုံပြည်သား မလ္လမင်းတို့ကလည်း ကုသိနာရုံပြည်၌လည်းကောင်း မြတ်စွားဘုရား၏ သရီရဓာတ်တော်တို့ကို စေတီပုထိုများ အသီးသီး တည်ထားပူဇော်ကြသည်။
ဒေါဏ ပုဏ္ဏားလည်း ဓာတ်တော်ခြင်တွယ်သည့် တောင်းကို စေတီပုထိုးတည်ထား ပူဇော်လေ၏။ နောက်ကျ၍ ဓာတ်တော်များ မရ၊ မီးသွေးများသာ ရရှိခဲ့ကြသော ၀ိပ္ပလီဝနတိုင်းသား မောရိယမင်းတို့သည်လည်း ထိုမီးသွေးများကိုပင် ၀ိပ္ပလီဝနတိုင်း၌ စေတီပုထိုးတည်ထား ပူဇော်ကြကုန်၏။ ထို့ကြောင့် ပြည်တောင်းစေတီနှင့် မီးသွေးစေတီများပါဝင်လျှင် စုစုပေါင်း စေတီပုထိုးတော် ဆယ်ဆူ ဖြစ်ပေါ်ခဲ့လေသည်။
အထက်၌ ဖော်ပြအပ်သော မြတ်စွာဘုရား၏ သရီရဓာတ်တော် ဓမ္မတော်များနှင့် ပတ်သက်၍ ဆဌသင်္ဂါယနာတင် ပိဋကတ်တော်၊ ဒိဃနိကာယ်ဝင် သုတ္တန်ပိဋကတ်(မဟာဝဂ်ပါဠိတော် - မြန်မာပြန်) အပိုဒ် ၂၄၀၌ ၂၄၀၊ စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရား၏ သရီရဓာတ်တော်သည် ရှစ်စိတ် (ရှစ်ဒေါဏ) ရှိ၏။ ယောက်ျားမြတ် ဖြစ်သော မြတ်စွာဘုရား၏ (သရီရဓာတ်တော်) ခုနှစ်စိတ်ကို ဇမ္ဗူဒိပ်ကျွန်း၌ ကိုးကွယ်ပူဇော် ကြကုန်၏။ တစ်စိတ်ကိုမူကား ရာမရွာ၌ နဂါးမင်းသည်ကိုးကွယ်ပူဇော်၏။
(၁) တစ်ဆူသော စွယ်တော်ကို တာဝတိံသာ နတ်တို့သည် ကိုးကွယ်ပူဇော်ကုန်၏။ တစ်ဆူသော စွယ်တော်ကိုကား ဂန္ဓာရပြည်၌ ကိုးကွယ် ပူဇော်ကုန်၏။ တစ်ဆူသော စွယ်တော်ကိုကား ကာလိဂ်မင်း၏တိုင်းငံ၌ ကိုးကွယ်ပူဇော်ကုန်၏။
(၂) ထို သရီရဓာတ်တော်၏ တန်ခိုးကြောင့်ပင်လျှင် ဤမာပထ၀ီ မြေပြင်သည် မြတ်သောဓာတ်တော် ပူဇော်ပွဲတို့ဖြင့် တန်ဆားဆင်ထားသကဲ့သို့ တင့်တယ်ပေ၏။ ဤသို့လျှင် မြတ်စွာဘုရား၏ ဤသရီရဓာတ်တော်ကို မြတ်ထက်မြတ်ဖြစ်သော နတ်လူတို့သည် ကောင်းစွာအရို အသေပြုကြကုန်၏။
(၃) (အကြင်) သရီရဓာတ်တော်ကို နတ်မင်း၊ နဂါးမင်း၊ လူမင်းတို့သည် ပူဇော်ကလေပြီ။ ထို့အတူပင် မင်းထက် မင်းမြတ်တို့သည်လည်း ပူဇော်ကြလေပြီ။ (သရီရဓာတ်တော်)ကို ရရှိလတ်သော် လက်အုပ်မိုးချီရှိခိုး ကြကုန်လော့၊ မြတ်စွာဘုရားဟူသည် ကမ္ဘာအရာတို့ဖြင့်သော်လည်း စင်စစ် တွေ့ခဲ့ရ၏။
(၄) ညီညွတ်သော သွားတော်လေးဆယ်နှင့် အလုံးစုံသော ဆံတော် မွေတော်တို့သည် ရှိကုန်၏။ နတ်တို့သည် တစ်ဆူစီ၊ တစ်ဆူစီ စကြ၀ဠာအဆက်ဆက်သို့ ပင့်ဆောင်လေကုန်သတည်း။
(၅)(သွားတော် လေးဆယ်ဟုဆိုသော်လည်း စွယ်တော်လေးဆူမှတစ်ပါးသော သွားတော်သုံးဆယ့် ခြောက်ဆူကိုသာလျှင် ယူရာ၏။ ဤဂါထာတို့ကို သီဟိုဠ်မထေရ်တို့ ထည့်သွင်း ထားခဲ့သည်ဟု အဋ္ဌကထာ၌ ဆို၏။)
ထိုသို့ဆိုလျှင် ဂန္ဓာရပြည်၌ စွယ်တော်တစ်ဆူရောက်တော်မူသည်မှာ သေချာပါ၏။ ဂန္ဓာရပြည်သည် အဘယ်မှာရှိသနည်း။ အဘယ်တိုင်းပြည်ကို ခေါ်ဆိုသနည်း။ အချို့ကမူ မဟာဝဂ်ပါဠိတော်ပါ ဂန္ဓာရတိုင်းဆိုသည်မှာ အိန္ဒိယနိုင်ငံတွင်းမှတိုင်းတစ်တိုင်း ဖြစ်သည်ဟုဆို၏။ မြေပြင် အခြေအနေအရ လည်းကောင်း၊ ရှေးဟောင်း သုတေသန လေ့လာချက်များအရ လည်းကောင်း၊ ဂန္ဓာရတိုင်းသည် ပါကစ္စတန်နှင့် တရုတ်ပြည်အကြား၌ ရှိနေသော ရှေးယခင် အိန္ဒိယ နယ်မြေတိုင်းကိုးတိုင်း အနက်မှ တစ်တိုင်းဖြစ်သည်ဟု ဆို၏။ ထို ဂန္ဓာရတိုင်းမှ တရုတ်ပြည်သို့ ပင့်ဆောင်သွားခဲ့သည်ဟုလည်း မှတ်ယူအပ်၏။ မည်သို့ ဆိုစေ တရုတ်ပြည်သို့ သမ္မတနိုင်ငံ၌ စွယ်တော်မြတ် တစ်ဆူ ကိန်းဝပ်စံပယ်တော် မူသည်မှာ ယင်းဂန္ဓာရတိုင်းမှ စွယ်တော်မြတ်ပင်ဖြစ်ကြောင်း ယူဆရန် ရှိပေသည်။
ထိုစွယ်တော်မြတ်နှင့် ပတ်သက်၍ တရုတ်မှတ်တမ်းများအရ မြတ်စွာဘုရား၏ အမွေ စွယ်တော်မြတ် လေးသွယ်အနက် လူသားတို့ထံ၌ စွယ်တော်နှစ်ဆူ ကျန်ရှိရာတစ်ဆူကို သီရိလင်္ကာနိုင်ငံသို့ ပင့်ဆောင်သွားခဲ့ပြီး ကျန်တစ်ဆူကို ယနေ့ပါကစ္စတန်နိုင်ငံတွင် တည်ရှိသည့် ရှေးဟောင်း ဥဒယာန(Udyana) ဘုရင့်နိုင်ငံသို့ ပင့်ဆောင်သွားခဲ့ကြ၏။ ထိုဥဒယာန နိုင်ငံမှ ခိုတန်(Khotan) နိုင်ငံ၊ ယနေ့တရုတ်နိုင်ငံ ဆင်ဂျီယန်း(Xinjiang) ပြည်နယ် ဟိတ်ယန့်(Hetian) ဒေသသို့ပင့်ဆောင် ခဲ့ကြသည်။ ခရစ်နှစ် ငါးရာစုခေတ်တွင်တောင်ပိုင်း ကီမင်းဆက်(Qi Dynesty)မှ တရုတ်ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်သော ဖာစီယန်(Fa-Xian)သည် ခိုတန်နိုင်ငံမှ တရုတ်ပြည် ကီမင်းဆက်၏ မြို့တော် နန်ကင်းမြို့(Nan Jing)သို့ ပင့်ဆောင်ခဲ့သည်။ ဆွီမင်းဆက်(Sui Dynasty) လက်ထက်၌ မြို့တော်သစ်ဖြစ်သည့် ချန်အန်း(Chang-an)သို့ ပင့်ဆောင်ခဲ့ပြန်သည်။ ထို့နောက်ပိုင်း မင်းဆက် ငါးဆက်ခန့်တွင် ပြည်တွင်းရေး ရူပ်ထွေးမူရှိခဲ့၍ နေရာအမျိုးမျိုး ရွှေ့ပြောင်း ပင့်ဆောင် ထိန်းသိမ်းခဲ့ကြရ၏။ နောက်ဆုံး လီယိုမင်းဆက်(Liao dynasty) လက်ထက်၌ ယင်းကင်း(Yen-Jing) ယနေ့ ပီကင်းမြို့(Bei-Jing)သို့ ပင့်ဆောင် ကိုးကွယ်ခဲ့ကြသည်။ ဒေါဇွန်(Dao Zong) ဘုရင်၏ မှတ်တမ်းတွင် ဗုဒ္ဓစွယ်တော်မြတ်အား ခရစ်နှစ် ၁၀၇၁၌ ဇောင်ဇီယန်ဘုရား(Zhao-Xian Pagoda)တွင် ဌာပနာခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဇော်ဇီယန် ဘုရားကို တည်ထားရာ လင်းဂွမ်း(Ling guang) ကျောင်းတော်မှာမူ ခရစ်နှစ် ရှစ်ရာစုက တည်ဆောက်ခဲ့သည်ဟု သိရပါသည်။ ခရစ်နှစ် ၁၉၀၀ပြည့်က တရုတ်ပြည် စစ်ရေးအခြေအနေကြောင့် လင်းဂွမ်းဘုန်းတော်ကြီးကျောင်းနှင့် ဇော်ဗီယန်ဘုရားတို့ ပျက်စီးခဲ့လေရာ စေတီ၏ အောက်ခြေ၌ စွယ်တော်ကိန်းဝပ်ရာ ကျောက်သား ဓာတ်တော်ကြုတ်ကို တွေ့ကြရသည်။ ကြုတ်အတွင်း၌ သေတ္တာငယ်တွင် သကျမုနိ မြတ်စွာဘုရား၏ စွယ်တော်၊ ရေးသားသူ ရှန်းမှီး တီယန်ဝှီး၊ ခုနှစ်နှစ်မြောက် လေးလ နှစ်ဆယ့် သုံးရက်နေ့ဟု ရေးသား ဖော်ပြထားကြောင်း သိရပါ၏။ ထိုရက်စွဲမှာ “လီယိုမင်းဆက် သမိုင်း” စာအုပ်တွင်ပါရှိသော ရက်စွဲနှင့် ကိုက်ညီသဖြင့် တရုတ်သမိုင်း ကြောင်းအရ မှန်ကန်မူရှိကြောင်း သုံးသပ်ကြပါသည်။
အချုပ်အားဖြင့်ဆိုရပါမူ ဗုဒ္ဓ၏ဓာတ်တော် အမွေခွဲဝေခဲ့ ကြပုံကိုလည်းကောင်း၊ ခွဲဝေရရှိခဲ့သော ဓာတ်တော်များကို စေတီပုထိုး အမျိုးမျိုးတည်ထား ကိုးကွယ်ခဲ့ကြသည်ကိုလည်းကောင်း၊ သုတ္တန် ပိဋကတ်အထောက် အထားဖြင့် သိရှိနိုင်ပါ၏။ ထို့နောက်ပိုင်း အဆင့်ဆင့် ပင့်ဆောင်ကြပုံကိုမူ သမိုင်းရေးရာ အထောက်အထားများဖြင့် တွက်ချက်မှန်းဆအတည်ပြုခဲ့ကြပါ၏။ သို့ဖြစ်ရာ မြတ်ဗုဒ္ဓ၏ သရီရ ဓာတ်တော်၊ စွယ်တော် အမွေအနှစ်များကို မပျောက်မပျက် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရင်း ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ရိုသေလေးမြတ် ပူဇော်အပ်လှပါသဖြင့် ကြည်ညို သဒ္ဓါပွားများနိုင်ကြစေရန် အလို့ငှာ ကုသိုလ်ပုညခွဲဝေမျှလိုက် ရပါသတည်း။
မှီငြမ်းစာစောင်များ
(၁) မဟာဝဂ်ပါဠိတော် မြန်မာပြန်(သာသနာရေး ဦးစီးဌာန)
(၂) ပါဠိသက်ဝေါဟာရ အဘိဓာန်(ဦးထွန်းမြင့်)
(၃) The Buddha’s Tooth relic Pagoda(the Buddhist Association og China)
ကပ္ပိယစန်းလွင် ရေးသားချက်အား ပြန်လည်မျှဝေသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
နှစ်ကျိပ်ရှစ်ဆူ အပါအ၀င် မြတ်စွယ်တော်ရှင်
11:28 PM | By ♣☺တောသူမလေး☺♣
ယနေ့စွယ်တော်မြတ်သည် မန္တလေးမြို့၌ အပူဇော်ခံလျက် ရှိနေပါသည်။ တစ်နေ့ထက်တစ်နေ့ သဒ္ဓါတရား ထက်သန်စွာ ပူဇော် သက္ကာရ ပြုနေကြသည်ကို တွေ့ရပါသည်။ ရုပ်မြင်သံကြား ကြည့်သူများ အဖို့ နေ့စဉ်ဖူးရ၊ ပူဇော်ကြရပြီး နေ့စဉ်ကုသိုလ်ရနေကြရာ ဤအခွင့်အရေးမျိုးကို ဘယ်သောကာလကမျှ မရရှိခဲ့ဖူးပါ၊ ဦးချရှိခိုးရုံနှင့် မပြီးသေးဘဲ ဘယ်ပုံနှလုံးသွင်းလျှင် ကောင်းပါမည်နည်း ရှာဖွေကြံဆမိပါသည်။
ထိုအခါ နှစ်ကျိပ်ရှစ်ဆူဘုရားရှိခိုးစာကို သွားပြီး သတိရမိတယ်။ “အာသောမာဝ၊ ဘုန်းရောင် ပ သည်” စသော ဘုရားရှိခိုးစာကို ငယ်စဉ်က ကျက်ခဲ့ထူးသော်လည်း ကြီးလေ အချိန်မရလေ၊ အကျင့်ပျက်ခဲ့ သည်မှာ ကြာလှပေပြီ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို မှီခိုသော စာနှင့် နှစ်ကျိပ်ရှစ်ဆူစေတီများကို ဖော်ကျူးရှစ်ခိုးသော စာကား မတူညီပါ။ ဘုရားနှင့် စေတီကွဲပြားပြီး ကန်တော့ရသောစာ ဖြစ်ပါသည်။
နှစ်ကျိပ်ရှစ်ဆူစေတီိများ စာရင်းတွင် ယခု မြန်မာပြည်သို့ ဒေသစာရီကြွလာတော်မူနေသော တရုတ်ပြည်စွယ်တော်သည် တစ်ဆူ အပါအ၀င်ဖြစ်သည်။
ဘုရားနှင့်စေတီကို ခွဲခြားပြီး ကန်တော့ရသော ဘုရားရှိခိုးစာကို သိထားကြဖို့လိုပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများမှာ -
ဘဒ္ဒကမ္ဘာ၌ပွင့်သော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမပေါင်း လေးဆူ၊ ဘဒ္ဒကမ္ဘာမှ ၃၁ ကမ္ဘာထက်၌ ပွင့်တော်မူသော သိခီ၊ ဝေဿဘူ ပေါင်း နှစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၉၁ ကမ္ဘာထက်၌ ပွင့်တော်မူသော ၀ိပဿီ တစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၉၂ ကမ္ဘာ၌ ပွင့်တော်မူသော ထိဿ၊ ဖုဿ ပေါင်းနှစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၉၄ ကမ္ဘာ၌ ပွင့်တော်မူသော သိဒ္ဓတ္ထ တစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၁၈ ကမ္ဘာ၌ ပွင့်တော်မူသော ပီယဒဿီ၊ အတ္တဒဿီ၊ ဓမ္မဒဿီ ပေါင်းသုံးဆူ၊ ဘဒ္ဒကမ္ဘာမှ ကမ္ဘာ ခုနှစ်သောင်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရာဘုရား သုမေဓာ၊ သုဇာတာ ပေါင်းနှစဆူ၊ ဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရား တစ်ဆူ၊ ထိုပဒုမုတ္တရ ဘုရားပွင့်ရာ သာရကမ္ဘာမှ တစ်သင်္ချေထက်၌ ပွင့်တော်မူသော အနောမဒဿီ၊ ပဒုမ၊ နာရဒဟူသော ဘုရားသုံးဆူ၊ ထိုသာရကမ္ဘာမှ ကမ္ဘာနှစ်သင်္ချေထက်၌ ပွင့်တော်မူသော မင်္ဂလ၊ သုမန၊ သောဘိတ၊ ရေ၀တဟူသော ဘုရားလေးဆူ၊ ထိုသာရကမ္ဘာမှ သုံး အသင်္ချေထက်၌ ပွင့်တော်မူသော ကောဏ္ဍည တစ်ဆူ၊ ထိုသာရကမ္ဘာမှ လေးအသင်္ချေထက်၌ ပွင့်တော်မူသော တဏှဲင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ၊ ဒီပင်္ကရာ ဟူသောဘုရားလေးဆူ စသည်ဖြင့် ၁၂ကမ္ဘာ၌ ပွင့်တော်မူကုန်သော နှစ်ကျိပ်ရှစ်ဆူ၊ လောကထွတ်ထား မြတ်စွာဘုရား တို့ကို အကျွန်ုပ်သည် ကုမုဒြာရွှေကြာပွင့်ငုံ၊ ဆယ်ချောင်းရုံလျက်၊ ကြည်ယုံမြတ်နိုး၊ ဦးထိပ်မိုး၍၊ ရှိခိုးပူဇော်ပါ၏ဟု နူတ်က ရွတ်ဆိုရင်း စိတ်ကပါအာရုံပြုကြရပါသည်။
လူအများပင် နှစ်ကျိပ်ရှစ်ဆူ ပူဇော်နေကြသော်လည်း ဘုရားဘွဲ့တော်များးကိုကား အတိအကျမသိကြလျှင် အကျိုးများမည် မဟုတ်ပါ။ လူတိုင်းသိထားဖို့ လိုပါသည်။ ကမ္ဘာအေးဘုရားတည်စဉ်ကပင် ၂၈ဆူ ဘုရားရှင်များ၏ ပုံတော်နှင့် ပွင့်တော်မူရာ ဗောဓိပင် အသီးသီးကို နောက်ခံလျက် ဆေးရောင်စုံနှင့် ယနေ့အထိ ဖူးကြရပြီး ဖြစ်ပါသည်။ ထိုဘုရားများအပြင် နှစ်ကျိပ်ရှစ်ဆူသော စေတီတော်များစားရင်းကိုလည်း သီးသန့် ဘုရားရှိခိုး၌ တွေ့နိုင်ပါသည်။ ထိုနှစ်ကျိပ်ရှစ်ဆူ စေတီတော် ဘုရားရှိခိုးစာ၌ ယခုပူဇော်ခွင့်ရသော တရုတ်ပြည် စွယ်တော်သည် တစ်ဆူအပါအ၀င်ဖြစ်ပါသည်။ ထိုစေတီများမှာ အကြမ်းအားဖြင့် -
(၁) ပုဂံ ရွှေစည်းခုံ (၂) အင်းဝစည်းခုံရှင် (၃) သီဟတော (၄) ရှင်မွန်လှ (၅) ရွှေစာရံ (၆) ရွှေမင်းဝံ (၇) ရွှေရင်မျှော် (၈) ပခန်းစည်သူရှင် (၉) ရွှေတန်တစ် (၁၀) ကျောင်းတော်ရာ (၁၁) တောင်ငူရှင်ပင်ညီနောင် (၁၂-၁၃) မန်းစက်တော် (၁၄) ပြည်ဆံတော် (၁၅) ရွှေတိဂုံ (၁၆) ပဲခူးရွှေမော်ဓော (၁၇) ကျိုက်မွန် လောကတံခွန် (၁၈)ကျိုက္ခမီဘုရား (၁၉) ကျိုက်ထီးရိုး (၂၀) မြသိန်းတန် (၂၁) ကမ်းယံမြစ်တွင် မွေတော်ရှင် (၂၂) ဇင်းမယ်ယိုးဒယား ပြည်ဆံတော် (၂၃) တရုတ်ပြည် စွယ်တော်နှင့် (၂၄-၂၈) နဂါးပြည်မှာ စက်လေးဖြာနှင့်မဟာမုနိ၊ သီရိဘုန်းမော်၊ လွန်းပျံ့ကျော်သည်၊ ပူဇော်အံ့ငှာ၊ အဋ္ဌ၀ီသံ၊ ရောင်လျှံဖိတ်ဖိတ်၊ ခုနှစ်စိတ်နှင့် နှစ်ကျိပ်ရှစ်ဆူ၊ မြတ်ဘုန်းလူဟု သိရပါသည်။
မြန်မာပြည်တွင် တန်ခိုးအကြီးဆုံး စေတီများပေလော၊ နှစ်ကျိပ်ရှစ်ဆူသာ တန်ခိုးကြီးသလောဟု ငယ်စဉ်ကပင် လူကြီး မိဘတို့အား မေးမိပါသည်။ သို့ရာတွင် တိကျအဖြေမရခဲ့ပါ။ ဘုရားစုံအောင် ဖူးခွင့်ရဖို့လည်း မလွယ်ကူပါ။ ယခုကြုံကြိုက်၍ တရုတ်ပြည်မြတ်စွယ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ဖူးရသည့်အခါ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးစာနှင့် ပူဇော်ရလျှင် အကောင်းဆုံးဟု ထင်မိသည်။ ၀တ်ကျေရုံ၊ လက်အုပ်ချီရုံနှင့် မပြည့်စုံသေး။ ဘုရားရှင်၏ ဘုန်းတော်၊ ကံတော် ဉာဏ်တော် အနန္တကို အသည်းထဲမှာ လိုက်လှဲစွာ အာရုံပြုတည်ဆောက်ရန် ဘုရားရှိခိုးစာများကား အများအပြားရှိပါသည်။ လူငယ်များအနေနှင့် တေးဂီတဆိုလျှင် အလွတ်ရသည်ချည်းပင်။ ထို့အတူ ဘုရားရှိခိုးပေါင်းစုံကိုလည်း မရမရှိစေသင့်။ ရောင်ခြည်တော်ဘုရားရှိခိုးစာလည်း ရှိသည်။ စွယ်တော်ကြိုး သီချင်းလည်း ရှိသည်၊ ဓမ္မတေးအနေနှင့်လည်း ကြည်ညိုဖွယ်ရာ တေးများနှင့် ပူဇော်ကြသည်။ သီချင်းများရသည့်နည်းတူ အကျိုးပွားစေမည့် ဘုရားရှိခိုး စာများကိုလည်း အလွတ်ကျက်ထားသင့်ပါသည်။
မြန်မာပြန်သားများသည် ကုသိုလ်ကံထူးကြ၏။ နှစ်ကျိပ်ရှစ်ဆူဘုရားများ အပါအ၀င်ဖြစ်သော သရက္ခန်စည်သူရှင်နှင့် ရွှေတန်တစ်ဘုရား ပူဇော်ခွင့် ရခဲ့ကြဖူးပြီး ယခုတစ်ဖန် နှစ်ကျိပ်ရှစ်ဆူစာရင်းဝင် တရုတ်ပြည်စွယ်တော်ရှင်ကို ပြည်လုံးကျွတ် ဖူးမြော်နေကြဆဲ ဖြစ်ပါသည်။ နိုင်ငံတော်၏ ကျေးဇူးကား ကြီးမားလှပါသည်။
ယခင်က ရှေးသူဟောင်းတို့သည် ဘုရားရှခိုးစာကို ရကြပါ၏။ ကိုယ်တော်မြတ်များကို ကိုယ်ထိုင်မဖူးလိုက်ကြရပါ။ “တရုတ်ပြည်တွင် စွယ်တော်ရှင်” ဟု စသည်ဖြင့် စိတ်ကသာရည်မှန်း ပူဇော်ကြပြီး ကိုယ်ထိုင်ထူးခွင့် မကြုံခဲ့ကြရှာပါ။ ယခုလူများလောက် ကုသိုလ်မထူးကြ။ ဤအချက်ကို မမေ့လျော့ဘဲ နှလုံးသွင်းသင့်ပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားရှိခိုးမှာ ကာရန်ကောင်း၍ အကျက်ရလွယ်ပါသည်။
(၁) “အာသောမာဝ၊ ဘုန်းရောင်ပသည်၊ လောကတန်ဆောင်၊ မိုက်မှောင်ဝိဇ္ဇာ၊ ထောင့်ငါးရာကို၊ ပယ်ခွာစင်မြောက်၊ ပေါက္ကံရွှေပြည်၊ သာသည်ရွန်းစို၊ မြင်းမိုရ်ကမ်းယံ၊ ဆိတ်မညံသည်၊ ရေသံသဲသဲ၊ ၀ဲကြီးအမော်၊ မွေတော်ဓာတ်ပုံ၊ ရွှေစည်းခုံက၊ စသည်မယွင်း၊
(၂) ရွှေအင်းဝတွင်၊ စည်းခုံရှင်ဟု၊ သုံးခွင်ရပ်သူ၊ ပူဇော်သက္ကာ၊
(၃) သီတာဝန်းကျင်၊ ရေယဉ် ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းသည်၊ ကျွန်းကြီးအလယ်၊ ထက်ဝယ်ခေါင်ဖျား၊ သီကြားတည်သည်၊ သပ္ပာယ်လှမော၊ သီတောသည်၊
(၄) ရှင်စောမြတ်စွာ၊ စိန္တေယျာဟု၊ ကြေညာဖော်ပြ၊ ရှင်မွန်လှနှင့်၊ အစပြု၍၊
(၅) ကောင်းမူနိဗ္ဗာန်၊ ရွှေစာရံတည်၊
(၆) မကျန်နတ်လူ၊ ဖူးသူမဆိတ်၊ ရွှေတောင်ထိပ်မှာ၊ ကြည်စိတ်သဒ္ဒါ၊ နတ်ဗြဟ္မာလည်း၊ ဖူးလာမစဲ၊ ဗျာဒိတ်ပွဲတွင်၊ ကျော်သဲသံလွန်၊ ရွှေမင်းဝံတည့်၊
(၇) ဓာတ်မွန်ရွှေတောင်၊ တန်ဆာရောင်နှင့်၊ ပြောင်ပြောင်ကြွသည့်၊ ထွန်းပတေဇော်၊ ရွှေရင်မျှော်တည့်၊
(၈) သုံးဖော်ကြငှန်း၊ မြို့ပခန်းတွင်၊ စည်သူရှင်ဟု၊ ရွှေရင်ဓာတ်ပေါင်း၊ ရေကြောင်းမြစ်ဝ၊ ကမ်းနားဝ၌၊ ထွန်းပတေဇာ၊ ခြောက်ရောင်ဖြာနှင့်၊
(၉) ကွမ်းရာတစ်လစ်၊ ရွှေတန်တစ်ဟု၊
(၁၀) ပုညက္ခေတ္ထ၊ မည်မှန်သမိုင်း၊ မြို့လယ်ကိုင်းမှာ၊ ကျောင်းတော်ရာတည့်၊
(၁၁) ကေလာသဘ၊ ဂုဏ်ကိုးဝနှင့်၊ နေ့ညမဟူ၊ မြို့တော်ငူတွင်၊ ရှင်ပင်ညီနောင်၊ ရောင်တော်ခြောက်လီ၊ ပွင့်လင်းစည်သည်၊
(၁၂-၁၃) ရေယဉ်ဝန်းလျက်၊ မန်းရွှေစက်နှင့် အောက်ထက် နှစ်ဆူ၊ ကျွန်းဇမ္ဗူတွင်၊ ကျော်စောထင်သည်၊
(၁၄) ထက်ခွင်ဒေ၀ါ၊ နတ်ဗြဟ္မာလည်း၊ ကြေညာ ပတ်ကုံး၊ ဘုန်းမီးတေဇော်၊ ပြည်ဆံတော်ဟု၊
(၁၅) မွေတော်ဓာတ်ပုံ၊ ရွှေတိဂုံတွင်၊ ငါးအင်သစ္စာ၊ ဌာပနာ၍၊ ကေသာဆံတော်၊ မြတ်ဇိနော်က၊ ကျော်ပေါက်ပြသည်၊
(၁၆) နရသီဟော်၊ မျိုးလေးဖော်တို့၊ ပျော်ကြနေရာ၊ မြို့ဟံသာဝယ်၊ သပ္ပာယ်လှမော၊ ရွှေမော်ဓောတည့်၊
(၁၇) လောကတံခွန်၊ မြို့ကျိုက်ပွန်တည့်၊
(၁၈) မည်ညွှန်ခေါ်သည်၊ ကျိုက္ခမီတည့်၊
(၁၉) ကြီးသည့်တန်ခိုး၊ ကျိုက်ထီးရိုးတည့်၊
(၂၀) အမျိုးလေးရပ်၊ မှတ်လောအမှန်၊ ထွန်းဝင်းလျှံသည်၊ မြသိန်းတန်ဟု၊
(၂၁) ကမ်းယံ မြစ်တွင်၊ မွေတော်ရှင်လည်း၊ ရွှေရင်ကျိန်းဝပ်၊ ဆံတော်ဓာတ်လည်း၊ ရှစ်ရပ်မျက်နှာ၊ သီတာပတ်ကုံး၊ ရွှေရင်ကျိန်းဝပ်၊
ဆံတော်ဓာတ်လည်း၊ ရှစ်ရပ်မျက်နှာ၊ သီတာပတ်ကုံး၊ ရွှေလဖုံးသို့၊
(၂၂) သုံးဆယ့်ရှစ်သွယ်၊ မြို့ဇင်းမယ်၌၊ ခြောက်သွယ့်ရောင်ခြည်၊ ထူးလည်ထွေပြား၊ ယိုးဒယားပြည်၊ နေသည် မွေ့လျော၊ ပြည်ဆံတော်ဟု၊
(၂၃) စွယ်တော်ဓာတ်မွေ၊ တရုတ်ပြည်တွင်၊ ချစ်ရှင်စွယ်တော်၊ ကျိန်းဝပ်ပျော်သည်။
(၂၄-၂၈) နဂါးပြည်မှာ၊ စက်လေးဖြာနှင့် မဟာမုနိ၊ သီရိဘုန်းမော်၊ လွန်ပျံ့ကျော်သည်၊ ပူဇော်အံ့ငှား၊ အဋ္ဌ၀ီသံ၊ ရောင်လျှံ ဖိတ်ဖိတ်၊ ခုနစ်စိတ်နှင့်၊ နှစ်ကျိပ်ရှစ်ဆူ၊ မြတ်ဘုန်းလူကို၊ ကြည်ဖြူမနော၊ ဒူရတောဖြင့်၊ ရွှေပန်းပွင့်နှယ်၊ ဆယ်ဆင့်ထပ်ကာ၊ လက်မှ ကြာကို၊ ထိပ်မှာတင်မိုး၊ ရှိလျှင်ခိုးသည်၊ ကောင်းကျိုးချမ်းသာ၊ နိဗ္ဗူတာသို့၊ မကြာလျင်ဆော၊ ရောက်စေသော၊ မြတ်ရှင်စော သြကာသ သြကာသ” ဤကားစာသား အပြည့်အစုံ ဖြစ်ပါသည်။ အကြိမ်ကြိမ် ရွတ်ဆိုမိလေ၊ သဒ္ဓါတရား ပွားနိုင်လေဖြစ်ပါသည်။ စွယ်တော်၏ တန်ခိုးကြောင့် မေ့နေသော ဘုရားရှိခိုး စာကို ပြန်၍ ရွတ်ဆိုပါသည်။
ယနေ့စွယ်တော်မြတ်သည် ပြည်လုံးကျွတ် ပူဇော်ခံရာမှ မကြာမီပြန်လည်၍ ကြွတော့မည်ဖြစ်ရာ အကြိမ်ကြိမ်ဖူး၍ မ၀နိုင်ကြ။ ပြန်ကြွတော့မည့် အရေးကို တွေးမိလျှင် ၀မ်းနည်းရပြန်သည်။ အညာဒေသ၏ ဓလေ့ထုံးစံအရ တံခွန်၊ ကြက်လျှာ၊ ကုက္ကား၊ မုလေးပွားစသော ဘုရားရှင်တို့၏ အသုံးအဆောင်များအပြင် မြင်းသည်တော်တို့၏ မြင်းတပ်၊ ဆင်တပ်များဖြင့် ထူးခြားစွာ ကြိုဆိုသက္ကာရပြုနေကြသည်ကို တွေ့ရသည်။ ဟင်းလင်းပြင်စံပယ်ရ၍ ပိုပြီး ထင်ထင်ရှားရှားဖူးရသည်။ အကောင်းဆုံး ပုံတော်မှာ အစိမ်းရောင် ပို့စကတ်ပင် ဖြစ်သည်။ ကြာကလပ်ပေါ်၌ အံတော်အခွကိုပင် ထင်ရှားစွာဖူးရသည်။ မည်းမှောင်၍ မနေပါ။ ၂၀၀ကျပ် အထက်လှူသူများကို တုံ့ပြန်သော ပို့စကတ်များအနက် ထိုအစိမ်းရောင်ကို ရလျှင် ပိုပြီးပေါ်ထင်သည်။ ပုံတော်ကို ဘုရားစင်ပေါ်တွင်ပင့်၍ တပည့်တော်အား သနားသဖြင့် ဤအိမ်ထက်၌ ကိန်းဝပ်တော်မူပါဟု ပန်ကြားပြီးနောက်တွင် ကြည်ညိုပီတိဂွမ်းဆီအိသို့ ခံစားကြရပါလိမ့်မည်။ ပေကျင်း စံကျောင်းတော်တွင်မူ လျှပ်စစ်ကြာပန်းမီးထိုင် များနှင့် အမြဲပူဇော်ထားပါသည်။ ပြန်ကြွခါနီးပြီဖြစ်သော စွယ်တော်ရှင်အား ဤဘုရားရှိခိုးစာဖြင့် အားပါးတရ ပူဇော်လိုက်ကြပါစို့။
စောမုံညင်း ရေးသားချက်အား ပြန်လည်မျှဝေသည်။
ယနေ့စွယ်တော်မြတ်သည် မန္တလေးမြို့၌ အပူဇော်ခံလျက် ရှိနေပါသည်။ တစ်နေ့ထက်တစ်နေ့ သဒ္ဓါတရား ထက်သန်စွာ ပူဇော် သက္ကာရ ပြုနေကြသည်ကို တွေ့ရပါသည်။ ရုပ်မြင်သံကြား ကြည့်သူများ အဖို့ နေ့စဉ်ဖူးရ၊ ပူဇော်ကြရပြီး နေ့စဉ်ကုသိုလ်ရနေကြရာ ဤအခွင့်အရေးမျိုးကို ဘယ်သောကာလကမျှ မရရှိခဲ့ဖူးပါ၊ ဦးချရှိခိုးရုံနှင့် မပြီးသေးဘဲ ဘယ်ပုံနှလုံးသွင်းလျှင် ကောင်းပါမည်နည်း ရှာဖွေကြံဆမိပါသည်။
ထိုအခါ နှစ်ကျိပ်ရှစ်ဆူဘုရားရှိခိုးစာကို သွားပြီး သတိရမိတယ်။ “အာသောမာဝ၊ ဘုန်းရောင် ပ သည်” စသော ဘုရားရှိခိုးစာကို ငယ်စဉ်က ကျက်ခဲ့ထူးသော်လည်း ကြီးလေ အချိန်မရလေ၊ အကျင့်ပျက်ခဲ့ သည်မှာ ကြာလှပေပြီ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို မှီခိုသော စာနှင့် နှစ်ကျိပ်ရှစ်ဆူစေတီများကို ဖော်ကျူးရှစ်ခိုးသော စာကား မတူညီပါ။ ဘုရားနှင့် စေတီကွဲပြားပြီး ကန်တော့ရသောစာ ဖြစ်ပါသည်။
နှစ်ကျိပ်ရှစ်ဆူစေတီိများ စာရင်းတွင် ယခု မြန်မာပြည်သို့ ဒေသစာရီကြွလာတော်မူနေသော တရုတ်ပြည်စွယ်တော်သည် တစ်ဆူ အပါအ၀င်ဖြစ်သည်။
ဘုရားနှင့်စေတီကို ခွဲခြားပြီး ကန်တော့ရသော ဘုရားရှိခိုးစာကို သိထားကြဖို့လိုပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများမှာ -
ဘဒ္ဒကမ္ဘာ၌ပွင့်သော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမပေါင်း လေးဆူ၊ ဘဒ္ဒကမ္ဘာမှ ၃၁ ကမ္ဘာထက်၌ ပွင့်တော်မူသော သိခီ၊ ဝေဿဘူ ပေါင်း နှစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၉၁ ကမ္ဘာထက်၌ ပွင့်တော်မူသော ၀ိပဿီ တစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၉၂ ကမ္ဘာ၌ ပွင့်တော်မူသော ထိဿ၊ ဖုဿ ပေါင်းနှစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၉၄ ကမ္ဘာ၌ ပွင့်တော်မူသော သိဒ္ဓတ္ထ တစ်ဆူ၊ ဘဒ္ဒကမ္ဘာမှ ၁၈ ကမ္ဘာ၌ ပွင့်တော်မူသော ပီယဒဿီ၊ အတ္တဒဿီ၊ ဓမ္မဒဿီ ပေါင်းသုံးဆူ၊ ဘဒ္ဒကမ္ဘာမှ ကမ္ဘာ ခုနှစ်သောင်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရာဘုရား သုမေဓာ၊ သုဇာတာ ပေါင်းနှစဆူ၊ ဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူသော ပဒုမုတ္တရဘုရား တစ်ဆူ၊ ထိုပဒုမုတ္တရ ဘုရားပွင့်ရာ သာရကမ္ဘာမှ တစ်သင်္ချေထက်၌ ပွင့်တော်မူသော အနောမဒဿီ၊ ပဒုမ၊ နာရဒဟူသော ဘုရားသုံးဆူ၊ ထိုသာရကမ္ဘာမှ ကမ္ဘာနှစ်သင်္ချေထက်၌ ပွင့်တော်မူသော မင်္ဂလ၊ သုမန၊ သောဘိတ၊ ရေ၀တဟူသော ဘုရားလေးဆူ၊ ထိုသာရကမ္ဘာမှ သုံး အသင်္ချေထက်၌ ပွင့်တော်မူသော ကောဏ္ဍည တစ်ဆူ၊ ထိုသာရကမ္ဘာမှ လေးအသင်္ချေထက်၌ ပွင့်တော်မူသော တဏှဲင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ၊ ဒီပင်္ကရာ ဟူသောဘုရားလေးဆူ စသည်ဖြင့် ၁၂ကမ္ဘာ၌ ပွင့်တော်မူကုန်သော နှစ်ကျိပ်ရှစ်ဆူ၊ လောကထွတ်ထား မြတ်စွာဘုရား တို့ကို အကျွန်ုပ်သည် ကုမုဒြာရွှေကြာပွင့်ငုံ၊ ဆယ်ချောင်းရုံလျက်၊ ကြည်ယုံမြတ်နိုး၊ ဦးထိပ်မိုး၍၊ ရှိခိုးပူဇော်ပါ၏ဟု နူတ်က ရွတ်ဆိုရင်း စိတ်ကပါအာရုံပြုကြရပါသည်။
လူအများပင် နှစ်ကျိပ်ရှစ်ဆူ ပူဇော်နေကြသော်လည်း ဘုရားဘွဲ့တော်များးကိုကား အတိအကျမသိကြလျှင် အကျိုးများမည် မဟုတ်ပါ။ လူတိုင်းသိထားဖို့ လိုပါသည်။ ကမ္ဘာအေးဘုရားတည်စဉ်ကပင် ၂၈ဆူ ဘုရားရှင်များ၏ ပုံတော်နှင့် ပွင့်တော်မူရာ ဗောဓိပင် အသီးသီးကို နောက်ခံလျက် ဆေးရောင်စုံနှင့် ယနေ့အထိ ဖူးကြရပြီး ဖြစ်ပါသည်။ ထိုဘုရားများအပြင် နှစ်ကျိပ်ရှစ်ဆူသော စေတီတော်များစားရင်းကိုလည်း သီးသန့် ဘုရားရှိခိုး၌ တွေ့နိုင်ပါသည်။ ထိုနှစ်ကျိပ်ရှစ်ဆူ စေတီတော် ဘုရားရှိခိုးစာ၌ ယခုပူဇော်ခွင့်ရသော တရုတ်ပြည် စွယ်တော်သည် တစ်ဆူအပါအ၀င်ဖြစ်ပါသည်။ ထိုစေတီများမှာ အကြမ်းအားဖြင့် -
(၁) ပုဂံ ရွှေစည်းခုံ (၂) အင်းဝစည်းခုံရှင် (၃) သီဟတော (၄) ရှင်မွန်လှ (၅) ရွှေစာရံ (၆) ရွှေမင်းဝံ (၇) ရွှေရင်မျှော် (၈) ပခန်းစည်သူရှင် (၉) ရွှေတန်တစ် (၁၀) ကျောင်းတော်ရာ (၁၁) တောင်ငူရှင်ပင်ညီနောင် (၁၂-၁၃) မန်းစက်တော် (၁၄) ပြည်ဆံတော် (၁၅) ရွှေတိဂုံ (၁၆) ပဲခူးရွှေမော်ဓော (၁၇) ကျိုက်မွန် လောကတံခွန် (၁၈)ကျိုက္ခမီဘုရား (၁၉) ကျိုက်ထီးရိုး (၂၀) မြသိန်းတန် (၂၁) ကမ်းယံမြစ်တွင် မွေတော်ရှင် (၂၂) ဇင်းမယ်ယိုးဒယား ပြည်ဆံတော် (၂၃) တရုတ်ပြည် စွယ်တော်နှင့် (၂၄-၂၈) နဂါးပြည်မှာ စက်လေးဖြာနှင့်မဟာမုနိ၊ သီရိဘုန်းမော်၊ လွန်းပျံ့ကျော်သည်၊ ပူဇော်အံ့ငှာ၊ အဋ္ဌ၀ီသံ၊ ရောင်လျှံဖိတ်ဖိတ်၊ ခုနှစ်စိတ်နှင့် နှစ်ကျိပ်ရှစ်ဆူ၊ မြတ်ဘုန်းလူဟု သိရပါသည်။
မြန်မာပြည်တွင် တန်ခိုးအကြီးဆုံး စေတီများပေလော၊ နှစ်ကျိပ်ရှစ်ဆူသာ တန်ခိုးကြီးသလောဟု ငယ်စဉ်ကပင် လူကြီး မိဘတို့အား မေးမိပါသည်။ သို့ရာတွင် တိကျအဖြေမရခဲ့ပါ။ ဘုရားစုံအောင် ဖူးခွင့်ရဖို့လည်း မလွယ်ကူပါ။ ယခုကြုံကြိုက်၍ တရုတ်ပြည်မြတ်စွယ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ဖူးရသည့်အခါ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးစာနှင့် ပူဇော်ရလျှင် အကောင်းဆုံးဟု ထင်မိသည်။ ၀တ်ကျေရုံ၊ လက်အုပ်ချီရုံနှင့် မပြည့်စုံသေး။ ဘုရားရှင်၏ ဘုန်းတော်၊ ကံတော် ဉာဏ်တော် အနန္တကို အသည်းထဲမှာ လိုက်လှဲစွာ အာရုံပြုတည်ဆောက်ရန် ဘုရားရှိခိုးစာများကား အများအပြားရှိပါသည်။ လူငယ်များအနေနှင့် တေးဂီတဆိုလျှင် အလွတ်ရသည်ချည်းပင်။ ထို့အတူ ဘုရားရှိခိုးပေါင်းစုံကိုလည်း မရမရှိစေသင့်။ ရောင်ခြည်တော်ဘုရားရှိခိုးစာလည်း ရှိသည်။ စွယ်တော်ကြိုး သီချင်းလည်း ရှိသည်၊ ဓမ္မတေးအနေနှင့်လည်း ကြည်ညိုဖွယ်ရာ တေးများနှင့် ပူဇော်ကြသည်။ သီချင်းများရသည့်နည်းတူ အကျိုးပွားစေမည့် ဘုရားရှိခိုး စာများကိုလည်း အလွတ်ကျက်ထားသင့်ပါသည်။
မြန်မာပြန်သားများသည် ကုသိုလ်ကံထူးကြ၏။ နှစ်ကျိပ်ရှစ်ဆူဘုရားများ အပါအ၀င်ဖြစ်သော သရက္ခန်စည်သူရှင်နှင့် ရွှေတန်တစ်ဘုရား ပူဇော်ခွင့် ရခဲ့ကြဖူးပြီး ယခုတစ်ဖန် နှစ်ကျိပ်ရှစ်ဆူစာရင်းဝင် တရုတ်ပြည်စွယ်တော်ရှင်ကို ပြည်လုံးကျွတ် ဖူးမြော်နေကြဆဲ ဖြစ်ပါသည်။ နိုင်ငံတော်၏ ကျေးဇူးကား ကြီးမားလှပါသည်။
ယခင်က ရှေးသူဟောင်းတို့သည် ဘုရားရှခိုးစာကို ရကြပါ၏။ ကိုယ်တော်မြတ်များကို ကိုယ်ထိုင်မဖူးလိုက်ကြရပါ။ “တရုတ်ပြည်တွင် စွယ်တော်ရှင်” ဟု စသည်ဖြင့် စိတ်ကသာရည်မှန်း ပူဇော်ကြပြီး ကိုယ်ထိုင်ထူးခွင့် မကြုံခဲ့ကြရှာပါ။ ယခုလူများလောက် ကုသိုလ်မထူးကြ။ ဤအချက်ကို မမေ့လျော့ဘဲ နှလုံးသွင်းသင့်ပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားရှိခိုးမှာ ကာရန်ကောင်း၍ အကျက်ရလွယ်ပါသည်။
(၁) “အာသောမာဝ၊ ဘုန်းရောင်ပသည်၊ လောကတန်ဆောင်၊ မိုက်မှောင်ဝိဇ္ဇာ၊ ထောင့်ငါးရာကို၊ ပယ်ခွာစင်မြောက်၊ ပေါက္ကံရွှေပြည်၊ သာသည်ရွန်းစို၊ မြင်းမိုရ်ကမ်းယံ၊ ဆိတ်မညံသည်၊ ရေသံသဲသဲ၊ ၀ဲကြီးအမော်၊ မွေတော်ဓာတ်ပုံ၊ ရွှေစည်းခုံက၊ စသည်မယွင်း၊
(၂) ရွှေအင်းဝတွင်၊ စည်းခုံရှင်ဟု၊ သုံးခွင်ရပ်သူ၊ ပူဇော်သက္ကာ၊
(၃) သီတာဝန်းကျင်၊ ရေယဉ် ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းသည်၊ ကျွန်းကြီးအလယ်၊ ထက်ဝယ်ခေါင်ဖျား၊ သီကြားတည်သည်၊ သပ္ပာယ်လှမော၊ သီတောသည်၊
(၄) ရှင်စောမြတ်စွာ၊ စိန္တေယျာဟု၊ ကြေညာဖော်ပြ၊ ရှင်မွန်လှနှင့်၊ အစပြု၍၊
(၅) ကောင်းမူနိဗ္ဗာန်၊ ရွှေစာရံတည်၊
(၆) မကျန်နတ်လူ၊ ဖူးသူမဆိတ်၊ ရွှေတောင်ထိပ်မှာ၊ ကြည်စိတ်သဒ္ဒါ၊ နတ်ဗြဟ္မာလည်း၊ ဖူးလာမစဲ၊ ဗျာဒိတ်ပွဲတွင်၊ ကျော်သဲသံလွန်၊ ရွှေမင်းဝံတည့်၊
(၇) ဓာတ်မွန်ရွှေတောင်၊ တန်ဆာရောင်နှင့်၊ ပြောင်ပြောင်ကြွသည့်၊ ထွန်းပတေဇော်၊ ရွှေရင်မျှော်တည့်၊
(၈) သုံးဖော်ကြငှန်း၊ မြို့ပခန်းတွင်၊ စည်သူရှင်ဟု၊ ရွှေရင်ဓာတ်ပေါင်း၊ ရေကြောင်းမြစ်ဝ၊ ကမ်းနားဝ၌၊ ထွန်းပတေဇာ၊ ခြောက်ရောင်ဖြာနှင့်၊
(၉) ကွမ်းရာတစ်လစ်၊ ရွှေတန်တစ်ဟု၊
(၁၀) ပုညက္ခေတ္ထ၊ မည်မှန်သမိုင်း၊ မြို့လယ်ကိုင်းမှာ၊ ကျောင်းတော်ရာတည့်၊
(၁၁) ကေလာသဘ၊ ဂုဏ်ကိုးဝနှင့်၊ နေ့ညမဟူ၊ မြို့တော်ငူတွင်၊ ရှင်ပင်ညီနောင်၊ ရောင်တော်ခြောက်လီ၊ ပွင့်လင်းစည်သည်၊
(၁၂-၁၃) ရေယဉ်ဝန်းလျက်၊ မန်းရွှေစက်နှင့် အောက်ထက် နှစ်ဆူ၊ ကျွန်းဇမ္ဗူတွင်၊ ကျော်စောထင်သည်၊
(၁၄) ထက်ခွင်ဒေ၀ါ၊ နတ်ဗြဟ္မာလည်း၊ ကြေညာ ပတ်ကုံး၊ ဘုန်းမီးတေဇော်၊ ပြည်ဆံတော်ဟု၊
(၁၅) မွေတော်ဓာတ်ပုံ၊ ရွှေတိဂုံတွင်၊ ငါးအင်သစ္စာ၊ ဌာပနာ၍၊ ကေသာဆံတော်၊ မြတ်ဇိနော်က၊ ကျော်ပေါက်ပြသည်၊
(၁၆) နရသီဟော်၊ မျိုးလေးဖော်တို့၊ ပျော်ကြနေရာ၊ မြို့ဟံသာဝယ်၊ သပ္ပာယ်လှမော၊ ရွှေမော်ဓောတည့်၊
(၁၇) လောကတံခွန်၊ မြို့ကျိုက်ပွန်တည့်၊
(၁၈) မည်ညွှန်ခေါ်သည်၊ ကျိုက္ခမီတည့်၊
(၁၉) ကြီးသည့်တန်ခိုး၊ ကျိုက်ထီးရိုးတည့်၊
(၂၀) အမျိုးလေးရပ်၊ မှတ်လောအမှန်၊ ထွန်းဝင်းလျှံသည်၊ မြသိန်းတန်ဟု၊
(၂၁) ကမ်းယံ မြစ်တွင်၊ မွေတော်ရှင်လည်း၊ ရွှေရင်ကျိန်းဝပ်၊ ဆံတော်ဓာတ်လည်း၊ ရှစ်ရပ်မျက်နှာ၊ သီတာပတ်ကုံး၊ ရွှေရင်ကျိန်းဝပ်၊
ဆံတော်ဓာတ်လည်း၊ ရှစ်ရပ်မျက်နှာ၊ သီတာပတ်ကုံး၊ ရွှေလဖုံးသို့၊
(၂၂) သုံးဆယ့်ရှစ်သွယ်၊ မြို့ဇင်းမယ်၌၊ ခြောက်သွယ့်ရောင်ခြည်၊ ထူးလည်ထွေပြား၊ ယိုးဒယားပြည်၊ နေသည် မွေ့လျော၊ ပြည်ဆံတော်ဟု၊
(၂၃) စွယ်တော်ဓာတ်မွေ၊ တရုတ်ပြည်တွင်၊ ချစ်ရှင်စွယ်တော်၊ ကျိန်းဝပ်ပျော်သည်။
(၂၄-၂၈) နဂါးပြည်မှာ၊ စက်လေးဖြာနှင့် မဟာမုနိ၊ သီရိဘုန်းမော်၊ လွန်ပျံ့ကျော်သည်၊ ပူဇော်အံ့ငှား၊ အဋ္ဌ၀ီသံ၊ ရောင်လျှံ ဖိတ်ဖိတ်၊ ခုနစ်စိတ်နှင့်၊ နှစ်ကျိပ်ရှစ်ဆူ၊ မြတ်ဘုန်းလူကို၊ ကြည်ဖြူမနော၊ ဒူရတောဖြင့်၊ ရွှေပန်းပွင့်နှယ်၊ ဆယ်ဆင့်ထပ်ကာ၊ လက်မှ ကြာကို၊ ထိပ်မှာတင်မိုး၊ ရှိလျှင်ခိုးသည်၊ ကောင်းကျိုးချမ်းသာ၊ နိဗ္ဗူတာသို့၊ မကြာလျင်ဆော၊ ရောက်စေသော၊ မြတ်ရှင်စော သြကာသ သြကာသ” ဤကားစာသား အပြည့်အစုံ ဖြစ်ပါသည်။ အကြိမ်ကြိမ် ရွတ်ဆိုမိလေ၊ သဒ္ဓါတရား ပွားနိုင်လေဖြစ်ပါသည်။ စွယ်တော်၏ တန်ခိုးကြောင့် မေ့နေသော ဘုရားရှိခိုး စာကို ပြန်၍ ရွတ်ဆိုပါသည်။
ယနေ့စွယ်တော်မြတ်သည် ပြည်လုံးကျွတ် ပူဇော်ခံရာမှ မကြာမီပြန်လည်၍ ကြွတော့မည်ဖြစ်ရာ အကြိမ်ကြိမ်ဖူး၍ မ၀နိုင်ကြ။ ပြန်ကြွတော့မည့် အရေးကို တွေးမိလျှင် ၀မ်းနည်းရပြန်သည်။ အညာဒေသ၏ ဓလေ့ထုံးစံအရ တံခွန်၊ ကြက်လျှာ၊ ကုက္ကား၊ မုလေးပွားစသော ဘုရားရှင်တို့၏ အသုံးအဆောင်များအပြင် မြင်းသည်တော်တို့၏ မြင်းတပ်၊ ဆင်တပ်များဖြင့် ထူးခြားစွာ ကြိုဆိုသက္ကာရပြုနေကြသည်ကို တွေ့ရသည်။ ဟင်းလင်းပြင်စံပယ်ရ၍ ပိုပြီး ထင်ထင်ရှားရှားဖူးရသည်။ အကောင်းဆုံး ပုံတော်မှာ အစိမ်းရောင် ပို့စကတ်ပင် ဖြစ်သည်။ ကြာကလပ်ပေါ်၌ အံတော်အခွကိုပင် ထင်ရှားစွာဖူးရသည်။ မည်းမှောင်၍ မနေပါ။ ၂၀၀ကျပ် အထက်လှူသူများကို တုံ့ပြန်သော ပို့စကတ်များအနက် ထိုအစိမ်းရောင်ကို ရလျှင် ပိုပြီးပေါ်ထင်သည်။ ပုံတော်ကို ဘုရားစင်ပေါ်တွင်ပင့်၍ တပည့်တော်အား သနားသဖြင့် ဤအိမ်ထက်၌ ကိန်းဝပ်တော်မူပါဟု ပန်ကြားပြီးနောက်တွင် ကြည်ညိုပီတိဂွမ်းဆီအိသို့ ခံစားကြရပါလိမ့်မည်။ ပေကျင်း စံကျောင်းတော်တွင်မူ လျှပ်စစ်ကြာပန်းမီးထိုင် များနှင့် အမြဲပူဇော်ထားပါသည်။ ပြန်ကြွခါနီးပြီဖြစ်သော စွယ်တော်ရှင်အား ဤဘုရားရှိခိုးစာဖြင့် အားပါးတရ ပူဇော်လိုက်ကြပါစို့။
စောမုံညင်း ရေးသားချက်အား ပြန်လည်မျှဝေသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
မြ၀တီမင်းကြီး ဦးစ၏ ထူးမခြားနား ရောင်ခြည်တော်ဘွဲ့ သီချင်းကြီး
11:27 PM | By ♣☺တောသူမလေး☺♣
မြတ်စွယ်တော် မကြွရောက်မီက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တွင်လည်းကောင်း၊ ကြွရောက်လာချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရ လေယာဉ်ကွင်း ကြိုဆိုပူဇော်ပွဲ အခမ်းအနားကြီးတွင် လည်းကောင်း၊ မြတ်စွယ်တော် ကြွရောက်လာပြီးနောက် ကိန်းဝပ်စံပယ် အပူဇော်ခံနေသော ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင်လည်းကောင်း၊ ဂီတပညာရှင်များနှင့် အဆိုကျော်တို့ တီးမူတ်သီဆိုပူဇော်ကြသော ဓမ္မတေးဟောင်းများအအနက် မြ၀တီမင်းကြီး ဦးစ ရေးစပ်ခဲ့သော “ထူးမခြားနား” အစချီသော ရောင်ခြည်တော်ဘွဲ့ သီချင်းခန့်ကြီးကို စာရေးသူ အထူးနှစ်သက် စွဲမြဲလှသောကြောင့် စာရေးသူကဲ့သို့ နားထောင်မိသော ပုဂ္ဂိုလ်တို့သည်လည်း နှစ်သက်ကြည်ညိုကြမည်ဟု ယူဆမိပြီး ဤဆောင်းပါးကို ရေးမိပါသည်။
ထူးမခြားနားသီချင်းကို စာရေးသူ စတင်နားဆင်မိသောအရွယ်မှာ ၁၀နှစ်သားခန့်အရွယ်ဖြစ်သည်။ စစ်ကြိုခေတ်က နာမည်ကျော် ဇာတ်ဆရာကြီး ဦးဖိုးစိန်၏ စိန်မဟာသဘင် ဇာတ်ကြီးသည် မန္တလေးမြို့ ကျုံးထောင့်၌ ရုံကြီးထိုးပြီး ခုနှစ်ချီမှ ၁၀ချီအထိ ညစဉ်ကပြလေ့ရှိသည်။ မန္တလေးပရိတ်သတ်သည် နှစ်စဉ်ကြည့်ကြသည်။ ပွဲချီအစမှ အဆုံးထိ ဖျာဝယ်ကြည့်သူများလည်းရှိရာ စာရေးသူ၏ အဘွားနှင့် ကြီးတော်တို့လည်း ပါဝင်သည်။ မြေးများ၊ တူများကို မြန်မာ့ဇာတ်သဘင်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမူ အခြေခံများရစေခြင်းငှာ ပွဲသို့ခေါ်သွားတတ်ကြပါသည်။ စိန်မဟာသဘင်၏ ထူးခြားချက်မှာ အပျိုတော်အကနှင့် ပွဲမစဘဲ ဘုရားရှိခိုးခန်းနှင့် ပွဲစထွက်ပါသည်။ ရောင်ခြည်တော်လွှတ်နေသော ဗုဒ္ဓမြတ်စွာဘုရား ဆင်းထုတော်ရှေ့တွင် ဇာတ်သူဇာတ်သားတို့ မင်းခမ်းမင်းနား အ၀တ်အစားများဝတ်ပြီး ထူးမခြားနား သီချင်းကြီးကို သံပြိုင်ဆိုကာ လက်အုပ်ချီ ရှိခိုးကြသည်။ ဇာတ်စင်အောက်က ဖန်ပဒိုင်း မီးခိုင်ကြီးများနှင့် ခံ့ညားလှသော ဆိုင်းဝိုင်းကြီးက စင်ပေါ်က ညီညာကြည်သစွာ သံပြိုင်ဆိုနေသောအသံနှင့် လိုက်ဖက်စွာတီးခတ်လိုက်သော ဂီတသံသည် ၁၀နှစ်သားအရွယ် စာရေးသူ၏စိတ်ကို ဆွဲကိုင်ထားတော့သည်။ နောင်အခါ ရောင်ခြည်တော်နနှင့် ဗုဒ္ဓဆင်းတုတော်ပုံတော်ကို ဖူးတွေ့ရတိုင်း စာရေးသူနားတွင် ထူးမခြားနား သီချင်းသံကို သီချင်းအလိုက်ကို အလွတ်နီးပါး ရလာခဲ့သည်။ စာသားနှင့် အဓိပ္ပါယ်သဘောကို နားမလည် မသိသေးပါ။
တက္ကသိုလ်ကျောင်းသားဘ၀ အပို မြန်မာစာကို ဘာသာတွဲအဖြစ် သင်ယူသောအခါ မြ၀တီမင်းကြီး ဦးစရေးစပ်သော စွယ်တော်ရောင်ခြည်တော်ဘွဲ့ သီချင်းကြီးဖြစ်ကြောင်း သိလာရသည်။ သို့သော် သေချာစွာ မလေ့လာမိသေးပါ။ ၁၉၅၃-၅၄ ခုနှစ်များဆီလောက်က ရန်ကုန်-မန္တလေး မီးရထားသည် တောက်လျှောက် မခုတ်မောင်းနိုင်ပါ။ ပြည်တွင်းသောင်းကျန်းသူတို့ မိုင်းဗုံးကို စိုးရိမ်ရရုံမက တံတားများမှာလည်း ပြုပြင်ထိန်းသိမ်းမူ အားနည်သောကြောင်း မီးရထားကို ညင်သာစွာခုတ်ရသည်။ ရှေ့ပြေးမိုင်းရှင်းတွဲနောက်မှ လိုက်ရသော မီးရထားသည် ပျဉ်းမနားတွင်ညအိပ်ပြီးမှ နောက်နေ့ မန္တလေးသို့ ထွက်ရသည်။ ထိုနေ့ညမှာ လပြည့်နေ့ဖြစ်ပါသည်။ စာမေးပွဲကြီးအပြီး အညာမွေးရပ်မြေသို့ ပြန်လာကြသော ကျောင်းသားကျောင်းသူတို့သည် တွဲများတွင်ပြည့်နေသည်။ ပျဉ်းမနားမြို့ထဲသို့ သွားရောက် ရေမိုးချိုး၊ ညစာစားသောာက်လည်ပတ်ပြီး တွဲများသို့ ပြန်လာကြကာ စကားပြောကြ၊ သီချင်းဆိုကြနှင့် ညအချိန်ဖြုန်းကြသည်။ ကာလပေါ်သီချင်း၊ ပြဇာတ်နှင့် ရုပ်ရှင်သီချင်းများသီဆို၍ မောသွားကြသဖြင့် အိပ်သူအိပ်ကုန်ကြသည်။ ညဉ့်သန်းခေါင်ကျော်လောက်မှ လထိန်ထိန်သာချိန် ဒုံမင်းသံပေါ်လာပြီး ထူးမခြားနားသီချင်းကို တည်တည်ငြိမ်ငြိမ် သီဆိုလိုက်သော ကျောင်းသားတစ်သီး၏ အသံကို ကြားရပါသည်။ ထိုခေတ်က တက္ကသိုလ်ကော်လိပ်များတွင် မယ်ဒလင်၊ ဒုံမင်း တူရိယာများ ခေတ်စားသည်။ ဂစ်တာ ခေတ်မစားသေးပါ။
“ထူးမခြားနား၊ မီးရစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်လို့လို့များထွေ၊ ထူးထွေတည်အံ့ရာသား” ဟု ချီလိုက်ပြီး စည်းဝါးမှန်မှန် ဆိုဟန်ခန့်ခန့် ဆိုသွားပြီး
“ရှင်ရင်းမြတ် သကျားကိုလေ တင်ထိပ်ဦး စုံဖူးတည့် ရှိကြငုံ” ဟူ၍ သီချင်းကို အဆုံးသတ်လိုက်ရာ နားထောင်နေမိသော စာရေးသူသည် လပြည့်ဝန်းကြီးကို ကြည့်ပြီး စိတ်တွင်းက ဗုဒ္ဓမြတ်စွာကို ဦးသုံးကြိမ်ချလိုက်မိသည်။
မန္တလေးရောက်သည်နှင့် မန္တလေးကောလိပ် စာကြည့်တိုက်နှင့် မန္တလေး ပန်တျာကျောင်းသို့သွားကာ ထူးမခြားနားလေ့လာရေး လုပ်ပါတော့သည်။ ကုန်းဘောင်ခေတ် မင်းဆက်ခြောက်ဆက်မြောက် ဘိုးတော်ဘုရား (ဗဒုံးမင်း) လက်ထက်တွင် တရုတ်သံတော်အဖွဲ့များ လေးကြိမ်ရောက်လာသည်။ အေဒီ ၁၇၉၀ ပြည့်နှစ်ရောက်လာသောတရုတ်သံတော်များသည် တရုတ်ဧကရာဇ်ထံမှ လက်ဆောင်တော်များ အပြင် ဓမ္မလက်ဆောင်အဖြစ် မြတ်စွယ်တော်ပွားတစ်ဆူလည်း ယူဆောင်လာကာ ဘိုးတော်ဘုရားထံ ဆက်သကြသည်။ ထိုစွယ်တော်ပွားကို အမရပူရရွှေမြို့တော် နန်းတော်ဦး စွယ်တော်စင်၌ ကိုးကွယ်ထားသည်။ မြေးတော် စစ်ကိုင်းမင်း(ဘကြီးတော်ဘုရား) လက်ထက် နန်းဦးစွယ်တော် ကျောင်းတော်က ရောင်ခြည်တော်လွှတ်သည်ကို ရွှေနန်းတော်က ဖူးတွေ့ကြရသည်။ ဘကြီးတော်ဘုရားက ဂီတပညာရှင်ကြီး မြ၀တီမင်းကြီးဦးစကို စွယ်တော်ရောင်ခြည်တော်လွှတ်ကြောင်း မိန့်ပြီး ဓမ္မတေးဖွဲ့ရန် တိုက်တွန်းသည်။ မြ၀တီမင်းကြီးလည်း မောင်းထောင်ဆရာတော်ထံ ချဉ်းကပ်၍ ယမိုက်ပြာဋိဟာအကြောင်း၊ စွယ်တော်ဓာတ်အကြောင်း၊ ရောင်ခြည်တော်အကြောင်းတို့ကို လျှောက်ထားမေးမြန်း ဆည်းပူးပြီးနောက် မိမိ၏ ဂီတစွမ်းရည်နှင့် ကရားရေလွှတ် ရေးစပ်လိုက်ရာ “ထူးမခြားနား ဓမ္မတေးကြီး ဖန်တီးထွက်ပေါ်လာသည်။ ဘုရင့်ထံ စောင်းတူရိယာနှင့် သီဆိုဆက်သွင်းစရာ တစ်မုတ်ချင်း ပျံ့နှံ့ကျော်ကြားသွားသည်။
ထူးမခြားနား သီချင်းခန့်ကြီးသည် မြန်မာ့ဂီတနှင့် ရှေးသီချင်း လေ့လာဆည်းပူးရာ၌ မပါမဖြစ်သော ဘာသာရပ် ဖြစ်လာသည်။ ရန်ကုန်၊ မန္တလေး ပန်တျာကျောင်းများတွင် ဆိုင်း၊ နှဲ၊ ပလွေ၊ စောင်း၊ စန္ဒရား၊ ပတ္တလား စသော တူရိယာ သင်တန်း သင်ရိုးများတွင်လည်းကောင်း၊ သီချင်းကြီး အဆိုသင်တန်း သင်ရိုးများတွင်လည်းကောင်း ဤသီချင်းခန့်ကြီးကို မသင်မနေရ ဘာသာအဖြစ် ပြဋ္ဌာန်းထားကြောင်းကို သိရသည်။ ထိုအချိန်က မန္တလေး ပန်တျာကျောင်းအုပ်ကြီး ဦးစိန်ညွှန့်၊ စန္ဒရားဆရာ ဘကလေး၊ အကနည်းပြ ဆရာမကြီး ဒေါ်သြဘာသောင်းတို့က ရှင်းလင်းပြောပြကြသည်။
၁၉၇၅-၈၂ ကာလတွင် အနုပညာဦးစီးဌာန ညွှန့်ကြားရေးမူးချုပ်တာဝန် စာရေးသူ ယူရသောအခါ မြန်မာ့ဇာတ်သဘင် ဂီတလောကထဲသို့ ပါဝင်လာရသည်။ မာဂီတကျမ်းတွဲကြီး တည်ဖြတ်သော အစည်းအဝေးများသို့ တာဝန်အရ တက်ရောက်ရသောအခါ ဦးသိန်းဟန်(ဇော်ဂျီ)၊ ပါမောက္ခဟောင်း ဦးဘညွန့်(ချစ်ဒုက္ခ)၊ မြန်မာ့အသံ ဦးသန်းမြင့်(အဘ)၊ ဦးမြဦး(သံလျင်မြဦး)၊ ဂီတအကြံပေးပုဂ္ဂိုလ် ဒေါ်ဒေါ်ဦးတို့နှင့် ဆုံမိရပြီး မြန်မာရှေးသီချင်းကြီးတို့၏ စာသားများ၊ သမိုင်းနောက်ခံ၊ ဆိုဟန်၊ တီးဟန် တို့ကို ဆွေးနွေးတည်းဖြတ်ကြသည်ကို နားထောင်ရင်း ဗဟုသုတများစွာ ရလိုက်သည်။ ထူးမခြားနား သီချင်းနှင့်ပတ်သက်၍ ဆရာဇော်ဂျီက စာသားမူကွဲများကို ရှင်းပြသည်။ ဆရာဦးဘညွှန့်က ဆိုဟန် ဆိုပေါက်များကို ဆွေးနွေးရာတွင် ဤသီချင်းသည် သီချင်းခန့်ကြီးဖြစ်၍ ဘယ်သံ၊ ညာသံ၊ မည်သည့်အသံနှင့်ဆိုစေ စကားလုံးမပီ၊ ဆိုဟန်မခန့်ပါက သုတိမသာ၊ သီချင်းလည်း ပျက်သွားတတ်ကြောင်း ပြောပါသည်။ ရွာစား ဆိုင်းပညာရှင်ကြီးတို့ကလည်း ဆိုင်းပရိယာယ်များ အကြောင်းပြောပြကြသည်။ ဆရာဦးခင်ဇော်(ကေ)ကမူ မြ၀တီမင်းကြီးဦးစနှင့် သူ့ဂီတစာပေကို သုတေသနပြုလုပ်နေသော ကိန်းဘရစ်ခ်ျတက္ကသိုလ်က မြူရိရယ်၊ စီ၊ ၀ီလျံ သုတေသီကို ဂန္ဓမာတောင်နှင့် ထူးမခြားနား နှစ်ပုဒ်ကို အင်္ဂလိပ်ဘာသာပြန်ပေးပြီး တီးသွားကို အင်တာနေရှင်နယ် (ကမ္ဘာသုံး ဂီတသင်္ကေတ) နှင့် ရေးပေးဖူးကြောင်း ပြောပြ၍ မှတ်သားရပါသည်။
အားမရသေး၍ သမိုင်းသုတေသနဦးစီးဌာနမှ ကုန်းဘောင်ခေတ် အကြီးတန်း သုတေသနမှူး ဒေါက်တာရီရီ ကိုခေါ်ယူ ဆွေးနွေးရာ သူက မြ၀တီမင်းကြီးဦးစ အနှစ် ၂၀၀မြောက်မွေးနေ့ အထိမ်းအမှတ်ထုတ်စာအုပ်ကို ညွှန်းပါသည်။ မြ၀တီဟု အမည်ပေးထားသော ထိုစာအုပ်ကို ၁၉၆၆ ခုနှစ်ကထုတ်သည်။ မြန်မာစာပေ၊ သမိုင်းနှင့် ဂီတပညာရှင်ပေါင်း ၂၀က မြ၀တီမင်းကြီးဦးစနှင့် ပတ်သက်သော အကြောင်းအရာစုံကိုရေးထားသော စာတမ်းပေါင်းချုပ်စာအုပ်ဖြစ်သည်။ ရောင်ခြည်တော်ဘွဲ့ဟူသော ခေါင်းစဉ်အောက်တွင် ထူးမခြားနားအကြောင်းချည်း စာတမ်းငါးစောင် ပါရှိရာ သုခ၊ ဦးသော်ဇင်၊ မြန်မာပညာရှိ ဦးဘေ၊ ကုသနှင့် ဣန္ဒနီတို့က ရေးသားပြုစုထားသည်။ ဆရာသုခက တစ်ပုဒ်တည်းသောသီချင်းခန့်ဟူသော ခေါင်းစဉ်နှင့် ရေးထားရာတွင် မြ၀တီဝန်ကြီး၏ စေတနာ၊ ပညာ၊ သဒ္ဒါ၊ ဓမ္မတို့ကို သူ့လက်ရာများအတွင်းက အကဲခတ်လိုက်မည်ဆိုပါလျှင် ထူးမခြားနား အစချီသော သီချင်းခန့်တစ်ပုဒ်တည်းနှင့် သူမတူသော နာမတံဆိပ် ဂုဏ်ဝိသ်ဌ်ကို အတိအလင်း ဖော်ပြနေပါသည်။ ငါးဆယ်နှင်နှင် ဂီတဉာဏ်ရွှင်ကြသော ပုဂ္ဂိုလ်သူမွန် လူတံခွန်တို့၌ စွယ်တော်ကျောင်းမှ ခြောက်ရောင်မောင်းသော ဘုရားရောင်ခြည်တော်တို့ကို မြ၀တီမင်းကြီးတစ်ပါးသာ ကြုံကြုံကြိုက်ကြိုက် ဦးခိုက်၍ ဖူးလိုက်ရလေသလားဟု ထင်မှားစရာရှိသည့် တစ်ပုဒ်တည်းသော ဘုရားရှိခိုးသီချင်းခန့်ဖြစ်လေသည်။ “ထူးမခြားနား သီချင်းခန့်တစ်ပုဒ်လုံးကို အစမှအဆုံး ပါဠိတစ်ပါးဒမျှ မရောယှက်စေဘဲ မြန်မာစကားပြေသက်သက်မျှဖြင့် မယကပါဋိဟာရိက ဘုရားဉာဏ်တော်ကို သီချင်းသွားပြုကာ ဖော်ပြနိုင်စွမ်းရှိသည်မှာလည်း အံ့သြကြည်ညိုစရာကောင်းလှပါသည်။”
“စာသားသာလျှင် ခေတ်မီဆန်းသစ်သည် မဟုတ်။ ထူးမခြားနား၏ တေးသွားအဖွဲ့အနွဲ့ကလည်း မဟာဂီတ တစ်အုပ်လုံးတွင် တစ်ပုဒ်တည်းသာရှိသော မူရင်းတီးကွက် တီးလက်ဖြစ်ကြောင်း ဂီတပညာသည်ကြီးတိုင်း သုံသပ်နိုင်ကြပါသည်”
“ထူးမခြားနား၏ စာသားများကား သဒ္ဓါ ပသန္န၊ အဘိဝန္ဒာနာ၊ စေတနာဇောကို ပြသည်။ ပရိယတ္တိ ၀ိသာရဒဂန္ထန္တရ ဗဟုသုတ စသည် ဥဿုံ ပညာဂုဏ်တို့ကိုလည်းပြသည်။ ထို့ကြောင့် ထူးမခြားနားစာသားကို တီးကွက်နှင့် ကြားနာရသူတိုင်းမှာ ဗုဒ္ဓဘာသာဝင်သာမှန်စေ၊ ဗုဒ္ဓသမုဋ္ဌာန် အာဏာလွှမ်း၍ ထဲဝမ်းစိမ့်စိမ့် ကြက်သီးဖိမ့်မျှ သိမ့်သိမ့်တုန်အောင် ကြည်ညိုစိတ်ပွားရသော တစ်ပုဒ်တည်းသော သီချင်းခန့်ဖြစ်ပေသတည်း” ဟူ၍ သုံးသပ်ထောပနာ ပြုထားသည်ကို တွေ့ရပါသည်။
“ထူးမခြားနား” ကို နားသောတဆင်ရင်း ဗုဒ္ဓမြတ်စွယ်တော်ကို ကြည်ညိုသဒ္ဓါ ပွားနိုင်ကြပါစေ။
ဒေါက်တာခင်မောင်ညွှန့်
ကြေးမုံ ၂၂-၅-၁၉၉၄
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ပေါင်းတည်မြို့ မြတ်စွယ်တော်
11:25 PM | By ♣☺တောသူမလေး☺♣
တိုက်သူကြီး ဦးဘိုးမြ ဇနီး ဒေါ်နုတို့သည် ၁၂၅၉ ခုနှစ်တွင် မိတ်သင်္ဂဟတို့နှင့်အတူ သီဟိုဠ်ကျွန်း၊ ကန္ဒီမြို့သို့ ဘုရားဖူးရောက်ကြစဉ် မြတ်ဘုရားစွယ်တော်ကို ဖူးမြော်ခွင့်ရကြသည်။
ဖူး၍မ၀သဖြင့် ဆင်စွယ်ဖြင့် ပုံတော်ဉာဏ်တော် လုံးပတ်တော်တွေ တသွေမတိမ်း မတိမ်းရအောင်ထုလုပ်၍ ရတနာ ငွေကြုတ်အတွင်း၌ မြတ်စွယ်တော်အစစ်နှင့်အတူ ၁၅ရက်တိတိ အထူးစံပယ်စေသည်။
ရလာသော စွယ်တော်ပွားများကို ပေါင်းတည်မြို့ ဆရာတော်ဘုရားကြီး ဦးဝိမလက ပေါင်းတည်မြို့နယ်ရှိ ရဟန်းရှင်လူတို့ အမြဲပူဇော်ဖူးမြော်ရန်အတွက် ပေါင်းတည်မြို့သို့ ပင့်ဆောင်လာရန် မိန့်မှာတော်မူချက်အရ အထူးတလည် မွမ်းမံခြယ်လှယ်အပ်သော မီးရထားတွဲဖြင့် ပင့်ဆောင်ခဲ့ရာ ၁၂၅၉ခု တော်သလင်းလဆန်း ၁၃ရက်တွင် ပေါင်းတည်မြို့သို့ ဆိုက်ရောက်သည်။ မြို့သူမြို့သားများ မြေကြီးညွတ်မျှ ကြိုဆိုကြသည်။
နောင်အခါ ရတနာမျိုးစုံဖြင့် ထပ်ဆင့်ပူဇော်ကြပြီး ရွှေကျောင်းဆောင်တွင် စံပါယ်စေ၍ ကန္ဓကုဋိတိုက်တော်အတွင်း တင့်တယ်ခိုင်ခန့်လှစွာသော ရတနာသေတ္တာအတွင်း၌ ကိုးကွယ်ထားကြလေသည်။
၁၂၅၉ ခုနှစ်မှစ၍ ဂေါပကလူကြီးများ ဦးစီးကာ စွယ်တော်မြတ်ဆိုက်ရောက်လာသော တော်သလင်းလဆန်း ၁၃ ရက်ကို လှည်လည်ပွဲကျင်းပရန် ရက်အဖြစ်ဖြင့်လည်းကောင်း၊ လဆန်း ၁၄ ရက်နှင့် ၁၅ ရက်များ၌ ရွှေကြုတ်တော်ကို ဖွင့်လှစ်ပြီး ပူဇော်ခံရန် ရက်များအဖြစ်လည်းကောင်း သဘောတူ သတ်မှတ်ခဲ့ရာ ယခုတိုင် နှစ်စဉ် စွယ်တော်လှည့်ပွဲနှင့် ပူဇော်ပွဲကို ကျင်းပလျက်ရှိပါသည်။ ထိုရက်များမှအပ အခြားရက်များ၌ မည်သူမျှ ဖူးမြော်ခွင့်မရကြချေ။
(ပေါင်းတည်မြို့ မြတ်စွယ်တော် အတ္တုပ္ပတ္တိ စာအုပ်မှ) ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံရောက် ဗုဒ္ဓမြတ်စွယ်တော်
11:24 PM | By ♣☺တောသူမလေး☺♣
ရန်ကုန်မြို့၊ ပုဇွန်တောင် မဟာဝိဟာရကျောင်းကြီးတိုက်နေ၊ ဦးဉာဏိန္ဒနှင့် ဦးကေသရ အရှင်မြတ်နှစ်ပါးတို့ ရေးသားပြုစုပြီး ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၊ ဟံသာဝတီသတင်းစာတိုက်က ၁၉၀၁ခုနှစ် ပုံနှိပ်ထုတ်ဝေသော “စွယ်တော်မြတ်စာတမ်း” အရ မြန်မာသက္ကရာဇ် ၁၂၆၁ခု(အေဒီ ၁၈၉၉) တပို့တွဲလပြည့်ကျော် ၈ရက်နေ့တွင် သီဟိုဠ်ကျွန်းမှ မြတ်စွယ်တော်သည် ပဲခူးမြို့သို့ကြွလာကြောင်း သိရသည်။ ခမ်းနားကြီးကျယ်စွာကြိုဆိုပြီး ပူဇော်ကြကြောင်းကို စာတမ်း၏ သြဘာစာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
“ကျွန်းကြီးဇမ္ဗူဒိပ်၊ တံဆိပ်ဝေါဟာ၊ အမည်သာသည်၊ မြန်မာနိုင်ငံ၊ ခရိုင်စံသည်၊ ရာမညရဌ၊ နဂရမချို့၊ ပဲခူးမြို့သို့၊ နှစ်လို့စေရာ၊ အမ္ဗရုက္ခာ၊ ရာမ၀ါသီ၊ သီလာရတနာတိသ၊ သမုဒ္ဒါရာ ရာမ၀ါသီ ၀ိမလဓိရ တိဿမထေရ် အရှင်နှစ်ပါးနှင့်တကွ ရဟန်းသာမဏေ၊ သပါသကာ ဒါယကာတို့ပါ၊ ပဲခူးမြို့မဟာစေတီ ဘုန်းတော်ကြီး ဦးဂုဏ ဆရာတော်ဘုရားက အများအကျိုး သယ်ပိုးဆောင်ပို့ရန်၊ .... ကျွန်းသီဟိုဠ်က၊ ကိုယ်တော်ကြွလာ၊ ....မင်္ဂလာပုရီ၊ ပဲခူးပြည်သို့၊ အရှည်တွက်စစ်၊ သက္ကရာဇ် ၁၂၆၁ ခု၊ ဥတုဟေမန်၊ နဘေယံတွင်၊ လေပြန်ဆော်လူံ့၊ တိမ်ပုံ့ပုံ့နှင့် တိဂုဏ် ကျက်သရေ၊ ရှက်အဝေမှာ၊ စက်ရွှေမြန်းကြွ၊ ပြာရီမူန်သည့် ကုံမာသဟုံ၊ ၊ လတပို့တွဲ၊ ပေါက်ဝါလဲတို့၊ ပွင့်ဆဲသက်သက်၊ လပြည့်ကျော် ရှစ်ရက်တွင်၊ ဆက်ဆက်ရောက်လာ၊ ထိုအခါ၌၊ နာရာမြို့သူ၊ အပေါင်းလူတို့၊ ကြည်ဖြူသဒ္ဓါ၊ စေတနာဖြင့်၊ ပူဇော်ရာ အခန်းခန်း........”
မြန်မာသက္ကရာဇ် ၁၂၆၀၊ အေဒီ ၁၈၉၈ နှစ်က မြန်မာနိုင်ငံမှ ရဟန်းရှင်လူတို့ သီဟိုဠ်သို့ ဘုရားဖူးသွားရောက်ကြပြီး သီဟိုဠ်ရဟန်းတော်များအတွက် ပစ္စည်းလေးပါးလှူကြသည်။ ဘုရားကျောင်းကန်များပြုပြင်ရန် ဒါနပြုကြသည်။ သည့်နောက် မြန်မာနိုင်ငံမှ သီဟိုဠ်ရဟန်းတော်တို့ လိုအပ်နေသော စာပေကျမ်းဂန် ပိဋကတ်တော်များ၊ ကမ္မ၀ါစာများ၊ ပရိက္ခရာရှစ်ပါးတို့ကို ပေးပို့လှူဒါန်းသည်။ ထို့ပြင် မြတ်စွယ်တော်ကို ပင့်ဆောင်ပူဇော်လိုပါကြောင်း စာအတန်တန်ရေး၍ တောင်းပန်ရုံမက မြတ်စွယ်တော်ပင့်ဆောင်၊ လာရန် ရွှေကြုတ်တော် လုပ်၍ပေးပို့သည်။ ထို့ကြောင့် ၀ိမလဓိရတိဿနှင့် သီလာရတနာတိဿ သီဟိုဠ်ရဟန်းတော်နှစ်ပါး ဦးဆောင်ပြီး နောက်ပါတပည့် ရဟန်းသာမဏေ၊ ဥပါသကာ ဒါယကာ၊ ဒါယိကာမတို့နှင့် အာရကန်သူဌေးပိုင်သော ဒါဘီရှားလေးပင်တိုင် သင်္ဘောကြီးတွင် မြတ်စွယ်တောကိုတင်ဆောင်ပင့်ယူလာသည်။
ရန်ကုန်မြို့ ဆူးလေဘုရားကုန်းတော်တွင် ဦးစွာပထမ မြတ်စွယ်တော် ကိန်းဝပ် အပူဇော်ခံသည်။ ထိုမှ ရန်ကုန်မြို့၊ ပုဇွန်တောင် မဟာဝိဟာရကျောင်းကြီး၊ ဓမ္မာရုံတွင် နေ့တစ်ဝက်နှင့် တစ်ညပတ်လုံး ကြုတ်အဖုံးကိုဖွင့်၍ ဖူးမြော်အပူဇော်ခံသည်။ မြို့လူကုံထံများဖြစ်သော ရွှေနံ့သာကျောင်းကြီးအမ၊ မင်းကတော် မသင်၊ ပွဲစားကြီး ကိုဘိုးသာ၊ တိုက်သူကြီးမင်း ဦးတွတ်အစရှိသူတို့က ကမကထပြု၍ ပူဇော်ပွဲကို ငွေအား၊ လူအား ၀ါယမစိုက်ထုတ် အကျိုးဆောင်ကြသည်။ သည့်နောက် နံနက် ၈နာရီတွင် လော်ကယ်မီးရထားနှင့် ပဲခူးသို့ပင့်ဆောင်ရာ နေ့နာရီပြန်တစ်ချက်တွင် ပဲခူးဘူတာရုံသို့ ဆိုက်ရောက်သည်။ ရဟန်းရှင်လူမြို့သူမြို့သားတို့က ပြာသာဒ်နှင့် ရထားယာဉ်ပျံတွင် မြတ်စွယ်တော်တင်ဆောင်ပြီး ကြိုးတပ်၍ဆွဲကာ မြို့ပတ်လှည့်၍ အဖူးအမြော်အပူဇော်ခံသည်။ ရွှေမော်ဓောဝတ္ထုကံမြေအတွင်း စမော်ကော်ဝန်ထောက်မင်း ဦးပွင့်ဆောက်လှူထားသော ရာဇ၀ိဟာရမင်းကျောင်းတိုက်အတွင်း ဓမ္မာရုံကြီးသို့ပင့်ဆောင်လာပြီး ကိန်းဝပ်စံပယ်စေသည်။
၁၂၆၂ခု၊ ကဆုန်လဆန်း ၃ ရက်နေ့တွင် ည ၈ နာရီ မီးရထားနှင့် မြတ်စွယ်တော်ကို မန္တလေးသို့ ပင့်ဆောင်သွားသည်။ မန္တလေးမြို့တွင် ရာဇ၀တ်ဝန်ထောက်တော်မင်း ဦးနီ၏ စီမံမူဖြင့် “မဒရပ်မြင်းကြီး ဖောင်းဝန်ဖြူနှစ်ကောင်က ဘာဂီဒေါက်ကတ် ပက်လက်ရထားကြီးထက် သီဟိုဠ်ဘုန်းတော်ကြီးနှစ်ပါး စွယ်တော်ကြုတ်ကို ပွေ့ပိုက်ထီးဖြူများ ဖြန့်မိုးစိုက်ပြီးလျှင် တင်ဆောင်၍ ... အနောက်ပြင် အိမ်တော်ရာ မဟာလောကရံသီ စေတီတော်ဘုရားသို့ ပင့်ဆောင်ပို့ကြလေသည်။ ... ဘုရားသို့ရောက်သောအခါ ကြုတ်တော်မှ ဖွင့်လှစ်၍ ရှိခိုးပူဇော်” စေသည်။
“တစ်ကျိပ်နှစ်ယောက်သော ကုလားမြန်မာ ရဲပုလိပ် ပြာတာတို့ကိုလည်း နေ့ညမဟူ နိစ္စအမြဲ ကြည့်ရူ စောင့်ထိန်းစေသည်။ ကာလသားခေါင်းဆောင်လေးတာ၊ ရာဇ၀တ်အုပ်မင်း စာသင်၊ နာရစ်၊ ဘုရားလူကြီး၊ အရပ်လူကြီး၊ ဂုဏ်သရေရှိလူကြီး လူကောင်းများပါ စောင့်ကြပ်ကြည့်ရူ ချီးမြှောက်ခြင်း အမူများကို လွန်မင်းစွာ အားထုတ်ကြလေသည်။”
၁၂၆၂ ခု၊ ကဆုန်လဆန်း ၉ရက်နေ့ မွန်းတိမ်း ၂နာရီကျော် အချိန်တွင် မြတ်စွယ်တော်ကို မီးရထားဖြင့် ပြန်လည်ပင့်ဆောင်သွားသည်။ မီးရထားလမ်းတစ်လျှောက် ဘူတာစဉ်များဆိုက်တိုင်း များစွာသော ရဟန်းရှင်လူတို့က ဆီးကြိုဖူးမြော် ပူဇော်ကြသည်။
သည့်နောက် ပဲခူးမြို့မှ တစ်ဖန် မော်လုမြို့၊ မိုးညှင်းမြို့၊ မိုးကောင်းမြို့၊ ဗန်းမော်မြို့၊ ကသာမြို့များသို့ မီးရထား၊ မီးသင်္ဘာများနှင့် မြတ်စွယ်တော်ကို ပင့်ဆောင်ပြီး ဖူးမြော်အပူဇော်ခံသည်။ ထိုမှ ပဲခူးမြို့သို့ ပြန်ပင့်ဆောင်လာပြီး မြို့အုပ်မင်း မောင်အောင်ကြီး လှူဒါန်းသော သာလာယံဇရပ် တန်ဆောင်းကြီးသို့ ပင့်ဆောင်ကိန်းဝပ် စံပယ်စေသည်။ ထို့နောက် အာရကန်သူဌေးအပိုင် ဘီဘီလိုင်သင်္ဘောနှင့် ပင့်တင် ဆောင်ယူပြီးလျှင် သီဟိုဠ်ကျွန်းသို့ ပြန်လည်ကြွသွားသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ဗုဒ္ဓမြတ်စွယ်တော်ကို ပူဇော်သော မင်းတုန်းမင်းတရားကြီး
11:22 PM | By ♣☺တောသူမလေး☺♣
ရတနာပုံမန္တလေးမြို့တည် မြနန်းစံကျော် ရွှေန်းတော်တည်သော ပဉ္စမ သံင်္ဂါယနာတင် မင်းတုန်းမင်းကြီး (အေဒီ ၁၈၅၃-၇၈) လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၁ခု (အေဒီ ၁၈၅၉) တွင် သီဟိုဠ်နိုင်ငံမှ မြတ်စွယ်တော်ပွားတစ်ဆူ ဓမ္မလက်ဆောင်အဖြစ် ပေးဆက်လာသည်။ ပေးဆက်ရသောအကြောင်းမှာ သီဟိုဠ်ရဟန်းတော်တို့ သိမ်အယူဝါဒကွဲပြားနေသော အမူကိစ္စကို မန္တလေးရွှေမြို့တော်ရှိ သာသနာပြုဆရာတော်ထံ တင်ပြအဆုံးအဖြတ်ခံယူရာ ဆရာတော်က သံဃာအများနှင့်တိုင်ပင်၍ စီရင်ဆုံးဖြတ်ပေးသဖြင့် ပြေလည်သွားသည်။ ဤကျေးဇူးကို တုံ့ပြန်ခြင်း ဖြစ်သည်။
ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး တတိယတွဲ စာမျက်နှာ ၂၇၆-၂၇၈ တွင် သီဟိုဠ်စွယ်တော်ပွား ရောက်လာကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။
“ထိုသက္ကရာဇ် ၁၂၂၁ အတွင်း သီဟိုဠ်၊ ကဏ္ဏတိတ္တမြို့နေ ရန်းရှင် ဓမ္မက္ခန္ဓ၊ ရှင်ဝဏ္ဏာရတန ဦးဆောင်သော သီဟိုဠ်၊ ရဟန်းတို့ သိမ်အယူဝါဒကွဲပြားသောအမူကို တင်ပြဆုံးဖြတ်ရန် ရွှေမြို့တော်သို့ ရောက်လာသည်။ မြန်မာသာသနာပြု ဆရာတော်ထံလျှောက်ထားပြီး သီမ ၀ိနိစ္ဆယ အဆုံးအဖြတ်ကိုယူ၍ ပြန်သွားကြသည်။ ဗုဒ္ဓမြတ်စွယ်တော်ကိုပင့်ဆောင်လိုကြောင်း စာပါးလိုက်သည်။ သီဟိုဠ် မထေရ်ကြီးများအတွက် ပရိက္ခရာလှူဒါန်းပြီး သီဟိုဠ်ကျွန်းအုပ်ချုပ်သူများအတွက် လက်ဆောင်တော် များနှင့် စာပါးလိုက်သည်။ အတွင်းတော်မြဲ ငကြီး၊ သီလသမာဓိရှိသူ ဥပုသ်ကော်ခေါင်း၊ ငျွှေး၊ ငအောင်ထွန်းတို့ကိုပေးအပ်သည်။ ရှင်ဓမ္မက္ခန္ဓ၊ ရှင်ဝဏ္ဏာရတနတို့နှင့် အတူဆက်၍သစေသည်။ အကြောင်းစုံလျှောက်ထားပြီး မင်းနှင့် မထေရ်တို့စွယ်တော်ကျောင်းသို့သွား၍ ပူဇော်ဝတ်ပြု တောင်းပန်သောအခါ စွယ်တော်ပွားတစ်ဆူရသည်။”
“သီဟိုဠ်မင်း၊ ရဟန်းတော်တို့က ရတနာပုံပြည်ကြီးသခင် သာသနာဒါယကာ၊ တရားမင်းမြတ်ကိုးကွယ်ရန် ယင်းစွယ်တော်ပွားနှင့်အတူ ဓာတ်တော်၊ ရုပ်ပွားဆင်းတုတော်၊ ဗောဓိပင်တော်၊ ဗောဓိဒက္ခိဏသာခါ၊ ဘုရားကျောင်းကန်တန်ဆောင်းသိမ်ပုံများကို ပေးအပ်လိုက်သည်။
“မြန်မာနိုင်ငံသို့ရောက်လာသောအခါ မလွန်မြို့တွင် ရပ်နားသည်။ ရေနံချောင်းမြို့စား အတွင်းဝန်မင်းကြီး မဟာမင်းကျော် မင်းခေါင်တို့ ပင့်ဆောင်လာရာ နေပြည်တော်က ၀န်ထောက် ဘောင်ဝန်မြို့သစ်မြို့စား၊ မဟာမင်းထင် သီဟသူကို လှော်ကားတော်ရဲလှေခတ် လှေတော်များနှင့် ကြီးကြပ်ကြိုယူလာပြီး စစ်ကိုင်းအောင်မြေ လောကဆိပ်ကမ်းသို့ ရောက်ရှိလာရာ အသင့်ဆောက်ထားသော ဘုံဆောင်သို့ပင့်၍ ကိန်းဝပ်စံပါယ်စဉ် ပွဲသဘင်ကြီး ခံသည်။ ထိုမှ ပင့်ဆောင်လာရာ အ၀မြို့သို့ရောက်ရာ ပြည်သူတို့ကို ရက် ၃၀ ခန့် ဖူးမြော်ခွင့်ပေးသည်။ ထိုမှ အမရပူရ၊ ရှမ်းကလေးကျွန်းဆိပ်ရောက်လာရာ အသင့်ဆောက်ထားသော တန်ဆောင်းတွင် ကိန်းဝပ်ရာ ပြည်သူတို့လေးရက် ဖူးမြော်ပူဇော်ကြသည်။ ထိုမှ ရွှေမြို့တော်သို့ပင့်ဆောင်ရာ ရွှေမြို့တော်ဘောင်တော်ဆိပ်သို့ ရောက်လာသည်။”
“သက္ကရာဇ် ၁၂၂၁ ခု၊ နယုန်လဆန်း ၁၄ရက်နေ့၊ တပ်ဝင်း အခင်းအကျင်းပွဲသဘင်စုံများနှင့် မြစ်ဆိပ်မှ စွယ်တော်ကိန်းဝပ်သည့် ရတနာပန်းတောင်း၊ ဓာတ်တော်ကိန်းဝပ်သည် မြထပ်ကွမ်းခွက်တော်များကို ရတနာထမ်းစင်တော်ထက် တင်ဆောင်စေ၍ စန္ဒိမာဘိသီရိဓဇ မာဓမ္မရာဇာဓိရာဇ ဂုရုတံဆိပ်တော်ရ စံကျောင်းဆရာတော် ပိုက်ပွေ့လျက် စိန်ဆင်းတုတော်နှင့် ဆင်းတုတော်များကို ရတနာဝေါတော်ထက် တင်ဆောင်၍ ၀ီရိယာရမ္ဘဓဇ ဓမ္မသီရိ မဟာဓမ္မရာဇဂုရုတံဆိပ်တော်ရ လှထွေဆရာတော် ပိုက်ပွေ့လကျ ဗောဓိညောင်တော်မျာ မောရိယ ပစ္စယနာဂရာဇ ဆင်မင်းထက် ဗောဓိဒက္ခိဏသာခါနှင့် ဘုရားဂူကျောင်း တန်ဆောင်သိမ်းပုံများမှာ လင်းဇင်းဝေါတော်နှင့် အသီးသီးတင်ဆောင် ပင့်ခဲ့ရ၏ စွယ်တော်ဓာတ်တော် ဆင်းတုတော်များ “ရွေးတော်ယူ” တံခါးသို့ရောက်လျှင် ဆဒ္ဒန်ဆင်မြင်းသခင် ဘ၀ရှင်မင်းတရားကြီး ဘုရား အရှင်မိဖုရားခေါင်ကြီး ဘုရား၊ မင်းမိဖုရား မင်းညီမင်းသားတို့နှင့် စွယ်တော်ကျောင်းမနီးမဝေး ကွန်းထောက်န်းတော်တွင် စောင့်နေတော်မူ၍ ပင့်ဆောင်ခဲ့သော စွယ်တော်ဝေါယာဉ်သို့ ရောက်ကာလ မင်းတရားကြီး ကိုယ်တော်တိုင် စွယ်တော်မြတ်ကို ပဟိုရ်စင် အနောက် ကောင်းမွန်ကြီးကျယ်စွာ ဆောက်လုပ် မွမ်းမံခြယ်လှယ်အပ်သော ကန္နားဖျင်းပတ်လည် အာလိန်ငါးဆင့်ခ ဘုံခုနှစ်ဆင့်ရှိသော ပြသာဒ်ကျောင်းတော်သို့ ပင့်ဆောင်သည်။ ဓာတ်တော်ကို တစ်ခေါက်ပင့်ဆောင်သည်။ ကျန်ရုပ်ပွားဆင်းတု ဗောဓိညောင်တော်များကို မင်းညီမင်းသားအတွင်းဝန်တို့ ပင့်ဆောင်သည်။မင်းတရားကြီး ပူဇော်စဉ် ပေါက္ခရ၀ဿမိုးရွာသည်။ ဆရာတော် ရဟန်းတော်များ ပြန်ကြွပြီး မိဖုရားများ စွယ်တော်ဖူးမြော်သည်။ ဓာတ်တော် စိန်ဆင်းတုတော်၊ ဗောဓိဒက္ခိသာခါ ဆင်းတုတော်များကို သားတော်တို့က ရှေ့ကပင့်ဆောင်ပြီး ရွှေနန်းတော်သို့ ၀င်တော်မူသည်။
“ရွှေနန်းတော်ဦး ဘုရားကျော်ငးမှာ သွင်းထားပူဇော်သည်။ နောက်စွယ်တော်မြတ်ကို ပြည်ဆရာတော် သီတင်းသုံးနေသော မဏ္ဍလာရာမတိုက်အတွင်း အရှေ့တောင်ထောင့် သိမ်ပြာဿဒ်သို့ ပင့်ဆောင်ကိန်းဝပ်တော်မူစေသည်။ ပြည်သူဖူးစေရသည်။ နောက် နန်းတော်သို့ပင့်သည်။”
ရွှေမြို့တော် ၇ဌာနအ၀င်ဖြစ်သော မဟာလောက မာရဇိန်စေတီတော်၊ ဒုတိယဌာပနာတိုက်တွင် သက္ကရာဇ် ၁၂၂၃၊ တပေါင်းလပြည့်ကျော် ၁ရက်နေ့ဌာပနာသည်။ မဟာဗောဓိညောင်တော်ကို မင်းကြီးနံသင့်ရာ၊ မူလပရိဝါရအရပ်မှာ အာယုအရပ်ဖြစ်သော တောင်စူးစူးတွင် စိုက်ပျိုးတော်မူသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ဗုဒ္ဓမြတ်စွယ်တော်ကို ပူဇော်သော ကုန်းဘောင်ခေတ်မင်းများ
11:21 PM | By ♣☺တောသူမလေး☺♣
ကုန်းဘောင်ခေတ်မင်းများလက်ထက်တွင် တရုတ်ပြည်နှင့် ဆက်သွယ်မူများခဲ့သည်။ ရတနာသိင်္ခ၊ ရွှေဘို၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရ၊ ရတနာပုံ မန္တလေးဟူသော ရွှေမြို့တော်များအထက် မြန်မာနိုင်ငံတွင် တည်ထားသဖြင့် ကုန်းကြောင်းခရီးမှ တရုတ်နေပြည်တော် ပဲ့ကျင်သို့ စေလွှတ်မူများခဲ့သည်။ အထူးသဖြင့် ဘိုးတော်(ပဒုံမင်း) လက်ထက် (အေဒီ ၁၇၈၂-၁၈၁၉)တွင် မြန်မာ-တရုတ် သံအဖွဲ့အပြန်အလှန်စေလွှတ်မူ များစွာပြုခဲ့သည်။ အေဒီ ၁၇၈၇၊ ၁၇၉၀၊ ၁၇၉၅၊ ၁၇၉၆ နှစ်များအတွင်းက တရုတ်သံအဖွဲ့လေးဖွဲ့ မြန်မာမင်းထံသို့ ရောက်ခဲ့သည်။ အလားတူ ဘိုးတော်ဘုရားကလည်း အေဒီ ၁၇၈၂၊ ၁၇၈၇ နှင့် ၁၇၉၂ နှစ်များအတွင်းက မြန်မာသံအဖွဲ့ သုံးဖွဲ့ကို ပဲ့ကျင်းမြို့တော် တရုတ်ဘုရင်ထံ စေလွှတ်ခဲ့သည်။ ဘကြီးတော်ဘုရား (အေဒီ ၁၈၁၉-၃၇) လက်ထက် အေဒီ ၁၈၂၃ နှစ်တွင် တရုတ်သံအဖွဲ့ ရောက်လာ၍ အပြန်တွင် မြန်မာသံအဖွဲ့ တွဲဖက်ထည့်လိုက်သည်ကို စာဆိုတော် ဒုတိယန၀ဒေးကြီးက တရုတ်သံမော်ကွန်းရေးဖွဲ့၍ မှတ်တမ်းတင်ထားသည်။
ယင်းသံအဖွဲ့များ အပြန်အလှန်စေလွှတ်ကြရာတွင် ဓမ္မလက်ဆောင်တော်များ၊ ရာဇမဟာမိတ်စာများ၊ မင်းအတွက်လက်ဆောင်တော်များ၊ အပြန်အလှန် ပေးခဲ့ကြသည်။ မြန်မာမင်းတို့က တရုတ် ဧကရာဇ်အတွက်ဆင်စွယ်များ၊ အထည်အုပ်များ၊ ကော်ဇောများ ပတ္တမြားနှင့် နီလာ စီခြယ်ထားသော ဆင်စွယ်ဦးထုပ်များ၊ ပုဂံလုပ် ယွန်းထည်များ၊ ပတ္တမြားလက်စွပ်များနှင့် ဒေါင်းမြီးများကို လက်ဆောင်ပေးသည်။ တရုတ်ဧကရာဇ်က တုံ့ပြန်သော လက်ဆောင်တော်များတွင် ယပ်တောင်များ၊ မြင်းကောင်းများ၊ လက်ဖက်ရည်သောက်ကြွေထည်၊ ပန်ကန်စုံများ၊ တော်ဝင်ရွှေဝါရောင်ပိုးနှင့်ချုပ်သော သားမွှေးအင်္ကျီများနှင့် လားကောင်များ ပါဝင်သည်။ ၁၇၉၀ပြည့်နှစ် ဘိုးတော်ဘုရားလက်ထက် ရောက်လာသော တရုတ်သံတော်တို့သည် မြတ်စွယ်တော်ပွား တစ်ဆူနှင့် သမီးကညာသုံးဦးကိုပါ ဆောင်ယူလာသည်။ ထိုမြတ်စွယ်တော်ပွားကို နန်းဦးစွယ်တော်စင်၌ ထားရှိကိုးကွယ်ခဲ့ရာ မြေးတော်ဘကြီးတော် ဘုရားလက်ထက်တွင် အမရပူရရွှေမြို့တော် နန်းဦးစွယ်တော်စင်ကျောင်းက ရွှေခြည်တော်လွှတ်သည်ကို အကြောင်းပြု၍ ဂီတပညာရှင်ကြီး မြ၀တီမင်းကြီးဦးစက “ထူးမခြားနား” အစချီသော “မြတ်စွယ်တော် - ရောင်ခြည်တော်ဖွဲ့” သီချင်းကြီးကို ရေးစပ်တင်ဆက် သီဆိုခဲ့သည်။ ယနေ့တိုင်အောင် မြန်မာ့ဂီတသမိုင်းတွင် မနိုင်းယှဉ်နိုင်သော ဓမ္မတေးသီချင်းကြီးအဖြစ်ရပ်တည်လျက် ရှိသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
စစ်ကိုင်းကောင်းမူတော်ရောက်စွယ်တော်
11:18 PM | By ♣☺တောသူမလေး☺♣
ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးသည် စွယ်တော်ပွားကို မိမိ၏ကောင်းမူတော် မာစေတီတော်တွင် ဌာပနာခဲ့ပြီး စွယ်တော်အစစ်ကိုမူ နန်းဦး၌ ရွှေပြဿဒ်တင်၍ အစဉ်ကိုးကွယ်တော်မူ ခဲ့ကြောင်းသိရသည်။ ထိုစွယ်တော်စစ်သည် ဟံသာဝတီကို ရခိုင်နှင့်တောင်ငူပေါင်း၍ လုပ်ကြံခံရပြီးနောက် သက္ကရာဇ် ၉၆၁-ခုနှစ် တပေါင်းလတွင် တောင်ငူရွှေနန်းတည်မင်း (နတ်ရှင်နောင်၏ဖခင်)က တောင်ငူသို့ ပင့်ဆောင်ကိုးကွယ်ခဲ့ပါသည်။ တစ်ဖန်တောင်ငူဘုရင် နတ်ရှင်နောင်လက်ထက် သက္ကရာဇ် ၉၇၂-ခုနှစ်၌ အင်းဝ အနောက်ဘက်လွန်မင်းက တောင်ငူကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါ ဘုရင့်နောင်မင်းတရားကြီးသည် အဆိုပါစွယ်တော်ကို သက္ကရာဇ် ၉၉၈-ခုနှစ်၌ မိမိ၏ကောင်းမူတော် ရာဇမဏိစူဠာပုထိုးတော်ကြီးတွင် ဌာပနာသွင်း၍ အများပြည်သူတို့၏ ကိုးကွယ်ပူဇော်ခြင်းကို ခံယူခဲ့ပေသည်။
သို့ဖြစ်၍ စစ်ကိုင်းကောင်းမူတော်ရှိ စွယ်တော်သည် ဘုရင့်နောင်မင်းတရားကြီး နန်းဦး၌ ရွှေပြဿဒ် တင်၍ ကိုးကွယ်တော်မူခဲ့သော စွယ်တော်သာဖြစ်ပါသည်။ မဟာစေတီမြတ်ကြီးအတွင်း ဘုရင့်နောင် မင်းတရားကြီး ထည့်သွင်းဌာပနာတော် မူခဲ့သည့် စွယ်တော်ပွားများမဟုတ်ကြောင်း မဟာရာဇ၀င်ကြီး၊ မှန်နန်းရာဇ၀င်တော်ကြီး၊ စေတီယကထာနှင့် ဟံသာဝတီဆင်ဖြူများရှင် အရေးတော်ပုံ ကျမ်းများအလိုအရ အခိုင်အမာ မှတ်ယူနိုင်ပေသည်။ သို့ဖြစ်၍ ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမူတော် စေတီတော်မြတ်ကြီးမှ စွယ်တော်ဓာတ်မြတ်သည် သာလွန်မင်းတရားကြီး၏ စစ်ကိုင်းကောင်းမူတော် ပြောင်းရွှေ့ထည့်သွင်း ဌာပနာခဲ့သည်ဟု အမှတ်မမှား သံသယပွား၍ ယုံကြည်မြတ်နိုးမူ သဒ္ဓါတရား ဆွံ့ပါးနေကြသည့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ သဒ္ဓါကြည်လင်စကားချပ် အနေဖြင့် ရှင်းလင်းတင်ပြအပ်ပေသည်။ ရှင်းတန်းအကျယ်ကို မပြသာသဖြင့် နောင်သမိုင်း အကျယ်ကျမှသာ ထပ်မံရှင်းလင်းတင်ပြသွားမည်ဖြစ်၍ ဤမျှဖြင့်သာ ကျေနပ်တော်မူကြပါကုန်။
သမိုင်းပြုစုရေးအဖွဲ့။ ပဲခူးမြို့
မဟာစေတီတော်မြတ်ကြီး
သမိုင်းအကျဉ်း ၁၃၅၀ ပြည်နှစ်စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ဗုဒ္ဓမြတ်စွယ်တော်ကိုပူဇော်သော ညောင်ရမ်းခေတ်မင်းများ
9:11 PM | By ♣☺တောသူမလေး☺♣
ဘုရင့်နောင် မင်းတရားကြီး သားတော်နန္ဒဘုရင်မင်းသည် စစ်ရူံး၍ ကျဆုံးရသည်။ ဟံသာဝတီနေပြည်တော်သို့ ရန်သူများဝင်ရောက်ကာ၊ လုယူဖျက်ဆီးခြင်းခံရသည်။ ရွှေနန်းတော်ကြီးလည်း မီးတိုက်ခံရသည်။ တောင်ငူဘုရင် မဟာဓမ္မရာဇာသည် သီဟိုဠ်မြတ်စွယ်တော်နှင့် သီဟိုဠ်မင်း၏ ဓမ္မလက်ဆောင် မြညိုရောင် ကျောက်သပိတ်တော်ကို တောင်ငူသို့ သယ်ဆောင်သွားသည်။ လှည်း ၁၂ စီးတိုက်မျှသော နန်းတွင်းရတနာပစ္စည်းများ ဆင်းတုရုပ်များနှင့် ဆင်မြင်း ၇၀၀ ကိုလည်း ယူသွားသည်။
ယိုယွင်းပြိုကွဲလာသော ဘုရင့်နောင် မင်းတရားကြီး၏ နိုင်ငံတော်ကို ပြန်လည်တည်ထောင်ရန် သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမြို့စားမင်းသားက စည်းရုံးဆောင်ရွက်လာသည်။ ထိုမင်းသားသည် ညောင်ရမ်းမင်းအဖြစ် နန်းတက်ရာတွင် ညောင်ရမ်းမင်းဆက် စတင်လာသည်။ အေဒီ ၁၆၀၅ နှစ်တွင် ကံကုန်ရာ သားတော် နောက်ဖက်လွန်မင်း နန်းမွေခံပြီး ဖခင်၏ နိုင်ငံတော်ကိုပြန်လည် စည်းရုံးရေးလုပ်ငန်းကို အပြီးအပြတ် ဆောင်ရွက်နိုင်သည်။ အေဒီ ၁၆၁၃ နှစ်တွင် ထောင်ထားနေသော သန်လျင်စား ငဇင်ကာ (ဒီဘရစ်တို)နှင့် အပေါင်းပါ တောင်ငူဘုရင်နတ်သျှင်နောင်တို့ကို နှိမ်နှင်းလိုက်သည်။ အေဒီ ၁၆၁၀ နှစ်တွင် တောင်ငူကို တိုက်ခိုက်အောင်မြင်ရာ တောင်ငူရှိ မြတ်စွယ်တော်နှင့် သပိတ်တော်ကို အင်းဝနေပြည်တော်သို့ ပင့်ဆောင်ကာ စွယ်တော်စင်၌ ကိုးကွယ်ထားသည်။ အေဒီ ၁၆၂၈ နှစ်တွင် အနောက်ဖက်လွန်မင်း ကံကုန်သောအခါ ညီတော် သာလွန်မင်း နန်းဆက်ခံသည်။ မြန်မာသက္ကရာဇ် ၉၉၈ခု၊ (အေဒီ ၁၆၃၆ ခု)၊ တော်သလင်းလဆန်း ၁၀ရက် တနင်္လာနေ့တွင် စစ်ကိုင်းအနီး၌ မြေတာရွှေးပြီး ရာဇာမဏိစူဠာဘွဲ့ အမည်ရှိ စစ်ကိုင်းကောင်းမူတော် စေတီကြီး တည်သည်။ စေတီတွင်း၌ များစွာသော ဓာတ်တော်မွေတော်များ၊ ဓမ္မလက်ဆောင်များ၊ ရွှေကိုယ်လေးများ၊ အရုပ်များ၊ ရတနာများနှင့်အတူ ဘုရင့်နောင် မင်းတရားကြီး လက်ထက်ကစ၍ ကိုးကွယ်ခဲ့သော မြတ်စွယ်တော်နှင့် သပိတ်တော်ကို ဌာပနာသည်။ ရာဇာမဏိစူဠာစေတီကျောက်စာတွင် မော်ကွန်းတင်ထားသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ဘုရင့်နောင်လက်ထက်ရောက်စွယ်တော်
9:09 PM | By ♣☺တောသူမလေး☺♣
ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၉၃၈-ခုနှစ်တွင် သီဟိုဠ်ဓမ္မပါလမင်းက သီဟိုဠ်တို့ အစဉ်အဆက်ကိုးကွယ်ခဲ့သည့် စွယ်တော်စစ်ကို ရွှေဖြင့်ပြီးသော စေတီ၌ ထည့်၍ ပူဇနိကလက်ဆောင်အဖြစ် ပေးပို့ခဲ့ပါသည်။ သီဟိုဠ်မင်းသည် ဘုရင့်နောင်တရားကြီး စစ်ကူတော်များ၏အစွမ်းကြောင့် မိမိရန်သူတော်မင်းသုံးပါးတို့အား ဓားမကျိုး၊ လှံမကျိုးဘဲ အလွယ်အောင်နိုင်ခဲ့သဖြင့် ကျေးဇူးတုန့်ပြန်သောအားဖြင့် အဆိုပါစွယ်တော်စစ်ကို ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ ဘုရင့်နောင် မင်းတရားကြီးသည် အဆိုပါစွယ်တော်စစ်ကို နန်းတော်ဦး၌ ရွှေပြားအတိမိုး၍ ရွှေပြဿဒ်တွင်တင်၍အစဉ် အဆက်ကိုးကွယ်တော်မူခဲ့သည်။ ယင်းလက်ထက်မှစ၍ စွယ်တော်စင် ဆောက်လုပ်သည့်ဓလေ့ စတင်ခဲ့ကြောင်း၊ မုံရွှေးဇေတ၀န်ဆရာတော်က ယင်း၏ “စေတီယကထာ” ၌ ဆိုခဲ့ပါသည်။
ဓမ္မပါလမင်းသည် အဆိုပါစွယ်တော်အစစ်ကို ဘုရင့်နောင်မင်းကြီးထံမဆက်သမီ စွယ်တော်ပွားတစ်ခုကို အလျင်ကိုးကွယ်စိမ့်သောငှာ ပေးပို့ခဲ့ကြောင်း (ဟံသာဝတီ ဆင်ဖြူများရှင် အရေးတော်ပုံကျမ်း) ၌ တွေ့ရှိရပါသည်။ သီဟိုဠ်ဓမ္မပါလမင်းသည် ဘုရင့်နောင်မင်းတရားကြီး၏ စစ်ကူများရောက်ရှိလာသည် နှင့်တပြိုင်နက် ရန်သူမင်းသံပါးတို့သည် ကြောက်ရွံ့ခြင်းပြင်းစွာ ကြားသိရသောအခါ အလွန်ဝမ်းမြောက်၍ သက္ကရာဇ် ၉၃၇ ၌ဘုရားမြတ်စွာစွယ်တော်ပွားတစ်ဆူကို အလျင်ကိုးကွယ်တော်မူ နှင့်ပါစေဟူ၍ သင်္ဘောတစ်စီးတွင် ရွှေပြဿဒ်တင်လျက် စွယ်တော်ပွားကို ဦးစွာဆက်သလိုက်ကြောင်း ဘုရင့်နောင်မင်းတရားကြီး၏ ပြည်တောင်ဘက် တစ်ဦးဖြစ်သည့် ဥဿရောဟူသော အမည်တရည်ဖြင့် အမတ်ကြီး အရာထမ်းရွက်ခဲ့ရသည့် ရာဇတမန်အမတ်ကြီးပြုစုသည့် “ဟံသာဝတီဆင်ဖြူများရှင် အရေးတော်ပုံ” ၌ လေ့လာတွေ့ရှိရပေသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ဟံသာဝတီသို့ စွယ်တော်ရောက်ရှိခြင်း
9:07 PM | By ♣☺တောသူမလေး☺♣
သက္ကရာဇ် ၇၅၂-ခုနှစ်၊ သီဟိုဠ်ပဏ္ဍုရာမမင်းသည် သမီးတော် သုမုတ္တဒေ၀ီနှင့်တကွ မြတ်စွာဘုရား စွယ်တော်ပွားတစ်ဆူကို ဟံသာဝတီပြည့်ရှင် ရာဇဓိရာဇ်သို့ ဆက်သလိုက်ရာ ရွှေမော်ဓော စေတီတော်မြတ်ကြီး၌ ဥမင်တူး၍ ဌာပနာ သွင်းတော်မူခဲ့ကြောင်း ၁၂၅၇-ခုနှစ်ထုတ် ဦးကူး၏ ရွှေမော်ဓောသမိုင်း၌ ပြဆိုပါသည်။
သက္ကရာဇ် ၈၃၉-ခု၊ တော်သလင်းလပြည့်ကျော် တစ်ရက်နေ့ ဓမ္မစေတီမင်းလက်ထက်တွင် သီဟိုဠ်မင်းက ဆက်သလိုက်သော စွယ်တော်ပွားတစ်ဆူကို ကလျာဏီသိမ်အနီးရှိ ကလျာဏီစေတီ၌ ဌာပနာတော်မူခဲ့ကြောင်း မွန်ကျောက်စာကိုကိုးလျက် ကထိကဦးသက်တင်က ယင်း၏စေတီ(၅၈) ဆူသမိုင်း၌ ပြဆိုပါသည်။ တစ်ဖန် စူဠာမုနိမောဓောငယ်(ရွှေအောင်ရွေး) သမိုင်းတွင် သက္ကရာဇ် ၈၄၅-သီဟိုဠ်၌ သံဃရာဇာမင်းက ဓမ္မစေတီမင်းကြီးအား တိဂုမ၀ိနိစ္ဆယ(ပါဠိ) ကျမ်းကိုကောင်းစွာ စီရင်နိုင်ခြင်းကြောင့် ဓမ္မစေတီမင်း၏ သံကြီးဗရမ်းအမတ်အား ဘုရားသခင်ဆံတော်တစ်ဆူနှင့်အတူ စွယ်တော်ပွားနှစ်ဆူကို လက်ဆောင်တော်အဖြစ် ပေးလိုက်ကြောင်း တွေ့ရပါသည်။ အဆိုပါဆံတော်ကို ရွှေမောဓော၏အရှေ့တောင်ဘက်ရှိ ခမွှန်ဘောကုန်း၌ စေတီတည်၍ မောဓောငယ်ဟုခေါ်တွင်ခဲ့သည်။ ဘုရင့်နောင်ပြန်လည် တည်ဆောက်သောအခါ၌ “စူဠာမဏိ” ဟု တွင်နေပါသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ဗုဒ္ဓမြတ်စွယ်တော်ကို ပူဇော်သော ဘုရင့်နောင်မင်းတရားကြီး
9:03 PM | By ♣☺တောသူမလေး☺♣
ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သော ဘုရင်မှာ ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ဖြစ်သည်။ တောင်ငူမင်းဆက်မှ တတိယမြောက် မင်းဖြစ်သည်။ ကျော်ထင်နော်ရထာ၊ ဟံသာဝတီ ဆင်ဖြူများရှင်၊ သီရိပ၀ရ မဟာဓမ္မရာဇာဓိရာဇာ စသောဘွဲ့များ ရရှိထားသော်လည်း ယောက်ဖတော် တပင်ရွှေထီးမင်းက ချီးမြှင့်သော “ဘုရင့်နောင်” ဘွဲ့နှင့်သာ ရာဇ၀င်တွင်ခဲ့သည်။ နန်းသက် နှစ် ၃၀ အတွင်း နိုင်ငံတော် စည်းလုံးရေး၊ တိုးချဲ့ရေး၊ လုံခြုံရေး၊ စည်ပင်ဝပြောရေးကို မနားမနေ ဆောင်ရွက်သည်။ လောက၊ ဓမ္မ၊ ရာဇ အကြောင်းသုံးပါးစလုံးတွင် မလစ်ဟင်းရအောင် ကြိုးပမ်းခဲ့သောကြောင့် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားလာသည်။ ရပ်နီးရပ်ဝေးနိုင်ငံများနှင့် ကူးသန်းဆက်ဆံ ဖောက်ကားရောင်းဝယ်သောကြောင့် ဓနအင်အား၊ စစ်အင်အား ခိုင်ဖြီးပြီး ထိုအချိန်ထိ ထိုခေတ်အခါက ခေတ်မီနိုင်ငံတစ်ခုဖြစ်ခဲ့သည်။ နေပြည်တော်ဟံသာဝတီသည် ကမ်းရိုးတန်းနှင့် မကွာသောအရပ်၌ တည်ရှိသောကြောင့် ပင်လယ်ရပ်ခြားနိုင်ငံများနှင့် ဆက်သွယ်မူများခဲ့သည်။ ပေါ်တူဂီ၊ အီတလီ၊ အိန္ဒိယ၊ ဂျာဝါး၊ သီဟိုဠ်၊ မာလာယုတို့နှင့် သံတမန်ရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမူ ဆက်သွယ်မူများ ပြုလုပ်ခဲ့သည်။
သီဟိုဠ်နိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်ကားသော နိုင်ငံဖြစ်သည်နှင့်အညီ ထိုနိုင်ငံနှင့် ဘုရင့်နောင်မင်းတရားကြီး ဆက်ဆံမူပိုမိုများပြားခဲ့သည်။ သီဟိုဠ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ညိုးမှိန်ကျဆင်းသော အခါနှင့်ကြုံတိုင်း သီဟိုဠ်ဗုဒ္ဓဘာသာမင်းတို့က မြန်မာမင်းများထံ သံစေ၍ အကူအညီတောင်းလေ့ရှိသည်။ သီဟိုဠ်၌ သူပုန် သူကန်ထကြွသောအခါဖြစ်စေ၊ ပြင်ပရန်သူများနှင့် ရင်ဆိုင်ရသော အခါဖြစ်စေ မြန်မာဘုရင်တို့ထံမှ စစ်ကူတောင်းခံခဲ့ဖူးသည်။ မြန်မာဘုရင်တို့ကလည်း သီိဟိုဠ်နိုင်ငံမှ ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန်များ၊ ဓမ္မ လက်ဆောင်များ၊ ဘာသာရေးဆိုင်ရာ နည်းနာစနစ်မှန်များကို ရရှိခဲ့ကြသည်။ အထူးသဖြင့် သီဟိုဠ်နိုင်ငံ ကန္ဒီမြို့တော်၌ ကိန်းဝပ် စံပယ် လျက်ရှိသော ဗုဒ္ဓမြတ်စွာဘုရား၏ အောက်လက်ဝဲမြတ်စွယ်တော် ပင့်ဆောင်ပူဇော်ရေးကို သံတမန်နည်းနှင့် ကြိုးပမ်းခဲ့ကြသည်။ ဘုရင့်နောင် မင်းတရားကြီးသည် ယင်းကိစ္စများကို အစွမ်းကုန် အားထုတ်ခဲ့သည်။
အေဒီ ၁၅၅၅ ခုနှစ်တွင် အဖိုးတန် ကျောက်မျက်ရတနာများ အပါအ၀င် လှူဖွယ်ပစ္စည်းများကို ကန္ဒီမြတ်စွယ်တော်ကျောင်းတော်သို့ လှူရန်သံအဖွဲ့ စေလွှတ်သည်။ မြတ်စွယ်တော်ကျောင်း၌ ဆီမီးမပြတ် ထွန်းညှိပူဇော်နိုင်ရန် လယ်ယာမြေ ဥယျာဉ်များဝယ်၍ ဆီမီးထွန်းတာဝန် ကျွန်တော်များထားရှိပေးသည်။ ပန်းပု၊ ပန်းချီ၊ ပန်းတဉ်၊ ပန်းတမော့၊ ပန်းထိမ် အစရှိသော အနုပညာရှင်များကို စေလွှတ်၍ မြတ်စွယ်တော်ကျောင်းတော်ကို မွမ်းမံပြုပြင်စေသည်။ မိမိ၏ဆံပင်နှင့် မိဖုရားခေါင်းကြီး၏ ဆံပင်တို့ကို ဖြတ်၍ ရတနာများ စီခြယ်ထားသော ရွှေလက်ကိုင်တပ် တံမြက်ပြုလုပ်ကာ မြတ်စွယ်တော်ကျောင်း၌ တံမြက်လှည်းရန် လှူဒါန်းသည်။
အေဒီ ၁၅၆၀ ပြည့်နှစ်တွင် ပေါ်တူဂီတို့သည် ကန္ဒီမြို့ကို တိုက်ခိုက်ပြီး မြတ်စွယ်တော်ကို ဂိုအာသို့ ဆောင်ယူသွားကြသည်။ ထိုသတင်းကို ကြားသိရသော ဘုရင့်နောင် မင်းတရားကြီးသည် မြန်မာဆိပ်ကမ်းတွင်း ဆိုက်နေသော ပေါ်တူဂီသင်္ဘောနှင့် သံတော်များစေလွှတ်ပြီး ပေါ်တူဂီတို့ထံမှ မြတ်စွယ်တော်ကို ငွေသားတော် အဿပြာရှစ်သိန်းနှင့် ရွေးယူရန် စကားကမ်းစေသည်။ မြတ်စွယ်တော်ကို ပေးအပ်ပါက ပေါ်တူဂီပိုင်ဖြစ်နေသော မလက္ကာသို့လည်း စပါးရိက္ခာကို သင်္ဘောအပြည့် ပေးပို့ထောက်ပံ့ပါမည်ဟုလည်း ထပ်မံပြောစေသည်။ ပေါ်တူဂီဘုရင်ခံသည် ဘုရင့်နောင် သံများ စကားကမ်းချက်ကို လက်ခံလိုလှသည်။ ပေါ်တူဂီ စစ်ဗိုလ်တို့ကမူ မြတ်စွယ်တော်ကို သင်္ဘောတွင် အခမ်းအနားနှင့် တင်၍ ဟံသာဝတီနေပြည်သို့ ယူဆောင်သွားပါက များပြားလှသော အလှူငွေများ၊ ကျောက်မျက်ရတနာရွှေငွေများ ရနိုင်မည်ဖြစ်ရာ ပေါ်တူဂီစစ်တပ်အတွက် လက်နက်ဝယ်ရန် ရန်ပုံငွေရနိုင်သည် အကြံပေးကြသည်။ ပေါ်တူဂီ ဂိုဏ်းချုပ်ကြီးကမူ ယင်းအကြံများကို ကန့်ကွက်သည်။ ပေါ်တူဂီ ဂိုဏ်းချုပ်ဘုန်းကြီးကမူ ယင်းအကြံများကို ကန့်ကွက်သည်။ ခရစ်ယာန်သာသနာပြုရေးတွင် အနှောင့်အယှက်ဖြစ်မည့် မြတ်စွယ်တော်ကို ဖျက်ဆီးပစ်ရန် တရားဟောသည်။ အေဒီ ၁၅၆၁ ခုနှစ်တွင် ဗိုလ်ပုံအလယ်၌ မြတ်စွယ်တော်ကို အမူန့်ထောင်းကြိတ်ပြီး မိးရို့ကာ ပြာများကို မြစ်ထဲသို့ မျှောချပစ်သည်။ သို့သော် မြတ်စွယ်တော်အစစ်ကို လုံခြုံရာ၌ ကြိုတင်ဆောင်ယူဝှက်ထားခဲ့သောကြောင့် စွယ်တော်ပွားအတုသာ ဖျက်ဆီခံရသည်။
အေဒီ ၁၅၇၄-ခုနှစ်တွင် သီဟိုဠ်၊ ကိုလံဘို ဘုရင်က သူ၏ နန်းရင်းဝန်ကြီး သမီးတော်ကို ဆက်သရန် သံအဖွဲ့စေလွှတ်သည်။ ဘုရင့်နောင်မင်းတရားကြီးအား သီဟိုဠ်တွင် ဗုဒ္ဓသာသနာ ညိုးမှိန်လာသဖြင့် ကူညီထောက်ပံ့ရန် သီဟိုဠ်မင်းက တောင်းဆိုသောကြောင့် ပစ္စည်းလေးပါးနှင့် သာသနာပြုရဟန်းတော်များ စေလွှတ်ကူညီသောကြောင့် ကျေးဇူးတုံ့ပြန်သောအနေနှင့် သမီးကညာ ဆက်သခြင်းဖြစ်သည်။ သမီးကညာနှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူနှင့် လက်ဆောင်တော် များကိုပါ ပေးဆက်လိုက်ရာ သမီးကညာကို မိဖုရားမြှောက်ပြီး မြတ်စွယ်တော်ပွားကို မဟာစေတီတွင် ဌာပနာသည်။
အေဒီ၊ ၁၇၅၆ ခုနှစ်တွင် သီဟိုဠ်တွင် ပုန်ကန်ထကြွမူများ ဖြစ်လာပြီး နိုင်ငံတော်ပြိုကွဲမည့် အန္တရာယ်နှင့် ကြုံရသည်။ သီဟိုဠ်ကျွန်း လေးပိုင်းကွဲသွားပြီး ကွတ်တည်မင်း၊ ခန့်တည်မင်း၊ သီတာဝက်မင်းနှင့် ဓမ္မပါလမင်း လေးပါး ထီးပြိုင် နန်းပြိုင် မင်းမူကြသည်။ ဓမ္မပါလမင်းသာ ဗုဒ္ဓသာသနာကို ကိုးကွယ်ယုံကြည်ပြီး ကျန်မင်းသုံးပါးတို့ မိစ္ဆာအယူကို လက်ခံကြပြီး ဗုဒ္ဓသာသနာကို ဖျက်ဆီးကြသည်။ ထို့ကြောင့် ဓမ္မပါလမင်းက သီဟိုဠ်နိုင်ငံ ပြန်လည်စည်းရုံးရေးနှင့် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေး အတွက် အာဏာစက် အကူအညီပေးပါရန် ဘုရင့်နောင်မင်းတားကြီးထံ သံစေ၍ တောင်းသည်။ ညီတော်များ မူးမတ်များနှင့် တိုင်ပင်ပြီး ရာဇမဟာမိတ်ဖြစ်သော ဓမ္မပါလမင်းကို ကူညီမှသင့်မည်ဟု ဆုံးဖြတ်ပြီး ထွားကြိုင်း၍ “လူပီးစီး ခက်ထန်” သော ရဲမက်တို့ကို ရွေးကောက်ရာ -
“ယိုးဒယား ၁၀၀၊ တနင်္သာရီသား ၁၀၀၊ လင်းဇင်းသား ၁၀၀၊ ကျိုင်းတုံသား ၁၀၀၊ ကသည်းသား ၁၀၀၊ ထားဝယ်သား ၁၀၀၊ မိုင်းမောသား ၁၀၀၊ စည်ခွင်သား ၁၀၀၊ တရုတ်သား ၁၀၀၊ ရှမ်းစလုံသား ၁၀၀၊ မွန် ၅၀၀၊ မြန်မာ ၅၀၀သော ရဲမက်တော်တို့ကို အထူးထူးသော မောက်တို၊ မောက်ရှည်၊ မိန်ညို၊ သံချပ်နှင့် ချည်းရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ၊ ရွှေလုံစွဲစေ၍ စန္ဒသူရိယကို တပ်မှူး၊ ရာဇဗညားကို တပ်စစ်ကဲ ခန့်တော်မူသည်။ ထိုသူတို့စီးစရာ ဆင်နှစ်စီးနှင့်တကွ ဆုလာဘ်ပေးစရာလည်း ငွေများပေးတော်မူ လိုက်သည်။ သိင်္ဃီုဠ်မင်းသို့လည်း ဆင်အစီး နှစ်ဆယ်နှင့်တကွ မင်းဆောင် မင်းယောင်၊ မင်းခမ်း မင်းနား အများ ပေးတော်မူလိုက်သည်။ ယင်းသို့ စီရင်ခန့်ရန်တော်မူ၍ စစ်သည်တော် နှစ်ထောင့်ငါးရာတို့ကို သင်္ဘောငါးစင်းတွင် တစ်စင်း ငါးရာစီ စီးစေ၍ လွှင့်ရသည်။” ဟု မှန်နန်းရာဇ၀င်တော်ကြီး၊ တတိယတွဲ၊ စာ ၃၅၊ ၃၆ တွင် ဖော်ပြပါရှိသည်။
သီဟိုဠ်တွင် တပ်စခန်းချထားစဉ် ရဲမက်တို့ စစ်လေ့ကျင့်ပုံ၊ နေထိုင်စားသောက်ပုံတို့ကို ထောင်ထားသော မင်းသုံးပါးတို့၏ အထောက်တော်များမြင်တွေ့ရသောအခါ သံတော်ဦးတင်ကြသည်။ အလွန်ခက်ထန် ကြမ်းကြုတ် ရဲရင့်ကြကြောင်း၊ ယခုရဲမက်တို့သည် အကြိုထောက်လှမ်းရန် ရောက်လာခြင်းဖြစ်ပြီး နှိမ်နှင်းရန် နောက်ထပ် ရဲမက်များရောက်လာဦးမည်ဖြစ်ကြောင် လျှောက်တင် ကြာသောအခါ ထောင်ထားသော မင်းသုံးပါးတို့သည် ဓမ္မပါလမင်းထံ လက်နက်ချသဖြင့် သီဟိုဠ်နိုင်ငံလည်း ပြန်လည်စည်းလုံးသွားသည်။ ဗုဒ္ဓသာသနာသည် ပြန်လည်စည်ပင်လာသည်။
အထက်ပါ အာဏာစက်အကူအညီကို ကျေးဇူးတုံ့ပြန်သောအားဖြင့် မြန်မာသက္ကရာဇ် ၉၃၈ ခု (အေဒီ ၁၅၇၆) ခု -
“ဒုတိယ ၀ါဆိုလပြည့်ကျော် ၃ရက် တနင်္လာနေ့၊ သီင်္ဃီုဠ်ကျွန်းအစိုးရသော ဓမ္မပါလမင်းက လက်ဆောင် လက်နက်များနှင့် ဘုရားသခင် စွယ်တော်မြတ်ကို ရွှေစေတီ၌ ဌာပနာ၍ သင်္ဘောနှစ်စင်းတွင် တစ်စင်းမှာ လက်ဆောင်တော်၊ တစ်စင်းမှာ စွယ်တော်မြတ်ကို တင်၍ အမတ်လေးယောက် ကြပ်မတ်လျက် ဆက်သာလာစေလျက် ဆက်သလာစေ၍ ပုသိမ် သင်္ဘောဆိပ်သို့ ရောက်လာသည်။”
ထိုအကြောင်းကို ပုသိမ်က လျှောက်လာ၍ ကြားတော်မူလျှင် အားရတော်မူ၍ -
“သင်္ဘောဆိပ်တွင် စွယ်တော်မြတ်ကို တည်ထားစရာ ကောင်းမွန်လှစွာသော မဏ္ဍပ်ကန္နားကို ဆောက်ရသည်။ ထိုမှတစ်ပါး စွယ်တော်မြတ်ကို တည်ထားစရာ စီရင်တော်မူသည်ကား၊ ပတ္တမြား ကြုတ်စီရင်တော်မူသည်။ လေးကျွန်းဆီမီးဟူသော အဖိုးအတိုင်း မသိသော ဗညားပရိဝတ်သော ကျောက်တလုံး၊ မိုးမိတ်စော်ဘွားက ဆက်သော အဘိုးအတိုင်းမသိသော ကျောက်တလုံး၊ ဓမ္မစေတီဝတ်သော အဘိုးအတိုင်းမသိသော စိန်ကျောက်တလုံး၊ သည်းကျောက် လေးလုံးကို ရွှေကြုတ် လေးမျက်နှာတွင်စီ၍ ပတ္တမြား အပြည့်စီသော ကြုတ်တွင်သွတ်သည်။ ထိုပတ္တမြားကြုတ်ကို စားတော်ခေါ်သော ပတ္တမြားလက်ဘက်အိုးတွင် သွတ်သည်။ ပတ္တမြားလက်ဘက်အိုးကို စားတော်ခေါ်သော ပတ္တမြား ကွမ်းခွက်တွင် သွတ်သည်။ ပတ္တမြား ကွမ်ခွက်တော်ကို န၀ရတ်ကိုးပါးဖြင့် ပြီးသော ရတနာစေတီတော်တွင် ထည့်တော်မူပြန်သည်။ ထိုရတနာ စေတီတော်ကို ရတနာ အတိပြီးသော ပြာဿဒ်တွင် တင်ပြီးမှ စီးတော်မူသော ရွှေလှော်သောသူတို့ကိုလည်း ရွှေဦးထုပ်ဆောင်းစေပြီးလျင် ဘယက်လည်မာ ဒွါဒရာလက်ကောက် ဆင်ယင်စေ၍ ဖောင်တော်ရှေ့က ခွင်ရေးလှော်ရသည်။ သည့်နောက် ရွှေလှော်ကားလေးစင်းမှာလည်း၊ နတ်သမီးအသွင်ကဲ့သို့ ပုတီးနားဍောင်းဘယက်တန်ဆာ ဆင်ယင်ဝတ်စားစေ၍ ရွှေတက်နှင့် လှော်၍ လိုက်ရသည်။ ယင်းကမှ ဟင်္သာရုပ် ပတ္တမြားငုံ၍ ပျံဟန်၊ ရတနာ ရွှေဗောင်တော်ကို စီးတော်မူ၍ ရှေ့တော်က ရွှေလှော်ကားတစ်စင်း၊ နောက်တော်က ရွှေလှော်ကားရှစ်စင်း ငင်ရသည်။ ရွှေစက်ကွင်း လှော်ကားသုံးရာတို့ကိုလည်း ပဉ္စင်း တူရိယာပတ်သာ စည်စောင်း ငြင်းတင်၍ မြစ်လုံး ပဲ့တင်ထပ်မျှ တီးမူတ်လျက် ဖောင်တော်ဝန်းကျင် ရွှေတက်နှင့် ချည်လှော်၍ လိုက်ရသည်။ ထိုမှတပါး ရဲမက်တော်တို့မှာ အထူးထူးသော တိုးရုပ်၊ စာမရီးရုပ်၊ မြင်းရုပ်၊ ကျွဲရုပ်၊ ကျားရုပ်၊ မိကျောင်းရုပ်၊ မကန်းရုပ်၊ ကရ၀ိက်ရုပ်၊ ကြိုးကြာရုပ်၊ ဟင်္သာရုပ်၊ ကိန္နရာရုပ်၊ လှေစသော သားလှေ ငှက်လှေ အပေါင်းတို့တွင် ရွှေဒိုင်း ရွှေကာ ရွှေလှံ စီစဉ် ကျင်းပစေလျက် တိုက်လှေ ငါးရာတို့ကို ဖောင်တော် လက်ဝဲ လက်ျာ ရှေ့ နောက် လိုက်ရသည်။ ထိုမှတပါး စစ်သည်တော် အပေါင်းတို့မှာ ဇလာကပင်ကူရွပ် သမ္ဗန် ကတ္တူ လွန်းကြင်စသော လှေ တထောင်တွင် စိန်ပြောင်းမြ တပူတင်၍ လိုက်ရသည်။ ယင်းသို့သော အစီအရင်ဖြင့် မြစ်လုံးပဲ့တင်ထပ်မျှ ဟံသာဝတီ ရွှေမြို့တော်ကသည် ပုသိမ်သင်္ဘောဆပ်တိုင်အောင် ကြိုတော်မူသည်။ သင်္ဘောဆိပ်သို့ ရောက်တော်မူလျှင် ရတနာဆယ်ပါးတို့ကို ပန်ပေါက်ပေါက်ပြုတော်မူ၍ စွယ်တော်မြတ်ကို ပူဇော်တော်မူသည်။ ထိုမှတပါး ရွှေတန်ဆောင်၊ ငွေတန်ဆောင်၊ ရွှေတံခွန်၊ ငွေတံခွန်တို့နှင့်လည်း များစွာပူဇော်တော်မူသည်။” (မှန်နန်း၊ တတိယတွဲ၊ စာ ၃၁-၃၃)
ဟံသာဝတီရွှေမြို့တော်သို့ ပင့်ဆောင်ခဲ့သော မြတ်စွယ်တော်ကို ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီး၏ ဦးထိပ်၌ စွယ်တော်စင် သီးခြားတည်ဆောက်ကာ ထိုစင်၌ တင်ထားကိုးကွယ်သည်။ ထိုအချိန်မှစ၍ နောင် မြန်မာမင်းအဆက်ဆက်တို့သည် ရွှေနန်းတော် ဦးထိပ်တွင် စွယ်တော်စင် အဆောက်အအုံ သီးခြားတည်ဆောက်၍ စွယ်တော် ဓာတ်တော်ကိုးကွယ်လာကြသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ပဲခူးကလျာဏီသိမ်တော်မြတ်
8:57 PM | By ♣☺တောသူမလေး☺♣
ဓမ္မစေတီမင်းတရား၏ ကောင်းမူဖြစ်သော ဤကလျာဏီသိမ်တော်မြတ်ကို အဆင့်ဆင့်ကုသိုလ်ရှင် အပေါင်းတို့ အသစ်အသစ်ပြုပြင်ခဲ့ရာမှ သက္ကရာဇ် ၁၂၆၄-ခု (၁၉၀၂-ခု) တွင် ပုဂံတောင်ရွာ အမိဒေါ်ကျေး၊ သမီးဒေါ်စိုး၊ မောင်နှမလေးယောက်တို့က အုတ်ဖြင့်ဆောက်လုပ်ထားခဲ့သော သိမ်တော်မြတ် (၁၂၉၂-ခု၊ ကဆုန်လဆန်း ၉ ရက် ည ၈ နာရီ ၁၅ မိနစ်ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့၏။)
ရခိုင်ဘုရင် မင်းဘင်ခေါ် မင်းပါကြီး (အေ၊ ဒီ ၁၅၃၁-၅၃) လက်ထက်တွင် ထင်ရှားသော သာသနိက အဆောက်အအုံများစွာ တည်ဆောက်ခံရာ၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့ဟောင်းတွင် ရွှေတောင်ဦးဘုရား၊ သျှစ်သောင်းဘုရား၊ ဒုက္ကံသိမ်၊ လေးမျက်နှာဘုရားကျောင်းများနှင့် အံတော်ဘုရားတို့ကို ယနေ့တိုင် ဖူးတွေ့နိုင်သည်။ အံတော်ဘုရားမှာ သီဟိုဠ်မင်းက ဆက်သလိုက်သော ဗုဒ္ဓမြတ် အံတော်ပွားကို ဌာပနာထားသော ဘုရားဖြစ်သည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ပုဂံတ၀ိုက်မှ စွယ်တော်ရှင်လေးဆူ
10:47 PM | By ♣☺တောသူမလေး☺♣
ကောဇာသက္ကရာဇ် ၃၇၉ နှစ် (AD ၁၀၄၄) တွင် နန်းတက်၍ နန်းစံ ၁၄နှစ်မြောက်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် သီဟိုဠ်ကျွန်းသို့ သံတမန်စေလွှတ်တော်မူ၍ စွယ်တော်ပင့်တော်မူသည်။
သီဟိုဠ်ဘုရင် ဓာတုသေနမင်းသည် စွယ်တော်တိုက်မှ စွယ်တော်ကို တန်ခိုးတော်အားဖြင့် ပွားတော်မူပါရန် တောင်းပန်၍ ရရှိသောစွယ်တော်ပွားကို သံတမန်တို့အား အပ်တော်မူလိုက်သတည်း။
အနော်ရထာမင်းသည်လည်း သီရိပစ္စယာကျောက်စကားအရပ် သင်္ဘောဆိပ်တွင် လည်ပင်းတိုင်အောင် ရေသို့ဆင်း၍ စွယ်တော်ကို ကြိုတော်မူ၏။ ဦးခေါင်းထက်၌ ရတနာပန်းတောင်းဖြင့် စွယ်တော်ကို ရွက်တော်မူပြီးလျှင် များစွာသော အခြံအရံတို့ဖြင့် အံ့သြဖွယ်သော ပူဇော်သက္ကာရကို ပြုတော်မူ၍ နန်းတော်သို့ ပင့်ဆောင်တော်မူ၏။ နန်းတော်တွင်းဝယ် ရတနာအတိပြီးသော ပြာဿဒ်ဖြင့်ထားကာ ကိုးကွယ်ဆည်းကပ်တော်မူသတည်း။
ထိုအခါ သာသနာ့ ကျေးဇူးတော်ရှင် ရှင်အရဟံ မထေရ်မြတ်သည် စွယ်တော်မြတ်ကို နန်းတော်မှာထား၍ ပူဇော်သည်ထက် လူနတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးငှာ သာသနာတော်အဓွန့်ရှည်သမျှ ပူဇော်နိုင်ရန် စေတီတည်ရသော် များစွာသင့်လျော်မည်ဖြစ်၏ဟု အကြံပေးတော်မူ၏။ မင်းကြီးလည်း သဘောနှစ်သက်တော်မူရကား ငါသည် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏အကျိုး၊ သာသနာတော်မြတ်၏ အကျိုးကို သယ်ပိုးသည်ဖြစ်တော့သည်ဟု နှလုံးပိုက်တော်မူ၍ စွယ်တော်ဓာတ်မြတ်ကို ဆင်ဖြူ ရတနာထက်သို့တင်ကာ ဤစွယ်တော်မြတ် ကိန်းဝပ်တော်မူလိုရာအရပ်၌ ဆင်ဖြူရတနာသည် ၀ပ်စေသတည်းဟု အဓိဋ္ဌာန်ပြု၍ လွှတ်တော်မူလိုက်၏။
ဆင်ဖြူရတနာသည် ပုဂံမြို့ ဥသဘ ၅၀-အကွာ အရှေ့မြောက်အရပ် ဇေယျဘူမိအရပ်၌ ၀ပ်လေသဖြင့် ရွှေစည်းခုံစေတီကို စတင်တည်လေသည်။ ထို့နောက်မင်းကြီးသည် ထိုစွယ်တော်ဓာတ်မြတ်ကို ပွားတော်မူရန် အဓိဋ္ဌာန်ပြုတောင်းပန်သောအခါ တစ်ဆူ ထပ်ပွားလေလျှင် ရွှေစည်းခုံစေတီ၌ ဌာပနာ၏။ စွယ်တော်ပွားတစ်ဆူကို ရတနာပန်းတောင်းတွင်ထည့်ပြီး ဆင်ဖြူတော်ထက်သို့တင်၍ စွယ်တော် ကိန်းဝပ်တော်မူလိုရာ၌ ၀ပ်စေသောဟု အဓိဌာန်ပြုတော်မူ၏။
ဆင်ဖြူတော်သည် ဧရာဝတီမြစ်ကိုကူး၍ တန့်ကြည့်တောင်ထိပ်၌ ၀ပ်၏။ ထိုတောင်ထိပ်၌ စေတီတစ်ဆူ တည်ထားတော်မူ၏။ ဒုတိယအကြိမ်တစ်ဖန် မင်းကြီးတောင်းပန်လတ်သော် စွယ်တော်တစ်ဆူ ပွားပြန်၏။ တစ်ဆူကို တန့်ကြည့်တောင်စေတီ၌ ဌာပနာပြီး ကျန်စွယ်တော်ပွားကို ရှေးနည်းအတိုင်း ရတနာပန်းတောင်းတွင်ထည့်၍ ဆင်ဖြူတော်ထက်သို့ တင်လွှတ်ရာ သီရိပစ္စယာ ကျောက်စကားအရပ် သင်္ဘောဆိပ်အနီး၌ ၀ပ်၏။ ထိုအရပ်၌ တတိယမြောက်စေတီအဖြစ် လောကနန္ဒစေတီကို တည်ထားတော်မူ၏။
ထိုလောကနန္ဒာစေတီ တည်သောနှစ်မှာ ကောဇာသက္ကရာဇ် ၃၉၃-ခုနှစ် ဖြစ်၏။ နောက်တစ်ကြိမ် တောင်းပန်သဖြင့် စွယ်တော်တစ်ဆူ ပွားပြန်၏။ တစ်ဆူကို လောကနန္ဒာစေတီ၌ ဌာပနာပြီး ကျန်တစ်ဆူကို ယခင်နည်းတူ ဆင်ဖြူတော်တင်၍ လွှတ်ပြန်၏။ ပုဂံမြို့အရှေ့တောင် တုရင်တောင်ထိပ်၌ ၀ပ်၏။ ထိုတောင်ထိပ်၌ တုရင်တောင် စေတီကိုတည်ပြန်၏။ ယင်းနောက်တစ်ကြိမ် တောင်းပန်သဖြင့် တစ်ဆူပွားပြန်၏။
တစ်ဆူကိုတုရင်တောင်စေတီ၌ ဌာပနာပြီး နောက်ဆုံးပွားသော စွယ်တော်ပွားတစ်ဆူကို ရတနာ ပန်းတောင်းတွင်ထည့်ပြီး ဆင်ဖြူတော်ပေါ်တင်၍ လွှတ်ပြန်သော် ဆင်ဖြူတော်သည် ကျောက်ဆည်နယ်ရှိ ပျက်ခရွေတောင်၌ သွားဝပ်၏။ ထိုပျက်ခရွေတောင်ပေါ်၌ စေတီတစ်ဆူ တည်၍ ဌာပနာ၏၊ အတွင်း စွယ်တော်ပွားစေတီ ငါးဆူတည်၍ပြီး သတည်း။
လောကနန္ဒာဘုရား
လောကနန္ဒာ စေတီတော်တည်ရာ သီရိပစ္စယာမှာ ယနေ့ ရွာသိမ်ကလေး ဖြစ်လျက်ရှိသော်လည်း အနော်ရထာမင်းကြီး လက်ထက်က ပုဂံနေပြည်တော်၏ သင်္ဘောဆိပ်ဖြစ်လေသည်။ သီဟိုဠ်မှ စွယ်တော်ပင့်လာသော သင်္ဘောသည် ထိုဆိပ်တွင် ဆိုက်ကပ်ခဲ့၏။ သက္ကရာဇ် ၄၂၉-ခုနှစ်ထိုး မနုဟာကျောက်စာတွင် “သင်္ဘောဆိပ်ဖြစ်သော စွယ်တော်ဆိုက်ရာ လောကနန္ဒ အရှေ့မြောက်စောင်း၌ သီရိ ဇေယျဘုံဟူသောကုန်း၌” ဟု ဖော်ပြထားပါသည်။
အနော်ရထာမင်းကြီးသည် ထိုသင်္ဘော ဆိပ်ကမ်းထိပ်၌ သီဟိုဠ်မှကြွလာသော စွယ်တော်ပွားတစ်ဆူကို ဌာပနာ၍ စေတီတော်တည်ပြီးလျှင် လောကနန္ဒာစေတီတော်ဟု သမုတ်ခဲ့ပါသည်။ အလွန် သာယာအေးချမ်းသောနေရာဖြစ်၍ ပုဂံမှ လွယ်ကူစွာသွားနိုင်သော ကားလမ်းရှိပါသည်။
ရွှေစည်းဂုံဘုရား
ပုံသဏ္ဌာန်တုတ်ခိုင်ပြည့်ဖြိုးပြီး ပုံဂံသူ ပုဂံသားတိုပ၏ စွမ်းအင်ပြည့်ဝမူကို ပြသနေဟန်အသွင်ဆောင် နေသော စေတီတော်ဖြစ်၏။ စေတီတော်မြတ်ကို တူးရွင်းတောင်မှ ကျောက်တုံးကြီးများကို လက်ဆင့်ကမ်းသယ်ယူပြီး တည်ဆောက်ခဲ့ကြသည်ဟု အဆိုရှိသည်။ အနော်ရထာမင်းကြီးလက်ထက်၌ ထေရ၀ါဒဗုဒ္ဓသာသနာကို ကြိုးစားသာသနာပြုခဲ့ရာ သီဟိုဠ်ကျွန်း ဓာတုသေနမင်းထံသို့ စေလွှတ်၍ မြတ်စွာဘုရားစွယ်တော်ကို တောင်းစေသည်။ စွယ်တော်ပွားတစ်ဆူ ရခဲ့သည်။ ရွှေစည်းခုံဘုရားတွင် ဌာပနာသည်။
သီဟိုဠ်ကျွန်း ဓာတုသေနမင်းထံသို့ စေလွှတ်၍ မြတ်စွာဘုရားစွယ်တော်ကို တောင်းစေသည်။ စွယ်တော်ပွားတစ်ဆူရခဲ့သည်။ ရွှေစည်းခုံဘုရားတွင် ဌာပနာသည်။ အနော်ရထာမင်းကြီးလက်ထက်၌ စေတီတော်ကို စတင်တည်ဆောက်ခဲ့ကြရာ ကျန်စစ်သားမင်း လက်ထက်၌ ပြီးစီးအောင် တည်ထားနိုင်ခဲ့သည်။
တန့်ကြည့်တောင်
ထိုသို့ ဗျာဒိတ်ပေးရာ တန့်ကြည့်တောင်ထိပ်တွင် အနော်ရထာမင်းကြီးသည် စွယ်တော်ပွား ဌာပနာ၍ တည်ခဲ့သော တန့်ကြည့်စွယ်တော်ရှင် စေတီတော်ကြီးမှာ နှောင်းလူတို့ အပြုအပြင်များခဲ့သည်ကြောင့် ယနေ့ဆိုပါလျှင် စေတီသစ်ကြီး ဖြစ်နေလေပြီ။
ပုဂံဘက်မှနေ၍ ထိုဘက်သို့ကူးပြီး တန့်ကြည့်တောင်စေတီအထိ တက်နိုင်ပါက ရေမြေတောတောင် သဘာဝသာယာမူနှင့် စိတ်ဝင်စားဖွယ် ရူမျှော်ခင်းများကိုလည်း မြင်ရတွေ့ရပေမည်။ မြူတိမ် ကင်းစင်သောအချိန်ဖြစ်ပါက ပုဂံဘက်သို့ တန့်ကြည့်တောင်ထိပ်သို့ ကြည့်လိုက်သော် ပုပ္ပါးတောင်ကြီးနှင့် တုရင်တောင်တန်း နောက်ခံ ပုဂံဒေသကို အလွန်စိတ်ဝင်စားဖွယ် မြင်တွေ့ ပါလိမ့်မည်။
သိုက်ထွက်စကား
“လေးဆူဘုရား၊ စွယ်တော်ပွားကို၊ တစ်ရက်အားဖြင့်၊ ဖူးရလင့်ငြား၊ အကျိုးများကား၊ ဣဒ္ဓိ သိဒ္ဓိ၊ ကြံတိုင်းပြည်၏” ဟူသော အင်းဝခတ် သိုက်ထွက်စကားသည် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး ဗျာဒိတ်အရ တည်ထားတော်မူသော တန့်ကြည့်စွယ်တော်ရှင်၊ တုရင်စွယ်တော်ရှင် လောကနန္ဒာစေတီတော်နှင့်၊ ရွှေစည်းခုံစေတီတော်ကြီးအား တစ်နေ့တည်းနှင့် အကုန်အစင် သွားရောက်ဖူးမျှော်နိုင်ပါက ဣဒ္ဓိ သိဒ္ဓိ ကြံတိုင်းပြည့်ဟု ဆိုလိုခြင်းဖြစ်ပါသတည်။
တုရင်တောင်
တန့်ကြည့်တောင်ထိပ်မှ မြင်ရသော တုရင်တောင်သည် ညောင်ဦး-ကျောက်ပန်တောင်းကားလမ်း၊ ညောင်ဦးမှ ၅-မိုင်အရောက် အနောက်ဘက်တွင်ရှိ၍ ပုဂံမှဆိုလျှင် အရှေ့တောင်ဘက် ၆-မိုင်ခန့် အကွာတွင်ရှိပါသည်။ တောင်ပေါ်၌ စေတီပုထိုး ဂူကျောင်းများနှင့် လမ်းတွင် အရိပ်အာဝါသနှင့် ပြည့်စုံသော ဘုန်းတော်ကြီးကျောင်းများလည်း ရှိသည်။
တောင်ထိပ်ထက်၌ အနော်ရထာမင်းကြီးတည်ထားသော တုရင်းစွယ်တော်ရှင် စေတီတော်မှာလည်း အဆက်ဆက်သော လူများကပြုပြင်ခဲ့ကြသဖြင့် တန့်ကြည့်စွယ်တော်ရှင်စေတီတော်ကဲ့သို့ အသစ်ဖြစ်၍ နေပေသည်။ စေတီတော်၏ မြောက်ဘက်၌ ပုပ္ပါးစောရဟန်၏ သိမ်ပျက်နေသည်ကို ပြင်ရကြောင်း သက္ကရာဇ် ၅၇၄-ခုနှစ်ထိုး ကျောက်စာတိုင်လည်း ပါရှိနေပါသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Labels: စွယ်တော်သမိုင်းများ 0 comments
ဗုဒ္ဓမြတ်စွယ်တော်ကို ပူဇော်ကြသော တိုင်ရင်းသားမင်းများ
10:26 PM | By ♣☺တောသူမလေး☺♣
အနော်ရထာမင်းလွန်ပြီးနောက် မြန်မာ၊ ရှမ်း၊ မွန်၊ ရခိုင် တိုင်းရင်းသားမင်းတို့သည်လည်း ဗုဒ္ဓမြတ်စွယ်တော်ကို ပူဇော်ခဲ့ကြသည်။ အချို့နေပြည်တော်သို့ ပင့်ဆောင်ရန်ကြိုးပမ်းကြသည်။ အချို့ကား သံအဖွဲ့များစေလွှတ်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစေရာ၊ စွယ်တော်ပွားများနှင့် အခြားဗုဒ္ဓပူဇနိယပစ္စည်းများ ရရှိသောကြောင့် စေတီပုထိုးများ၌ ဌာပနာ၍ ကိုးကွယ်ကြသည်။ ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်ပူဇော်ရေးကို အကြောင်းပြု၍ သံတမန်အဖွဲ့များကို အပြန်အလှန်စေခဲ့ကြရာ နိုင်ငံအချင်းချင်းဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့သည်။ တရုတ်ပြည်ကြီးနှင့် ဆက်သွယ်ရာ၌ ကုန်းကြောင်းမှ နယ်စပ်ဒေသများကို ဖြတ်ကျော်ကာ ရှည်လျားသော ခရီးကိုနှင်လျက် တရုတ်ဧကရာဇ် နေပြည်တော် ပဲ့ကျင်း(ပီကင်း) အရောက် မြန်မာသံတော်တို့ သွားရောက်ခဲ့သဖြင့် ထိုလမ်းကြီးကိုပင် “သံတမန်လမ်း” ဟု မြန်မာ့သမိုင်း၌ တွင်ရစ်သည်။ သီဟိုဠ်(သီရိလင်္ကာ)နှင့် ဆက်သွယ်ရာတွင် မြန်မာ့ဆိပ်ကမ်းမြို့ကြီးများဖြစ်သော ပုသိမ်(ကောသမ)၊ ဒလ၊ သန်လျင်၊ မုတ္တမ၊ ရခိုင်မြို့ဟောင်းတို့မှ သင်္ဘောကြီးငယ်များနှင့် ပင်လယ်ခရီး ဖြစ်ကျော်သွားရောက် ခဲ့ကြသည်။
အနော်ရထာမင်းနောက် တရုတ်ပြည်ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ရေးအတွက် ဆောင်ရွက်သော ပုဂံမင်းဆက်မှ မင်းများမှာ အလောင်းစည်သူမင်း(အေဒီ ၁၁၁၂-၆၇)နှင့် နရသီဟပတေ့မင်း (အေဒီ ၁၂၅၄-၈၇)တို့ဖြစ်သည်။ နှစ်နိုင်ငံသံအဖွဲ့ ဖလှယ်ရေး အစဉ်အလာအရ အေဒီ ၁၁၁၅ နှစ်တွင် အလောင်းစည်သူမင်းက တရုတ်ဧကရာဇ်ထံ မြန်မာသံအဖွဲ့ကို ကုန်းကြောင်းမှ စေသည်။ ရွှေငွေနှင့် လုပ်ထားသော လက်ဆောင်တော်များ၊ ဆတ်ချိုများ၊ ဆင်စွယ်များ၊ ယွန်းထည်များ၊ မြတ်စွယ်တော်ကို လှူရန်ပစ္စည်းများနှင့် သံစာများကို ယူဆောင်သွားသည်။ သည့်နောက်ကိုယ်တော်တိုင် မြတ်စွယ်တော်ပင့်ဆောင်ရန် အလုံးအရင်းနှင့် ချီထွက်ခဲ့ကြောင်းကို မှန်နန်းရာဇ၀င်တော်ကြီး ပထမတွဲ၌ အောက်ပါအတိုင်းဖော်ပြထားသည်။
“မင်းနှစ်ပါးလည်း ကြည်ကြည်သာသာ ပြောဟောတော်မူကြ၏။ ဥတိဘွားလည်း ဤသို့မန့်တော်မူ၏။ အဆွေတော် အဘယ်အလို့ငှာ ငါ့တိုင်းနိုင်ငံသို့ လာရောက်တော်မူသနည်းဟု မေးတော်မူ၏။ အလောင်းစည်သူမင်းကြီးလည်း လောကီ၏ စည်းစိမ်ကို အလိုရှိ၍ လာရောက်သည်မဟုတ်၊ လောကုတ္တရာ ချမ်းသာသို့ ရောက်မည်အကြောင်းဖြစ်သော စွယ်တော်မြတ်ကို တောင်းမည်လာသည် ဟူ၍ အကြောင်းကိုပြန်တော်မူ၏။ ဥတိဘွားလည်း စွယ်တော်မြတ်သီတင်းသုံးတော်မူလိုသော် ပင့်တော်မူတော့ ဟူ၍ မိန့်တော်မူ၏။ အလောင်းစည်သူမင်းကြီးလည်း အထူးထူးသော ရွှေတန်ဆောင်၊ ငွေတန်ဆောင်၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်တို့ဖြင့် ပူဇော်၍ စွယ်တော်မြတ်ထားရာ ပြာသာဒ်မှာ တောင်းပန်လေ၏။ စွယ်တော်မြတ်လည်း လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး၊ လက္ခဏာတော်ငယ်ရှစ်ဆယ်၊ ရောင်ခြည်တော်ခြောက်ပါးတို့ဖြင့် တန်ဆာဆင်၍ ပရိက္ခရာရှစ်ပါးလွယ်လျက် ကောင်းကင်သို့တက်၍ စင်္ကြံကြွတော်မူလေ၏။ မင်းနှစ်ပါးလည်းများစွာသော ပူဇော်သက္ကာရတို့ဖြင့် ပူဇော်၍ တောင်းပန်တော်မူသော်လည်း စွယ်တော်မြတ်သည် ကောင်းကင်မှ မဆင်းနေလေ၏။ ဥတိဘွားက ဤသို့မိန့်၏။ ဘုရားရှင်စွယ်တော်မြတ်သည် သာသနာတော် ငါးထောင်တိုင်တိုင် ဂန္ဓာလရာဇ်တိုင်း၌ တည်ရစ်လတ္တံ့ဟူ၍ ဘုရားရှင်ဗျာဒိတ်တော်ရှိသည် အဆွေတော်ပင့်သော်လည်း သီတင်းသုံးတော်မမူချေဟူ၍ မိန့်တော်မူပြီးမှ များစွာသော လက်ဆောင်လက်နက်တို့ကို ပေးတော်မူ၏။ “မှန်နန်း (ပ၊ စာ ၃၁၁ -၁၂)
နရသီဟပတေ့မင်းလက်ထက်တွင် တရုတ်သံတော်တို့ ရောက်လာ၍ အပြန်တွင် မြန်မာ့သံတော်တို့ကို တွဲဖက်ထည့်လိုက်သည်။ ပဲ့ကျင်မြို့တော်ရှိ ဗုဒ္ဓမြတ်စွယ်တော်ကို လှူဒါန်းရန်ပစ္စည်းများနှင့် တရုတ်ဧကရာဇ်သို့ ဆက်သရန် လက်ဆောင်တော်များကို ယူဆောင်သွားသည်။ အေဒီ ၁၂၇၃ခုနှစ်တွင် တရုတ်ဧကရာဇ်စေလွှတ်သော သံတော်အဖွဲ့ကို တရုတ်သာသနာရေးဝန်ကြီးကိုယ်တိုင် ခေါင်းဆောင်ကာ ပေါက္ကံရာမသို့ ရောက်လာသည်။ သံအဖွဲ့တွင် သံငယ်သုံးဦးပါဝင်ပြီး၊ ကူဗလိုင်ခန် ဧကရာဇ်ကြီးထံမှ သံစာသယ်ဆောင်လာရာ မြန်မာသံတော်တို့ ပဲ့ကျင်နန်းတော်သို့ ရောက်ရှိ၍ ဧကရာဇ်ကြီးက လက်ခံကြောင်း သံစာတွင် ဖော်ပြထားသည်။
ရှမ်း - မြန်မာမင်းတို့အုပ်ချုပ်သော အင်းဝခေတ်တွင် သီဟိုဠ်ရှိ ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ရေးကို ဆောင်ရွက်သော မင်းနှစ်ပါးကို တွေ့ရသည်။
အင်းဝမင်းဆက်မှ ၁၂ဆက်မြောက်မင်းဖြစ်သော နရပတိ (အေဒီ ၁၄၄၃-၉၆)နှင့် သူ၏သားတော် သီဟသူရ(အေဒီ ၁၄၆၉-၈၁) တို့ဖြစ်သည်။ နရပတိကား မင်းရဲကျော်စွာ၏ ညီတော်ဖြစ်ပြီး သီဟသူရမှာ ဘုရင် ဒုတိယမင်းခေါင်၏ ခမည်းတော်ဖြစ်သည်။ အေဒီ ၁၄၅၆ခုနှစ်၌ ဘုရင်နရပတိသည် သီဟိုဠ်သို့ သံစေသည်။ သီဟိုဠ် ကန္ဒီမြို့တွင် ကိန်းဝပ်စံပယ်နေသော ဗုဒ္ဓမြတ်စွယ်တော်သို့ လှူဒါန်းရန် ရွှေငွေကျောက်သံပတ္တမြားများကို သံအဖွဲ့နှင့် ပါးလိုက်သည်။ မြတ်စွယ်တော်ကို အဖူးအမြော် လာကြသော ရဟန်းတော်တို့အား ပစ္စည်းလေးပါးထောက်ပံ့နိုင်ရန် လယ်ယာဥယျာဉ် မြေများ ၀ယ်ယူစေ၍ လှူသည်။ သီဟသူရမင်းသည် အေဒီ ၁၄၇၄နှစ်တွင် သီဟိုဠ်သို့သံစေသည်။ မိမိဦးခေါင်းနှင့် မိဖုရားခေါင်ကြီး၏ ဦးခေါင်းမှ ဆံပင်တို့ကိုဖြတ်၍ ရတနာများစီခြယ်ထားသော ရွှေလက်ကိုင်တပ် တံမြက်တော်ကိုပြုလုပ်၍ ကန္ဒီမြို့၊ ဗုဒ္ဓမြတ်စွယ်တော်ကျောင်းဆောင်တွင် တံမြက်လှည်းရန်အတွက် လှူဒါန်းသံအဖွဲ့နှင့်ပါးသည်။ ထို့အပြင် သီဟိုဠ်မင်းအတွက် တရုတ်ပိုးထည်၊ ပိုဆိုးအုပ်များနှင့် အခြားလက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်လိုက်သည်။
မွန်မင်းဆက်များထံမှ သီဟိုဠ်ရှိ ဗုဒ္ဓမြတ်စွယ်တော်အတွက် လှူဖွယ်ပစ္စည်းများလှူရန် သံတမန်များစေလွှတ်ပြီး သီဟိုဠ်မင်းနှင့် ဆက်သွယ်ကြရာ သီဟိုဠ်မင်းထံမှ ဗုဒ္ဓမြတ်စွယ်တော်ပွားများနှင့် ဓမ္မလက်ဆောင်တော်များရရှိသောကြောင့် စေတီများတွင် ဌာပနာ၍ ကိုးကွယ်ခဲ့ကြသည်ကို မြန်မာရာဇ၀င်များနှင့် ဘုရားသမိုင်းများတွင် ဖော်ပြထားသည်။ မြန်မာ့သက္ကရာဇ် ၇၅၂ ခု၊ အေဒီ ၁၃၉၀ နှစ်တွင် သီဟိုဠ်ဘုရင် ပဏ္ဍုရာမမင်းက သမီးတော် သုမုတ္တဒေ၀ီနှင့် ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူကို ဟံသာဝတီဘုရင် ရာဇဓိရာဇ် (အေဒီ ၁၃၈၅-၁၄၂၃) သို့ဆက်သသည်။ သမီးတော်ကို မိဖုရားမြှောက်ပြီး စွယ်တော်ပွားကို ရွှေမော်ဓောသမိုင်းတွင် တွေ့ရသည်။ မြန်မာသက္ကရာဇ် ၈၃၉ ခု (အေဒီ ၁၄၇၇) တော်သလင်းလပြည့်ကျော် ၁ရက်နေ့၌ ဓမ္မစေတီမင်းသည် ယင်းစွယ်တော်ပွားကို ပဲခူးကလျာဏီသိမ် အနီးရှိ ကလျာဏီစေတီ၌ ဌာပနာသည်ဟု ကထိက သီးသက်တင်က မွန်ကျောက်စာကို ကိုးကား၍ သူပြုစုသော စေတီ ၅၀ ဆူ သမိုင်းတွင် ဖော်ပြထားသည်။ မြန်မာသက္ကရာဇ် ၈၄၅ ခု(အေဒီ ၁၄၈၃) နှစ်တွင် သီဟိုဠ်ဘုရင် သံဃာရာဇာမင်းက ဓမ္မစေတီမင်းအား တိဂုမဗ္ဗ၀ိနိစ္ဆယ (ပါဠိ) ကျမ်းကို ကောင်းစွာ စီရင်နိုင်ခြင်းကြောင့် ဓမ္မစေတီမင်း၏ သံတော်ကြီး ဗရမ်းအမတ်အား ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်တစ်ဆူနှင့် မြတ်စွယ်တော်ပွား နှစ်ဆူကို ပူဇနနိယ လက်ဆောင်တော်ပေးလိုက်ကြောင်း၊ ရွှေမော်ဓောဘုရားအရှေ့ဘက်ရှိ ခမွန်ဘောကုန်း၌ စေတီတည်၍ ဌာပနာကိုးကွယ်ရာ မော်ဓောငယ်ဟုတွင်ကြောင်းကို ပဲခူးမြို့ မဟာစေတီတော်မြတ်ကြီး သမိုင်းအကျဉ်းတွင် ဖော်ပြထားသည်။
မွန်ဘုရင်မကြီး ရှင်စောပု၏ သမက်တော် ဓမ္မစေတီမင်းသည် လောက၊ ဓမ္မ၊ ရာဇ အရေးသုံးပါးတွင် လိမ္မာပြီး လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို သယ်ပိုးသော သာသနာပြုမင်းဖြစ်သည်နှင့် အညီ သီဟိုဠ် ကျွန်းသို့ သာသနာပြု ရဟန်းများနှင့် သံအဖွဲ့များ စေလွှတ်ခဲ့ကြောင်းကို ဂျီ၊ အီး၊ ဟာဗေးက သူပြုစုသော မြန်မာနိုင်ငံသမိုင်းစာအုပ်တွင် အောက်ပါအတိုင်ဖော်ပြထားသည်။
“ဓမ္မစေတီမင်း၏ မဟာစွမ်းဆောင်မူ” ကားဗုဒ္ဓသာသနာတော် ပြန်လည်ထွန်းကားရေးဖြစ်သည်။ အေဒီ ၁၄၇၅ခုနှစ်တွင် ရဟန်းတော် ၂၂ ပါး ပါဝင်သော သာသနာပြုအဖွဲ့ကို သီဟိုဠ်သို့ စေလွှတ်သည်။ ပင်လယ်ခရီးမုန်တိုင်းမိသင်္ဘောပျက်၍ အချို့အသက်ဆုံးကြသည်။ အချို့မဒရပ်ကမ်းခြေတွင် သောင်တင်ရာ၊ နိဂေပထမ်သို့ ရောက်သွားကြသည်။ အသက်ရှင်ကျန်ရစ်သော ရဟန်းတော်တို့သည် သီဟိုဠ်သို့အရောက်သွားကာ သာသနာရေးတာဝန်ကို ဆောင်ရွက်တော်မူကြသည်။
“ဗုဒ္ဓမြတ်စွယ်တော်၊ ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာနှင့် ဗောဓိညောင်ပင်များတွင် ဓမ္မစေတီမင်း လှူလိုက်သော နီလာများ စီခြယ်ထားသော ကျောက်သပိတ်၊ ရွှေနှင့် စလင်းတို့နှင့် ပြုလုပ်ထားသော ဓာတ်တော်ကြုတ်များကို ဆက်ကပ်ကြသည်။ သီဟိုဠ် ရဟန်းတော်တို့ကို သင်္ကန်းပရိက္ခရာများ၊ ဇင်းမယ်လုပ် ယွန်းကွမ်းအစစ်များကို လှူသည်။ သီဟိုဠ်မင်းသို့ ဓမ္မစေတီမင်းက ပေးလိုက်သော လက်ဆောင်တော်များဖြစ်သော ပတ္တမြား၊ နီလာ၊ တရုတ်ပိုးထည်၊ သင်ဖြူးချောများနှင့်တကွ ရွှေပြားတွင် ရေးထားသော ရာဇမဟာမိတ် သံစာကိုပေးအပ်သည်။ ရဟန်းတော်တို့၏ အဓိက ရည်ရွယ်ချက်မှာ ရှေးဟောင်း မဟာဝိဟာရ ကျောင်းကြီးရှိ သီဟိုဠ်ရဟန်းတော်တို့ထံမှ ဥပသမ္ပဒ ကံကြီးဆောင်သော နည်းစနစ်မှန်ကို နာခံရယူရန်ဖြစ်သည်။ မဟာဝိဟာရ ကျောင်းတော်ကြီးကား ဘီစီ ၂၅၁ ခုနှစ်က စတင်တည်ထောင်ခဲ့သော ကျောင်းတော်ကြီးဖြစ်ပြီး ယနေ့အထိ တည်ရှိနေသေးသည်။” (ဟာဗေး၊ စာ ၁၁၉၊ ၁၂၀)
မြန်မာသက္ကရာဇ် ၇၅၂ ခုနှစ်၌ ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်မင်းကြီးသို့ သီဟိုဠ်မင်းက သမီးတော်နှင့်အတူ စွယ်တော်ပွားတစ်ဆူကို ဆက်သခဲ့ရာ ပဲခူးရွှေမောဓော စေတီတော်မြတ်ကြီး၌ ဥမင်တူး၍ ဌာပနာတော်မူသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။