Kyaikhtiyo in Myanmar - Burma
Shwedagon in Yangon
Shwedagon Red Hall in Yangon ““မေတ္တသုတ်ပရိတ်မြန်မာလို ရွတ်ဖတ်ပူဇော်နည်း” ”














““တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ ဂုဏ်တော်ကွန်ချာ ရွတ်ပွားပုံ”
















““ဗုဒ္ဓပူဇနီယ” “ချန်းချန်း"”

















Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

Buddha FM Websites:

www.buddhafm.tv | www.buddhafm.net | www.buddhafm.info

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

The world two Nobel Icons

Welcome to Buddha FM


ဘုရား ပုံတော်

ဂါထာတော်များ

 
 

ပါဠိပါဌ်ဆင့်ဖတ်ပုံ အညွှန်း

ပါဠိပါဌ်ဆင့် စားလုံးတွေ ပါဠိစာတွေ ဖတ်ဖို့အတွက် ကိုဇော်ထက်မောင် ရေးပေးထားတာလေးကို ပြန်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။ သိသလောက်လေးပေါ့၊ လိုအပ်တာလေးတွေ ရှိရင် နားလည်ပေးစေချင်ပါတယ်။


စည်းချ ဂါထာပါဠိ

 

စည်းချ ဂါထာပါဠိ

 

၁။ သဗ္ဗေ ဗုဒ္ဓါ ဣဒ္ဓိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယာ ဣဒ္ဓိ။

 

အရဟန္တာနဉ္စ တေဖေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၂။ သဗ္ဗေ ဗုဒ္ဓါ ခေမိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယာ ခေမာ။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၃။ သဗ္ဗေ ဗုဒ္ဓါ ဇိနိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယာ ဇိနော။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၎။ သဗ္ဗေ ဗုဒ္ဓါ လာဘပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယော လာဘော။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၅။ သဗ္ဗေ ဗုဒ္ဓါ တေဇိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယော တေဇော။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၆။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၇။ သဗ္ဗေ ဗုဒ္ဓါ ယသပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယော ယသော။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၈။ သဗ္ဗေ ဗုဒ္ဓါ သိရိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ သိရီ။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၉။ သဗ္ဗေ ဗုဒ္ဓါ ဣဒ္ဓိပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယာ ဣဒ္ဓိ။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၁၀။ သဗ္ဗေ ဗုဒ္ဓါ ဈာနပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဈာနံ။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

၁၁။ သဗ္ဗေ ဗုဒ္ဓါ နိစ္စပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ နိစ္စံ။

 

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


 

အရပ်ဆယ်မျက်နှာ စည်းချဂါထာပြီး၏။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ စည်းချဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

မေတ္တာပို့ခြင်း၊ နတ်ပို့၊ အမျှဝေခြင်း

 

မေတ္တာပို့ခြင်း၊ နတ်ပို့၊ အမျှဝေခြင်း

 

(က) ဒုက္ခပတ္တာ စ နိဒ္ဒုက္ခာ၊

 

ဘယပၸတၱာ စ နိဗ ၻယာ။

 

သောကပ္ပတ္တာ စ နိေဿာကာ၊

 

ဟောန္ထု သဗ္ဗေပိ ပါဏိနော။


 

(ခ) ဧတ္တတာဝတာ စ အမှေဟိ၊

 

သမ ၻတံ ပုညသမၸဒံ။

 

သဗ္ဗေဒေ၀ါ နုမောဒန္တု၊

 

သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။


 

(ဂ) ဒါနံ ဒဒန္တု သဒ္ဓါယ၊

 

သီလံ ရက္ခန္တု သဗ္ဗဒါ။

 

ဘာဝနာ ဘိရတာ ဟောန္တု၊

 

ဂစ္ဆန္တု ဒေ၀တာ ဂတာ။


 

(ဃ) ပုည ဘာဂ မိဒံ စညံ၊

 

သမံ ဒဒါမ ကာရိတံ။

 

အနုမောဒန္တု တံ သဗ္ဗေ၊

 

မေဒိနီ ဌာတု သက္ခိဏေ။


 

မေတ္တာပို့ခြင်း၊ နတ်ပို့ခြင်း၊ အမျှအတန်းဝေခြင်း ပြီးသည့်နောက် မိမိခန္ဓာကိုယ်၊ မိမိမိသားစုများ၊ မိမိ၏ အိုးအိမ်နှင့် ခြံဝင်း ဥပစာများကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အေးချမ်းမူ ရရှိစေရန် အရပ်ဆယ်မျက်နှာကို စည်းချဂါထာဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ကာ လုံခြုံမူကို ရယူစေနိုင်ပါသည်။ အရပ်ဆယ်မျက်နှာ စည်းချရာတွင် ပထမဦးဆုံး တနင်္ဂနွေဒေါင့်မှစ၍ (အရှေ့မြောက်အရပ်ကစ၍) အစည်အတိုင်း ရွတ်ဆို စည်းချရန် ဖြစ်ပါသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ မေတ္တာပို့ခြင်း၊ နတ်ပို့၊ အမျှဝေဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

သံရှစ်ချက် ဂါထာပါဠိ

 

သံရှစ်ချက် ဂါထာပါဠိ

 

သံသာရစက္က၀ိဒ္ဓံသံ၊ သံသုဒ္ဓမဿ သြရသံ။

 

သံဆိန္နကံ ဘဝေ အာသံ၊ သံဃံအပိသုမာနသံ။


 

သံရှစ်ချက် ဂါထာတော် ရွတ်ဖတ်ခြင်း၏ အကျိုး

 

ဤ ဂါထာတော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် ကြမ်းတမ်းခက်ခဲသော ကုန်းလမ်း-ရေလမ်းများသွားလျှင် အန္တရာယ် ကင်းစေ၏။ အမှောင့် ပယောဂများ ၀င်ရောက် နှောင့်ယှက်ခြင်းမှ ကင်း၏။ သူ တစ်ထူးက မိမိကို မကောင်းသော အတတ်ပညာဖြင့် မကြံစည်နိုင်။ ကြံစည်သော် ပြူသူကို ဒဏ်ပြန်စေနိုင်သော ဂါထာတော်ဖြစ်၏။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ သံရှစ်ချက်ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

ဧကိုးချက် ဂါထာပါဠိ

 

ဧကိုးချက် ဂါထာပါဠိ

 

ဧကစိတ္တံ ၀ိစိန္တေတွာ၊ ဧကဓမ္မံ သုနိဿတိ။

 

ဧသတော ဧသမော လောကေ၊ ဧကရာဇာ ၀ိပါကဋော။

 

ဧသတိ သမ္မာသမ္ဗုဒ္ဓါနံ၊ ဧသတိ ဓမ္မမုတ္တမံ။

 

ဧသတိ မဂ္ဂမုဂ္ဂယှ၊ ဧသတိ ပနေ တေ နမော။


 

ဧကိုးချက် ဂါထာရွတ်ဖတ်ခြင်း၏ အကျိုး

 

ဤ ဂါထာတော်ကို နေ့စဉ်ရွတ်ဖတ်ခြင်းဖြင့် ဉာဏ်ပညာ တိုးပွားစေသည်။ သတိမှတ်ဉာဏ် ကောင်းစေသည်။ ပေးကမ်း ချီးမြှောက်လိုသူများနှင့် အမြဲ တွေ့ဆုံးတတ်သည်။ ကောင်းသော စကားကို အမြဲ ကြားရတတ်၏။ ကောင်းသော အိပ်မက်ကို အမြဲ မက်ရတတ်၏။ ကောင်ေးသာ လာဘ်လာဘတွေ ရွှင်လန်းစေ၏။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ ဧကိုးချက်ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

စက်ကြီး ၁၃-ပါး ဂါထာပါဠိ

 

စက်ကြီး ၁၃-ပါး ဂါထာပါဠိ

 

သြောင်း-တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။

 

တစ်ဆယ့်လေးချက် ဓမ္မစက်၊

 

တစ်ဆယ့်ရှစ်ချက် သံဃစက်။

 

လရောင်ဝင်းလျက် ရှင်ပစ္စေက ဗုဒ္ဓါ ရဟန္တာစက်။

 

မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်။

 

ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။

 

ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်။

 

မိုးကြိုးလက်နက် သိကြားစက်။

 

လောင်မီးကျလျက် နတ်တို့စက်။

 

ဘွဲ့ဖြူလက်နက် ဘီလူးစက်။

 

တောင်ဟုန်ပြင်းလျက် ဂဠုန်မင်းစက်။

 

အာခံတွင်းက ၀င်းဝင်းတောက်လျက် နဂါးစက်။

 

သုံးထောင်သင်္ချာဟေ၀န္တာ အာဏာစိုးလျက် သီဟစက်။

 

စက်ကြီး တစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက ဘေးများမြင်မူ၊

 

မကောင်းစုတို့၊ ဝေးကကြဉ်ရှောင်၊

 

အောင်စေတတ်သည်၊ မြတ်သည့်ဆရာ ပညာတည်း။

 

သြောင်း-နမော ဗုဒ္ဓါနုဘာဝေန

 

သြောင်း-နမော ဓမ္မာနုဘာဝေန

 

သြောင်း-နမော သံဃာ နုဘာဝေန

 

သြောင်း-ဒူရေ-ဒူရေ၊ သွား ဟုံ ဟုံ။


 

စက်ကြီး ၁၃-ပါး ဂါထာမန္တန်တော်ရွတ်ဆိုခြင်း၏ အကျိုး

 

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေ မင်္ဂလာ တိုးတက် ပွားများစေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။ ထို့ပြင် အမိအဘ၊ ဆရာသမားစသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။


 

ဤဂါထာ မန္တန်တော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားရာလာရာ၌ အထူးသတိပြုကာ တလေးတစားရွတ်ဆို ပွားများသင့်ပါသည်။ ယင်း ဂါထာ မန္တန်တော်ကို ရွတ်ဖတ် ပွားများသင့်ပါသည်။ ယင်း ဂါထာ မန္တန်တော်ကို ရွတ်ဖတ် ပွားများပြီးသောအခါ မိမိ ကိုယ်စောင့်နတ် အပါအ၀င် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခုကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြပါလိမ့်မည်။ သူတော်ကောင်း နတ်ကောင်းမဆိုသည့် သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ စက်ကြီး ၁၃-ချက်ဂါထာမန္တန်တော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

 

သိကြားသက်စောင့် ဂါထာပါဠိ

 

သိကြားသက်စောင့် ဂါထာပါဠိ

 

ဝေဒါသာကု-ကုသာဒါဝေ၊ ဒါယသာဒ-ဒသာယဒါ။

 

သာသာဒိကု-ကုဒိသာသာ၊ ကုဒကုဘု-ဘုကု ဒကု။


 

သိကြားသက်တော်စောင့် ဂါထာမန္တန်တော်ရွတ်ဆိုရခြင်း၏ အကျိုး

 

ဤ ဂါထာတော်ကို ရွတ်ဆိုပွားများပါက အသက်ရှည်ခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်းစသော ကောင်းကျိုးများ ရရှိစေနိုင်ပါသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ သိကြားသက်စောင့် ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

ဝရုဏရန်နှင် ဂါထာပါဠိ

 

ဝရုဏရန်နှင် ဂါထာပါဠိ

 

နမေ နောမ-မနော မေန

 

မေတုံ မောတံ - တံမော တုံမေ

 

နောမော ကာမ-မကာ မောနော

 

မတံ မဂ္ဂ-ဂ္ဂမ တံမ။


 

ဝရုဏနတ်မင်းကြီး၏ ရန်နှင်ဂါထာ မန္တန်တော် ရွတ်ဆိုခြင်း၏အကျိုး

 

ဤ ဂါထာတော်ကို ရွတ်ဆိုသူသည် ရန်အပေါင်းကို အောင်နိုင်ပါသည်။ မိမိလုပ်ငန်းဆောင်တာ အ၀၀ အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးအတွက် ဘေးရန် အနှောက်အယှက် ကင်းဝေးဖို့လိုပါသည်။ ထို့ကြောင့် ဘေးရန် အနှောင့်အယှက် ကင်းဝေးသဖြင့် မိမိလုပ်ငန်း ကိုင်ငန်း ချောမော အောင်မြင်ရေးအတွက် ဤ ဂါထာမန္တန်တော်ကို စွဲမြဲစွာ ရွတ်ဖတ်ရန် ဖြစ်ပါသည်။်


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ ၀ရုဏာရန်နှင် ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

ပဇာပတိစစ်ထွက်ဂါထာပါဠိ

 

ပဇာပတိစစ်ထွက်ဂါထာပါဠိ

 

ဒေ၀ါကာနိ-နိကာဝါဒေ၊

 

ဝါဟိကာသု-သုကာဟိဝါ။

 

ကာကာရေဘ-ဘရေကာကာ၊

 

နိသုဘယံ-ယံဘသုနိ။


 

ပဇာပတိနတ်မင်းကြီး စစ်ထွက်ဂါထာမန္တန်တော် ရွတ်ဆိုခြင်း၏အကျိုး

 

ဤဂါထာ မန္တန်တော်ကို ရွတ်ဆိုပွားများခြင်းဖြင့် အောင်မြင်မူ အဖြားဖြာကို ရရှိစေနိုင်ပါသည်။ အထူးသဖြင့် ရန်သူနှင့် ရင်ဆိုင်ရာတွင် အောင်မြင်မူ ရစေနိုင်ပါသည်။ ယုံယုံကြည်ကြည် ရွတ်ဖတ် ပွားများကြရန် ဖြစ်ပါသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ ပဇာပတိစစ်ထွက် ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

ဤ သာ န ရန်အောင်ဂါထာပါဠိ

 

ဤ သာ န ရန်အောင်ဂါထာပါဠိ

 

တေသေဘာန- နဘာသေတော၊

 

သေနမာန- နာမာနသေ။

 

တံမာမတေ- တေမမာတံ၊

 

န နတေဟိ- ဟိတေနန။


 

ဤ သာ န ရန်အောင်ဂါထာမန္တန်တော် ရွတ်ဆိုရခြင်း၏အကျိုး

 

ဤဂါထာ မန္တန်တော်သည် ဤ သာ န နတ်မင်းကြီး၏ ရန်အောင် ဂါထာမန္တန်တော်ဖြစ်ပါသည်။ ဤဂါထာမန္တန်တော် ရွတ်ဖတ်ပွားများသူ အနေဖြင့် ရန်အပေါင်းအောင်မြင်မည်ဖြစ်ပါသည်။ ယုံယုံကြည်ကြည် ဖြင့် ရွတ်ပါလေ။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ ဤ သာ န ရန်အောင် ဂါထာမန္တန်တော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

နှစ်ကျိပ်ရှစ်ဆူဂါထာ အကျဉ်းပါဠိ

 

နှစ်ကျိပ်ရှစ်ဆူဂါထာ အကျဉ်းပါဠိ

 

အဋ္ဌ၀ီသတိ မေ ဗုဒ္ဓါ၊ ဘဂ၀န္တော အရဟန္တော။

 

အနန္တပုညာ, အနန္တဂုဏာ, အနန္တဉာဏာ, အနန္တတေဇာ,

 

အနန္တ ဣဒ္ဓိမန္တာ, အနန္တဇုတိမန္တာ,

 

နမော တေသံ အဋ္ဌ၀ီသတိ နံ ဗုဒ္ဓါနံ၊

 

ဘဂ၀န္တာနံ အရဟန္တာနံ သမ္မာသမ္ဗုဒ္ဓါနံ။


 

နှစ်ကျိပ်ရှစ်ဆူဂါထာ ရွတ်ဖတ်ခြင်း၏ အကျိုး

 

ဤဂါထာတော်ကို နေ့စဉ်မပြတ်ရွတ်ဖတ်သော် ဘေးရန် အန္တရာယ် ကင်းရှင်း၍ စိတ်ချမ်းသာ-ကိုယ်ကျန်းမာ ဖြစ်စေနိုင်ပါသည်။ စီးပွား လာဘ်လာဘလည်း တိုးတက်စေပါသည်။ နာမည်သတင်း ကျော်စောခြင်းလည်း ဖြစ်စေနိုင်ပါသည်။ ယုံယုံကြည်ကြည် ရွတ်ဖတ် ပွားများအားထုတ်ကြရန် တိုက်တွန်းအပ်ပါသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ နှစ်ကျိပ်ရှစ်ဆူ ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

ဘေးလွတ်ရန်ကွာ ဂါထာပါဠိ

 

ဘေးလွတ်ရန်ကွာ ဂါထာပါဠိ

 

အဂ္ဂေါဗုဒ္ဓေါ အဂ္ဂေါဓမ္မော၊

 

အဂ္ဂေါသံဃော အနုတ္တရော။

 

အဂ္ဂေါ စ ၀ိပါကော ဟောတိ၊

 

ယံ ယံ ဣစ ၦာ သမိဇၥ်တု။


 

ဘေးရန်ကင်းကွာ ကောင်းကျိုးဖြာ ဂါထာတော် ရွတ်ဆိုခြင်း၏ အကျိုး

 

ဤ ဂါထာတော်သည် ရတနာသုံးပါးအား အတုမရှိ အမြတ်ဆုံး ဖြစ်ကြောင်း ရွတ်ဆိုပွားများ အောက်မေ့အပ်သော ဂါထာတော်ဖြစ်သည်။ ယင်းသို့ ရတနာသုံးပါးအား အတုမရှိ အမြတ်ဆုံးဟု ရွတ်ဆို ပွားများ အောက်မေ့ခြင်းကြောင့် ဘေးအန္တရာယ်ကင်းရှင်း၍ မြင့်မြတ်သော အကျိုးထူးတို့ ရရှိဖြစ်ထွန်း စေနိုင်ပါသည်။ ထို့ကြောင့် ဤဂါထာတော်ကို တလေးတစား ရွတ်ဆို ပွားများသင့်ကြပေသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ ဘေးလွတ်ရန်ကွာ ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

အောင်ခြင်းရှစ်ပါးအချုပ် ဂါထာပါဠိ

 

အောင်ခြင်းရှစ်ပါးအချုပ် ဂါထာပါဠိ

 

၁။ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။

 

နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။


 

၂။ မာရံ အာဠာဝကံ ဟတ္ထိ၊ အင်္ဂုလိမာလ စိဉ္စမော။

 

ကုဍန္တံ နာဂရာဇဉ္စ၊ ဗကံ အဇိနိ တေဇသာ။


 

အောင်းခြင်းရှစ်ပါးအချုပ် ဂါထာတော်များကို ရွတ်ဆိုရခြင်း၏ အကျိုး

 

ယင်း ဂါထာ နှစ်ပုဒ်မှာ အောင်ခြင်းရှစ်ပါးကို ဖွဲ့ဆိုကာ ဘုရားရှင်၏ ဂုဏ်တော်များကို ရှိခိုး အောက်မေ့သော ဂါထာများ ဖြစ်သည်။ အဓိပ္ပာယ်မှာတော့ အတူတူပင် ဖြစ်သည်။


 

ယင်းဂါထာနှစ်ပုဒ်ကို ဘားမဲ့ဆရာတော် ချီးမြှင့် ပေးသနားတော်မူ၍ ညောင်ရမ်းမင်းသားသည် နေ့စဉ်မပြတ် ရွတ်ဖတ်ခဲ့သည်ဆိုပါ၏။ ညောင်ရမ်းမင်းသားသည် ရာဇ၀င်၌ ထင်ရှားခဲ့ရခြင်းမှာ ဤဂါထာနှစ်ပုဒ်၏ ပံ့ပိုးပေးမူများလည်း ပါဝင်ခဲ့ကြောင်း သမိုင်းစာပေ မှတ်တမ်းများက ဆိုသည်။


 

သို့ဖြစ်ရာ ဘ၀၏ အထွေထွေသော အောင်မြင်မူတို့ကို ရယူလိုသူများ၊ ခက်အခဲကို အောင်မြင်လိုသူများသည် ဤဂါထာ နှစ်ပုဒ်ကို အမြဲမပြတ် ရွတ်ဖတ်ကာ အောင်ပန်းကို လှမ်းဆွတ်ကြရန် ဖြစ်ပါသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ အောင်ခြင်းရှစ်ပါးအချုပ် ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

နမောတေ ဂါထာပါဠိ

 

နမောတေ ဂါထာပါဠိ

 

နမော တေ ဗုဒ္ဓ၀ီရတ္ထု၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ။

 

သမ္ဗာဓပ္ပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘ၀။


 

နမော တေ ဂါထာတော် ရွတ်ဆိုရခြင်း၏အကျိုး

 

ဤ နမောတေ အစချီသော ဂါထာတော်မှာ ဘုရားဟော ဂါထာတော် ဖြစ်သည်။ ဘုရားတိုင် ဂါထာတော်လည်း ဖြစ်သည်။ ယင်းဂါထာတော်ကို ရွတ်ဖတ်ခြင်းအားဖြင့် စီးပွားရေး အကြပ်အတည်း မကောင်းသော အနှောင်အဖွဲ့ စသည်တို့မှ လွတ်မြောက်နိုင်ပါသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ နမောတေ ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

ကျစွာမင်းကြီး ဂါထာပါဠိ

 
 

ကျစွာမင်းကြီး ဂါထာပါဠိ

 

၁။ စုဒ္ဒသ ဗုဒ္ဓဉာဏဉ္စ၊ အဋ္ဌာရသ အာဝေဏိကံ။

 

ပူဇေ ဒသဗလံ ဉာဏံ၊ စတုဝေသာရဇ္ဇ မုတ္တမံ။


 

၂။ ၀ိသုဒ္ဓ ကရုဏာ ဉာဏံ၊ ဗုဒ္ဓံ သမ္ဗုဒ္ဓ ပူဇိတံ။

 

ဓမၼံ သဒၶမၼ သမ ၻဴတံ၊ နိတြာ သံဃံ နိရဂၤဏံ။


 

၃။ ဥပေမိ ဗုဒ္ဓ သရဏံ၊ ဓမ္မဉ္စာပိ အနုတ္တရံ။

 

သံဃဥၥ နရေဒေ၀ဟီ၊ ဂစ ၦာမိ သရဏံ အဟံ။


 

ကျစွာမင်းကြီး လက်သုံးဂါထာတော် သုံးပုဒ်ရွတ်ဆိုခြင်း၏အကျိုး

 

အထက်၌ ဖော်ပြခဲ့သည့် ဂါထာသုံးပုဒ်မှာ မြန်မာရာဇ၀င်တွင် ထင်ရှားခဲ့သော ကျစွာမင်းကြီး လက်စွဲဂါထာတော်များ ဖြစ်ကြောင်း သိရသည်။ ကျစွာမင်းကြီးသည် ယင်းဂါထာတော်များကို အမြဲမပြတ် ရွတ်ဖတ်ကာ ရတနာသုးပါးအား ပူဇော် အောက်မေ့လေ့ရှိသောကြောင့် ဘေးရန် ကင်းခြင်း၊ လာဘများရရှိခြင်း စသော ကောင်းကျိုးချမ်းသာ မင်္ဂလာတို့ကို ကျစွာမင်းကြီး၌ ခံစားရရှိကြောင်း ကျမ်းဆရာများ အဆိုအမိန့် ရှိခဲ့ပါသည်။ ယုံယုံ ကြည်ကြည် လေးလေးစားစားဖြင့် ရွတ်ဖတ် ပွားများကြရာသတည်း။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ ကျစွာမင်းကြီး ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

သစ္စာပန္နက်-အောင်ရှစ်ချက် ဂါထာပါဠိ

သစ္စာပန္နက်-အောင်ရှစ်ချက် ဂါထာပါဠိ

 

ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။

 

ဇယာပေသိ ဇယေသိနံ၊ ဇယံ ဒေတု ဇုတ္တရော။


 

သစ္စာပန္နက်-အောင်ရှစ်ချက်ဂါထာတော် ရွတ်ဖတ်ရခြင်း၏အကျိုး

 

ဤဂါထာတော်သည် မြတ်စွာဘုရားရှင်၏ အောင်မြင်ခြင်းအကြောင်းကို အခြေခံ၍ “ဇယ-အောင်မြင်ခြင်း” ဟူသော စကားကို ရှစ်ကြိမ် ပါရှိအောင် ဆန်းဂိုဏ်းနှင့်ညီစွာ ရှေးပညာရှိတို့ ရေးဖွဲ့သီကုံးခဲ့သော ဂါထာ ဖြစ်ပါသည်။


 

ဤဂါထာကို နံနက်အိပ်ရာထ၌ ရှစ်ကြိမ်ရွတ်၍ ညအိပ်ရာဝင်ကာနီး၌ ရှစ်ကြိမ်ရွတ်ဖတ်ရန်ဖြစ်သည်။ ဤ ဂါထာကို ရွတ်ခြင်းဖြင့် လုပ်ငန်းဆောင်တာ အ၀၀အတွက် အောင်မြင်မူ အ၀၀ကို ရရှိစေနိုင်သည်။


 

ဤဂါထာကို အိပ်ရာဝင် အိပ်ရာထ၌ သာမကဘဲ မိမိ ကြိုက်နှစ်သက်ရာ အချိန်များ၌လည်း ရွတ်ဖတ်နိုင်ပါသည်။ အစဉ်အမြဲ နေ့ညမပြတ် ရွတ်ဖတ်လျှင် ပို၍ ကောင်းပါသည်။

 

 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ သစ္စာပန္နက်-အောင်ရှစ်ချက်ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

တ-သ-ဉ-ခ ဂါထာတော်ပါဠိ

 

တ-သ-ဉ-ခ ဂါထာတော်ပါဠိ

 

တရိ တဗ္ဗ တရော နာထော။

 

သမေတိ သရဏံ ဂတော။

 

ဉေ ယျဓမ္မသု ညာဏိကော၊

 

ခေမံသု ဒေတု မေ ဇိနော။


 

တ-သ-ဉ-ခ ဂါထာတော်ရွတ်ဖတ်ခြင်း၏ အကျိုး

 

၎င်းဂါထာကို နေ့ညမပြတ် ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် သမာဓိအား ကောင်းခြင်း၊ စိတ်အားငယ်မူ-ကြောက်ရွံ့မူများ ပြေပျောက်စခြင်း၊ မကောင်းမူ ဒုစရိုက်သမားများနှင့် မတွေ့မဆုံရ လွဲဖယ်စေခြင်း၊ သူတော်ကောင်းတို့နှင့် တွေ့ရခြင်း အကျိုးများကို ရရှိစေနိုင်ပါသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ တ-သ-ဉ-ခဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။

ဣစ ၦေႏၱာဂါထာပါဠိ

 

ဣစ ၦေႏ ၱာဂါထာပါဠိ

 

ဣစ ၦေႏ ၱာ သာသပ ဂေဗ ၻ၊ စကၤမတိ ဣေတာ စိေတာ။

 

ဣစ ၦေႏ ၦာ စကၠ၀ါဠမၸိ၊ အတၱဘာေ၀န သာဒယိ။


 

ဣစ ၦေႏ္တာဂါထာရွတ်ဖတ်ခြင်း၏ အကျိုး

 

၎င်း ဣစ္ဆန္တောဂါထာကို နေ့စဉ်မပြတ် ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် မိမိအား မကောင်းကြံသူတို့ဘေးမှ ကင်းဝေး သည်။ အိမ်နှင့်တကွ ၀င်းခြံကို လုံခြုံစေသည်၊ မီးဘေး ရောဂါ ဘေးနှင့် မကောင်းသော အိပ်မက်-တိတ်ဆို-နိမိတ်ဆိုးများကို ပြေပျောက်စေသည်။ ရန်သူများက မိမိကို ရှာဖွေ မတွေ့အောင်ပင် လုံခြုံသော အကာအကွယ်မျိုးကို ရရှိစေနိုင်ပါသည်။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ ဣစ္ဆန္တောဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

နမောငါးချက် ဂါထာပါဠိ

 

နမောငါးချက် ဂါထာပါဠိ

 

၁။ နမော တဿ


 

၂။ နမော ဘဂ၀တော


 

၃။ နမော အရဟတော


 

၎။ နမော သမ္မာသမ္ဗုဒ္ဓဿ


 

၅။ နမော တဿ ဘဂ၀တော

 

အရဟတော သမ္မာသမ္ဗုဒ္ဓဿ။


 

နမောငါးချက်ဂါထာရွတ်ဖတ်ခြင်း၏ အကျိုး

 

ဤ နမောငါးချက်ဂါထာကို နေ့စဉ်မပြတ်ရွတ်ဖတ်ခြင်း၏ အကျိုးသွား ငါးပါးတို့မှာ -


 

(က) နမော ငါးချက် ဘေးရန်ထွက်


 

(ခ) နမော ငါးချက် စီးပွားတက်


 

(ဂ) နမော ငါးချက် မဂ်ဉာဏ်တက်


 

(ဃ) နမော တဿ ဆောင်

 

အိုအောင် မဆင်းရဲ နိဗ္ဗာန်နှင့် မလွဲ


 

(င) နိဗ္ဗာန်အစ နမော တဿ က။


 
 

မှတ်ချက်။ ။အထက်ဖော်ပြပါ နမောငါးချက်ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


 

http://tawthumalay.blogspot.com/2010/08/blog-post_9354.html

Today, there have been 27 visitors (37 hits) on this page!
   
 
Welcome This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free